ယနေ့ ရွှေဈေး (မတ် – ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထားဝယ်နဲ့ သရက်ချောင်းက စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေ

  မတ် ၁၀ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်း၊ ထား၀ယ်နဲ့ သရက်ချောင်း မြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ ထား၀ယ်မြို့နယ်မှာ ၁၅၀၀ ဝန်းကျင်၊ သရက်ချောင်းမြို့နယ်မှာ ၂၀၀၀ ဝန်းကျင်ရှိကာ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် အမိုးအကာ မလုံခြုံမှုတွေနဲ့လည်း ကြုံတွေ့နေရသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။ “လက်ရှိမှာ စစ်ရှောင်တွေ လိုအပ်နေတဲ့ အကူအညီတွေကို လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းတာကြောင့် ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက် ပေးနိုင်တာမျိုး မရှိသေးဘူး။ စစ်ဘေးရှောင်နေရတော့ သူတို့တွေအနေနဲ့ ဘာစီးပွားရေးမှလည်း လုပ်လို့မရဘူးဖြစ်နေတယ်။ အလှူရှင်တွေအများကြီးလည်း လိုအပ်နေပါသေးတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။ အခု မတ်လအတွင်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသနဲ့…

Read More

နိုင်ငံတော်သံဃ မဟာနာယက ဥက္ကဋ္ဌအဖြစ် သန်လျင် မင်းကျောင်းဆရာတော်ကြီးကို ရွေးချယ်တင်မြှောက်

  မတ် ၁၀ – ၂၀၂၄ SN (VOM) ပဉ္စမမြောက် နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌအဖြစ် သက်တော် (၇၇)နှစ်အရွယ်ရှိ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသကို ရွေးချယ် တင်မြှောက်ခဲ့တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်အဖွဲ့ အစည်းအဝေးမှာ ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူပြီးနောက် လစ်လပ်နေတဲ့ ဥက္ကဋ္ဌနေရာမှာ သန်လျင်မင်းကျောင်း ဆရာတော်ကြီးကို ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို မတ် ၈ ရက်မှ စတင်ကာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၆၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၉၀ ကျပ် ဝယ်ဈေး – ၂၆၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၂၄ ကျပ် ဝယ်ဈေး – ၃၈၄၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၀၄ ကျပ် ဝယ်ဈေး – ၁၀၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၉ ကျပ် ဝယ်ဈေး – ၇၆၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဟူသီတို့ရဲ့ မောင်းသူမဲ့လေယာဉ် ၂၈ စင်းကို အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ ပစ်ချ

ဝါရှင်တန်၊ မတ်-၁၀-၂၀၂၄ မျိုးဆက်(VOM) ယီမင်ကမ်းလွန်မှာ သင်္ဘောတွေကို တိုက်ခိုက်မှုပြုလုပ်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကို ဆက်တိုက်ချေမှုန်းခဲ့ကြောင်း အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် စစ်တပ်တို့က ပြောပါတယ်။ ဒီလို တန်ပြန်ခြေမှုန်းရာမှာ ဟူသီတို့ဘက်က မောင်းသူမဲ့ လေယာဉ် ၂၈ စင်းထက်မနည်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ဟူသီတွေဟာ ပင်လယ်နီမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောနဲ့ အမေရိကန်ဖျက်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဟူသီတို့ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ် စစ်သင်္ဘောပေါ်ကနေ ဒုံးကျည်တွေနဲ့ ကြားဖြတ်ပစ်ချခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သင်္ဘောတွေပျက်စီးမှုနဲ့ ကုန်တင်သင်္ဘောတွေ ပျက်စီးထိခိုက်မှုမရှိခဲ့ကြောင်း အမေရိကန်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဟားမတ်စ်နဲ့ အစ္စရေးတို့အဖြစ် ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲမှာ ဟားမတ်စ်တွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဟူသီတို့ဟာ ပင်လယ်နီရှိ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာသေးမီသီတင်းပတ်က…

Read More

This Day In History

Voice of Myanmar ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာ အဓိပတိဖြစ်လာပြီးနောက်များမကြာမီ ပထမဆုံးသော ချွေးတပ်စခန်းကို Dachau ၌ ၁၉၃၃ ခုနှစ် မတ် ၁၀ ရက်က ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ရောဂါ၊ အာဟာရချို့တဲ့မှု၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုနှင့် ကွပ်မျက်မှုများကြောင့် လူပေါင်း သုံးသောင်းနှစ်ထောင်ခန့် သေဆုံးခဲ့သည်။

Read More

ယနေ့ ရွှေဈေး (မတ် – ၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၀၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၈၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW