တရုတ်နိုင်ငံ ဟီဘေးပြည်နယ်မှာ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် နှစ်ယောက်သေပြီး ၂၆ ယောက်ဒဏ်ရာရ

ပေကျင်း၊ မတ်-၁၄-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်ရှိ စားသောက်ဆိုင်တဆိုင်မှာ ဓါတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၂၆ ယောက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူများကပြောသည်။

ပေါက်ကွဲမှုဟာ မတ် ၁၃ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီက မြို့တော်ပေကျင်းမှ မိုင် ၃၀ အကွာ လန်ဖန်ခရိုင်မှာရှိတဲ့ လူစည်ကားရာ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့တဲ့ လေးထပ်အဆောက်အအုံဟာ ပြိုကျသွားခဲ့ပါတယ်။

ဖြစ်စဉ်အတွင်း အနီးနားရှိ မော်တော်ယာဉ်တွေလည်း မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်သမား ၁၅၀ ကျော်က မီးသတ်ယာဉ် ၃၆ စင်းနဲ့ သုံးနာရီကြာ ငြှိမ်းသတ်မှုအပြီးမှာတော့ မီးငြိမ်းသွားခဲ့ပါတယ်။

အဲဒီဆိုင်ဟာ ကြက်ကြော်ရောင်းတဲ့ဆိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို တာဝန်ရှိသူတွေက ဆေးရုံးပို့ပေးထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုစည်းမျဉ်းတွေ လိုက်နာမှုအားနည်းတာကြောင့် လူသေဆုံးစေတဲ့ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့တဲ့လကတည်း နန်ကျင်းမြို့ရှိ လူနေအဆောက်အအုံတခု မီးလောင်မှုကြောင့် လူ ၁၅ ယောက်သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာရရှိခဲ့သည်။

Ref: NHK
Photo:China Daily

Related posts

Leave a Comment

VOM News

FREE
VIEW