မော်စကို၊ မတ်-၁၅-၂၀၂၄
မျိုးဆက်(VOM)
ရုရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုတွေကို မတ် ၁၄ ရက်ကမှာ စတင်နေပြီး သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲဟာ လက်ရှိသမ္မတ ပူတင် ပဉ္စမမြောက်သက်တမ်း အနိုင်ရရှိဖို့ သေချာနေပြီး သူဟာ ထောက်ခံမဲ ၈၀ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲအနိုင်ရဖို့ ရည်မှန်းထားပါတယ်။
ရွေးကောက်ပွဲမှာ ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီက နီကိုလေခါရီတွန်နော့ဗ် ၊ ရုရှားလက်ယာစွန်း လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လီယိုနစ်စလူကီနဲ့ ပြည်သူ့ပါတီသစ်က ဗလာဒီစလေ့ဗ်တို့ဟာ လက်ရှိသမ္မတပူတင်နဲ့အတူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။
ဒါပေမယ့် ရုရှားအစိုးရတဲ့ ဆက်နွယ်နေတဲ့ လူထုသဘောထား သုတေသနစင်တာရဲ့ စစ်တမ်းမှာတော့ ပူတင်က မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုနှုန်း ၈၂ ရာခိုင်နှုန်းထိ ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာ ရုရှားအာဏာပိုင်တွေဟာ ပူတင်ရဲ့ ရုရှားအစိုးရရဲ့ မူဝါဒကန့်သတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ယူဆရတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်တဲ့ လူပုဂ္ဂိုဟ်တွေနဲ့ အဖွဲ့အစည်းတွေကို တင်းကြပ်စွာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီရဲ့ ဇနီးဖြစ်သူကတော့ ရွေးကောက်ပွဲမှာ မဲမပေးရေးနဲ့ ပူတင်ကလွဲပြီး ကျန်ကိုယ်စားလောင်းတွေကို မဲပေးဖို့အပါအဝင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့တိုက်တွန်းထားပါတယ်။
Ref:NHK
Photo:PTI