ဖားကန့် တာမခန်ရွာက နေအိမ်တွေ တိုက်ပွဲကြောင့် ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွား

 

မတ် ၁၀၊ ၂၀၂၄

Shy V (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါး ကျေးရွာ အုပ်စု၊ တာမခန်ရွာက နေအိမ်တွေ နစက စစ်တပ်နဲ့ KIA ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ တွေအကြား တိုက်ပွဲကြောင့် ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“လောင်သွားတဲ့ အိမ်တွေက ၇၀ ရာခိုင်နှုန်းလောက်တော့ လောင်ပြီ။ အများစု ပေါ့။ ၇၀ ရာခိုင်နှုန်းလောက်တော့ သွားပြီ။ တိုက်ပွဲတွေကြောင့်” လို့ ဒေသခံအမျိုးသား တယောက်က ပြောပါတယ်။

ဒေသခံတွေဟာ ကိုယ်လွတ် ထွက်ပြေးလာတာကြောင့် ဘာမှ မယူနိုင်ခဲ့ကြဘူးလို့ ဒေသခံတွေကပြောပါတယ်။ အကုန်ပျက်စီး ကုန်တာကြောင့် လကိရှိမှာ တိုက်ပွဲမ ဖြစ်တော့ ပေမယ့် ပြန်စရာ အိမ်တောင် မရှိတော့ဘူး လို့ဆိုပါတယ်။

“စစ်ရှောင်တွေက အခု ပြန်လာလို့မရသေးဘူး။ စစ်ရှောင်တွေက မိုးညင်း၊ မိုးကောင်း ဝန်းကျင်ဘက်၊ ဝှေခါ၊ ဆိုင်းတောင်၊ မိုးညင်း၊ ဟိုပင်၊ ဖားကန့် ‌တွေဘက် နီးစပ်ရာ နီးစပ်ကြောင်းပေါ့။ တချို့က ဆယ်ဇင်းဘက်။ ကိုယ်သိသလို ရှောင်ကြတာ။ တာမခန် အနီး ဝန်းကျင်၊မဟုတ်ရင်လည်း ဥရုချောင်း အနောက်ဘက်၊ ဥရုချောင်းတော့ ဖြတ်ရတယ်။ စစ်ရှောင် စခန်းလိုမျိုးတော့ မရှိထားဘူး။ တောဘက် ‌တွေ ပြေးသွားတာတွေလည်း ရှိတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

တချို့ နီးစပ်ရာ အသိဆွေမျိုးတွေဆီ ရှောင်တိမ်းတဲ့ စစ်ရှောင် အရေအတွက်ကို မသိရပေမယ့် ဆယ်ဇင်းဘက်က ရွှေတောင်ကျော်ရွာရှိ အလယ်တန်းကျောင်းမှာ စစ်ရှောင် ပြည်သူ ၁၀၅၈ ယောက်၊ ကွန်ဟယ် အလယ်တန်းကျောင်းမှာလည်း စစ်ရှောင် ၃၁၅ ယောက် ရှိကာ နေစရာ၊ အစား အသောက်၊ ဆေးဝါး တွေ ခက်ခဲ နေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစ မတ်လ ၆ ရက်နေ့အထိ တာမခန်မှာ စစ်တပ်နဲ့ KIA နဲ့ ပူးပေါင်း တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကာ ယမန်နေ့အထိ နှစ်ဖက် စစ်ရေး အခြေအနေတင်းမာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd# CJ

 

Related posts

Leave a Comment

VOM News

FREE
VIEW