တင့်ကားသစ်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြုလုပ်

 

ပြုံးယမ်း၊ မတ်-၁၄-၂၀၂၄

မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တင့်ကားအမျိုးအစားသစ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

ပင်မတိုက်ပွဲဝင် တင့်ကားအမျိုးအစားတွေဟာ စစ်ရေးပြပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်ကို အောင်မြင်စွာပြသနိုင်ခဲ့တဲ့ အတွက် အလွန်ကျေနပ်မိကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

လေ့ကျင့်မှုဟာ တင့်ကားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စစ်ဆေးဖို့နဲ့ မတူညီတဲ့ နည်းဗျူဟာ မစ်ရှင်တွေမှာ တိုက်ခိုက်ရေးအခြေအနေတွေနဲ့ အကျွမ်းတဝင်ရှိစေဖို့ ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနကဆိုပါတယ်။

ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးနဲ့အတူ တက်ရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး တင့်ကားတစင်းကို ကိုယ်တိုင်မောင်းနှင်ခဲ့ကာ ဒီလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ လွတ်မြောက်ခြင်းဒိုင်းအမည်ရတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မတ် ၁၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။

Ref:AFP

Photo:KCNA

Related posts

Leave a Comment

VOM News

FREE
VIEW