ငလျင်ကြောင့် ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဆိုးတွေ စွန့်ထုတ်မှု ယာယီရပ်ဆိုင်း

 

တိုကျို၊ မတ်-၁၅-၂၀၂၄

မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ မနေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဆိုးတွေ စွန့်ထုတ်မှုကို မတ် ၁၅ ရက်မှာ ကြိုတင်ကာကွယ်မှုအရ ဆိုင်းငံ့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

၂၁၀၀ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ အဲဒီစက်ရုံတည်ရှိရာ နိုင်ငံအရှေ့မြောက်ပိုင်း ဖူကူရှီးမားဒေရဲ့ ကမ်းရိုးတန်းမှာ မတ် ၁၄ ရက်က အင်အား ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ပြီးနောက် ယာယီဆိုင်းငံ့ခဲ့ရတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စက်ရုံက ရေဆိုးတွေစွန့်ထုတ်မှုကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံဟာ နျူကလီးယားဓါတ်အားပေးစက်ရုံမှ အိုလံပစ်ရေကူးကန်ပေါင်း ၅၄၀ နဲ့ ညီမျှတဲ့ ရေဆိုးတွေကို ပစိတ်ဖိတ်သမုဒ္ဒရာအတွင်းသို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စတင်စွန့်ထုတ်ခဲ့ပါတယ်။

ဒီလိုစွန့်ထုတ်မှုကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ထောက်ခံထားပြီး ရေဒီယိုသတ္တိကြွဒြပ်စင်များအားလုံးကို သတ်မှတ်ချက်တွေအတိုင်း သန့်စင်စစ်ထုတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရုတ်နဲ့ရုရှားတို့က ဒီကိစ္စအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဂျပန်နိုင်ငံက ပင်လယ်စာတင်သွင်းမှုကို ရပ်တန့်ခဲ့ပါတယ်။

Ref:AFP

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW