အမေရိကန်မှာ TikTok ကိုပိတ်ပင်မယ့် ဥပဒေကြမ်း အောက်လွှတ်တော်အတည်ပြု

 

ဝါရှင်တန်၊ မတ်-၁၄-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်မှာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် TikTok ကို တားမြစ်ပိတ်ပင်မယ့် အထင်ကရ ဥပဒေကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

TikTok ကို တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကပိုင်ဆိုင်တာဖြစ်ပြီး ပိတ်ပင်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပေမယ့် အထက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်ပါတယ်။

တကယ်လို့ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပြီး ဒီကိစ္စဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

TikTok ဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုရှိနိုင်ခြေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ ရုပ်သံအတိုတွေ မျှဝေတဲ့ TikTok ကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး အမေရိကန်မှာတော့ သုံးစွဲသူ သန်း ၁၇၀ ကျော်ထိရှိနေပါတယ်။

TikTok ကို အသုံးပြုပြီး တရုတ်အစိုးရက အချက်အလက်တွေရယူမှာနဲ့ အမေရိကန်အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း လွှတ်တော်အမတ်များက ပြောဆိုထားပြီး ဥပဒေကြမ်းအရ ကုမ္ပဏီအနေနဲ့ ရှယ်ယာတွေကို ခြောက်လအတွင်းရောင်းချဖို့ တွန်းအားပေးမှာဖြစ်ပြီး ဒီလိုမဟုတ်ရင် အမေရိကန်မှာ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

Ref:BBC

Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW