သူတို့အိမ် အခန်း (၂၂၀)

ဆူးငှက်   တယ်လီဖုန်းဆိုတာ သူဌေးပစ္စည်းပါ ————————————— ထိုခေတ် ထိုအချိန်အခါက လျှပ်စစ်မီတာထက် ရှားပါးတာက တယ်လီဖုန်း ဖြစ်သည်။ ဒါတောင် ၁၉၈၀ကျော် ကာလတွင် ဒီဂျစ်တယ် တယ်လီဖုန်းစံနစ် ပြောင်းလဲပြီးနောက် တယ်လီဖုန်းတွေ ချထားပေးသည်။ သို့သော် ထိုတယ်လီဖုန်းတပ်ဆင်ခွင့် ရဖို့ဆိုတာ ဒုလ္လဘ တရားကြီးဖြစ်သည်။ ဦးစားပေးအနေနှင့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ၊ သမဝါယမ အသင်းအဖွဲ့များ အငြိမ်းစား အရာရှိကြီးများပဲ ရရှိသည်။   အပြင် ပုဂ္ဂလိက များကို ချထားရန် လျှောက်လွှာများခေါ်ယူသောအခါ စီလမ်းစာတိုက်ကြီးမှာ အနောက်တောင် ကျုံးထောင့်က ကြေးနန်းရုံးမှာ ညအိပ်ပင် တန်းစီ၍ တယ်လီဖုန်းလျှောက်လွှာတင်ကြရသည်။ ထောင်ချီ၍ တန်းစီကြသူများထဲက တယ်လီေုန်းရသူဆိုသည်မှာလည်း ရှာမှရှား ဖြစ်သည်။ ချပေးသည့် တယ်လီဖုန်းအများစုက ဦးစားပေးအနေနှင့် ကြိုတင ်ရရှိထားကြသည်။ ထိုစဉ်ကာလ တယ်လီဖုန်းဟူသည် တကယ့် လူချမ်းသာ အသုံးအဆောင်…

Read More

ရန်ကုန် လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းပြီး ကလေးတယောက် ရေမြောင်းထဲမျောပါသွား ၊ ကားတစီးသစ်ပင်ပိလို့ ယာဥ်မောင်း ဒဏ်ရာရ

စက်တင်ဘာ ၁၃၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုထက်မနည်းမှာ သစ်ပင်တွေလဲကျပြီး ထိခိုက်ဒဏ်ရာရသူရှိသလို ကလေးတယောက်လည်း ရေမြောင်းထဲမျောပါ ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ၊ ညနေ ၅ နာရီကျော်လောက်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ဖို့မြေရပ်ကွက်မှာ ရေမြောင်းထဲကို ဘောလုံးဆင်းကောက်ရာကနေ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ရေစီးနဲ့မျောပါ ပျောက်သွားတာလို့ သိရပါတယ်။ “ရေမြောင်းထဲ ဘောလုံးကျသွားတာကို လိုက်ယူရင်း ပျောက်သွားတာလို့ သိရတယ်။ မတွေ့သေးဘူး ။ခုထိ မီးတွေထွန်းပြီး ရှာနေကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ အဖြူရောင်ကမ်းလက် လူမှုကူညီရေး အသင်း၊ မီးသတ်တပ်ဖွဲ့နဲ့အတူ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းရှာဖွေနေတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် အလုံမြို့နယ်…

Read More

ထိုင်းကို တရားမဝင် သွားတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရ

စက်တင်ဘာ ၁၂ – ၂၀၂၆ SN (VOM) ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) မှာ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄၂ ယောက် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နောင်လူကျေးရွာအုပ်စု၊ နယ်မြေ (၈) ရပ်ကွက်ရှိ ကျွဲကောသီးခြံ အနောက်ဘက်မှာ သံသယဖြစ်ဖွယ် လူအုပ်စုကို တွေ့မြင်ရတာကြောင့် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို စစ်ဆေးရာမှာ တရားဝင်အထောက်အထား တစုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ မြန်မာအမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၂၁…

Read More
VOM News

FREE
VIEW