အမေရိကန်မှာ TikTok ကိုပိတ်ပင်မယ့် ဥပဒေကြမ်း အောက်လွှတ်တော်အတည်ပြု

  ဝါရှင်တန်၊ မတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်မှာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် TikTok ကို တားမြစ်ပိတ်ပင်မယ့် အထင်ကရ ဥပဒေကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ TikTok ကို တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကပိုင်ဆိုင်တာဖြစ်ပြီး ပိတ်ပင်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် အထက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်ပါတယ်။ တကယ်လို့ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပြီး ဒီကိစ္စဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ TikTok ဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုရှိနိုင်ခြေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ ရုပ်သံအတိုတွေ မျှဝေတဲ့ TikTok ကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး အမေရိကန်မှာတော့ သုံးစွဲသူ သန်း ၁၇၀ ကျော်ထိရှိနေပါတယ်။ TikTok ကို…

Read More

ဝိုင်းမော် တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ရှောင် နှစ်ထောင်ကျော်ကို ကယ်ထုတ်နိုင်ခဲ့

  မတ် ၁၄ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း တပတ်နီးပါး ပိတ်မိနေတဲ့ စစ်ရှောင် နှစ်ထောင်ကျော်ကို မနေ့ မတ်လ ၁၃ ရက်၊ မနက်ပိုင်းမှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဝိုင်းမော်မြို့၊ မြစ်ကြီးနား− ဗန်းမော်လမ်းပိုင်းက အောင်မြေ (၁)၊ အောင်မြေ (၂) နဲ့ ရွှေညောင်ပင်ကျေးရွာတို့မှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို KIA ပူးပေါင်းတပ်နဲ့ ကချင်ပြည်နယ် တိုင်းမှူးတို့ရဲ့ ခွင့်ပြုချက်နဲ့ ကားကြီး၊ ကားငယ် ၁၂၀ ကျော်နဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)…

Read More

တင့်ကားသစ်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြုလုပ်

  ပြုံးယမ်း၊ မတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တင့်ကားအမျိုးအစားသစ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ ပင်မတိုက်ပွဲဝင် တင့်ကားအမျိုးအစားတွေဟာ စစ်ရေးပြပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်ကို အောင်မြင်စွာပြသနိုင်ခဲ့တဲ့ အတွက် အလွန်ကျေနပ်မိကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ လေ့ကျင့်မှုဟာ တင့်ကားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးဖို့နဲ့ မတူညီတဲ့ နည်းဗျူဟာ မစ်ရှင်တွေမှာ တိုက်ခိုက်ရေးအခြေအနေတွေနဲ့ အကျွမ်းတဝင်ရှိစေဖို့ ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနကဆိုပါတယ်။ ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးနဲ့အတူ တက်ရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး တင့်ကားတစင်းကို ကိုယ်တိုင်မောင်းနှင်ခဲ့ကာ ဒီလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လွတ်မြောက်ခြင်းဒိုင်းအမည်ရတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မတ် ၁၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ်…

Read More

မုံရွာမှာ မြို့နယ် လဝက ဦးစီးမှူးကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဖမ်းခေါ်သွား

  မတ် ၊ ၁၄ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ဦးစီးမှူးဖြစ်သူဟာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF. အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေထိုင်တဲ့ မြို့နယ် လဝကမှူး ဦးအောင်မိုးဝင်းဆိုသူကို သူ့ရဲ့နေအိမ်မှာ ဒီမနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေလာပြီး ဖမ်းခေါ်သွားတယ် ၊ အခုထိတော့ အဆက်သွယ် မရသေးဘူး ” လို့ မြို့နယ် လဝက ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၁၄ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၅၅ ကျပ် ဝယ်ဈေး – ၃၆၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၁၀ ကျပ် ဝယ်ဈေး – ၂၄၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၄၄ ကျပ် ဝယ်ဈေး – ၃၈၆၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၂.၅၆ ကျပ် ဝယ်ဈေး – ၁၀၀.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၃ ကျပ် ဝယ်ဈေး – ၇၇၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၇ ကျပ် ဝယ်ဈေး – ၄၈၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၁၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၇၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၀၅၀၀၀ ကျပ် ဝယ်ဈေး ၄၀၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ချင်းရွှေဟော် နယ်စပ်ဂိတ် ပြန်ဖွင့်

မတ် ၁၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်ရှိ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို မတ်လ ၁၁ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA) က ပြန်လည် ဖွင်လှစ်ပြီ ဖြစ်ကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “ချင်း‌ရွှေဟော်က ဟုတ်တယ်။ အစိုးရ ဌာန မရှိဘူးလေ။ (MNDAA) သူတို့ ကိုယ့်ဟာကိုယ် ဖွင့်တာ။” လို့ နယ်စပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရတဲ့ မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်နဲ့ ဝမ်တိန်ဂိတ်တွေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၅ နှစ်မြောက်…

Read More

တရုတ်နိုင်ငံ ဟီဘေးပြည်နယ်မှာ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုကြောင့် နှစ်ယောက်သေပြီး ၂၆ ယောက်ဒဏ်ရာရ

ပေကျင်း၊ မတ်-၁၄-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ်ရှိ စားသောက်ဆိုင်တဆိုင်မှာ ဓါတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၂၆ ယောက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူများကပြောသည်။ ပေါက်ကွဲမှုဟာ မတ် ၁၃ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီက မြို့တော်ပေကျင်းမှ မိုင် ၃၀ အကွာ လန်ဖန်ခရိုင်မှာရှိတဲ့ လူစည်ကားရာ နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့တဲ့ လေးထပ်အဆောက်အအုံဟာ ပြိုကျသွားခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း အနီးနားရှိ မော်တော်ယာဉ်တွေလည်း မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်သမား ၁၅၀ ကျော်က မီးသတ်ယာဉ် ၃၆ စင်းနဲ့ သုံးနာရီကြာ ငြှိမ်းသတ်မှုအပြီးမှာတော့ မီးငြိမ်းသွားခဲ့ပါတယ်။ အဲဒီဆိုင်ဟာ ကြက်ကြော်ရောင်းတဲ့ဆိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို တာဝန်ရှိသူတွေက ဆေးရုံးပို့ပေးထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုစည်းမျဉ်းတွေ လိုက်နာမှုအားနည်းတာကြောင့် လူသေဆုံးစေတဲ့ မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး…

Read More

This Day in History

x Voice of Myanmar ရုရှားသမ္မတ ဘောရစ်ယက်ဆင် ရာထူးမှနှုတ်ထွက်ပြီးနောက် ၁၉၉၉ ခုနှစ်တွင် သမ္မတဖြစ်လာသော ရုရှားထောက်လှမ်းရေးအရာရှိနှင့် နိုင်ငံရေးသမားဖြစ်သူ ဗလာဒီမာပူတင်သည် ၂၀၀၄ ခုနှစ် မတ် ၁၄ ရက်တွင် သမ္မတဒုတိယသက်တမ်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

Read More

ရွေတညာ..၊ နီတျာတျာနှင့် ဆီမီးဆင်ဖိုနီ

      ဆူးငှက်         (၁)   နီတျာတျာ၊   ရှေးစာ … ရာမလေးလို၊ သန္တာသွေးနဲ့ နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ် တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့ စကြဝဠာမယ်စော်နံတယ်၊ နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ် …၊   မန္တလေး တရုတ်တန်း ရှေ့တော်ပြေးဝင်း မြောက်ပေါက်နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်း မြောက်ဘက်ခြမ်းတွင် ရှိသည့်ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာသံစုံ တီးမှုတ်သံများ မနက်လင်း ကတည်းက ထွက်ပေါ်နေ၍ဖြစ်သည်။ ယခင်ကသည်အိမ်ဝင်း အတွင်းရှိ အဆောက်အဦးမှာ စစ်ကြီးအတွင်း မီးလောင် ပြာကျသွားသဖြင့် ယခုအခါ ဝါးကပ်မိုး ထရံကာ မြေစိုက်အိမ်ပဲ ရှိသည်။ ထိုအိမ်ဝင်းအတွင်း တီးသံ မှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်းက အခုထိ မပြောင်းမလဲ ရှိနေဆဲ ။…

Read More
VOM News

FREE
VIEW