ယနေ့ ရွှေဈေး (မတ် – ၂၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုင်းဟန်ချောင်းထဲကို ကားတစီးထိုးကျ ၊ နှစ်ယောက်သေဆုံး ၊ သုံးယောက် ဒဏ်ရာရ

မတ် ၊ ၂၀ ၊ ၂၀၂၄ TT ( VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းယောင်းမြို့နယ် ၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂) နဲ့ (၃၂/၃)ကြား ၊ မိုင်းဟန်ချောင်းထဲကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က စက်အရှိန် မထိန်းနိုင်ပဲ ကားတစီး ထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတ သမားတယောက်က ” ကားလမ်းပေါ်ကနေ မိုင်းဟန်ချောင်းထဲကို ပေ ၇၀ အ​မြင့်ကနေ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ် ထိုးကျတိမ်းမှောက်တယ် ၊ အဲ့ဒီ ကားထဲမှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး သုံးယောက် ၊ စုစုပေါင်း ငါးယောက်လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီထဲက အမျိုးသား နှစ်ယောက် နေကာတင် သေဆုံးပြီး…

Read More

မန္တလေး ဝန်းကျင်ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေးကုန်ကျမှု များသလို အဖမ်းအဆီးတွေ ရှိနေ

  မတ် ၂၀၊ ၂၀၂၄ Shy V (VOM) လက်နက်ကိုင် ပဋိပက္ခကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရာ မူဆယ် ကျင်းစန်းကျော့ နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရာဂိတ်တွေ ရပ်တန့်သွားပြီးနောက် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းလားဘက် အဓိက ကုန်သွယ်မှုပြုနေရကာ မန္တလေး ဝန်းကျင် ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေး ကုန်ကျမှုများနေသလို အဖမ်းအဆီးတွေလည်း ရှိနေကြောင်း ကုန်သည် ကားသမားတွေဆီက သိရပါတယ်။ “လမ်းကြေးက အတက်အဆင်းဆိုရင် သိန်း ၆၀ လောက်ကုန်မယ်ဗျ။ အဆင်းကုန်နဲ့ ဘာနဲ့ ပြန်တွက်ကြည့်ရင် အုံနာ လည်း ၆၀ လောက်ကျန်တယ်။ အဲလောက်ပဲ။ ၅၀၊ ၆၀ အဲလောက်ပဲဗျ။ အခုက…

Read More

ရခိုင်စစ်ရှောင်တွေအတွက် အကူအညီလိုအပ်ချက် အဆိုးရွားဆုံးအခြေအနေ ရောက်နေ

  မတ် ၂၀ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ဟာ လက်ရှိမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူဦးရေ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က “အကူအညီပေးဖို့က ခုချိန်က ရခိုင်မှာ တိုက်ပွဲတွေနဲ့ တခြားကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေကတော့ အများကြီးပဲ။ နိုင်ငံတကာက လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ မပြောနဲ့ ကျွန်တော်တို့ ဒေသတွင်းက လူမှုကူညီရေးအဖွဲ့တွေတောင် သွားဖို့လာဖို့ ခက်ခဲနေတာလေ။ အဲတော့ သိန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေအဖို့က တနေ့ထက်တနေ့ စားဝတ်နေရေး…

Read More

ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစားသစ်အတွက် လောင်စာခဲသုံး ဒုံးအင်ဂျင် မြောက်ကိုရီးယား စမ်းသပ်

  ပြုံးယမ်း၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ် ဟိုက်ပါဆိုးနစ်ဒုံးကျည်အမျိုးအစားသစ်အတွက် ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုံးကျည်အင်ဂျင် မြေပြင်စမ်းသပ်မှုကို နိုင်ငံအနောက်မြောက်ပိုင်း ဆိုဟေး လွှတ်တင်ရေးစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက်ခဲ့တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွမ်သတင်းစာက ဆိုပါတယ်။ လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်ဟာ လောင်စာရည်သုံး ဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ လာလတ်ပစ် ဟိုက်ပါဆိုးးနစ်ဒုံးကျည်အမျိုးအစားသစ်ဟာ တိုက်ချင်းပစ်ဒုံးကျည်တွေလိုပဲ စစ်ရေးဗျူဟာအရ အရေးပါကြောင်း ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်း လောင်စာခဲသုံး ဒုံးကျည်အင်ဂျင်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး နှစ်လအကြာမှာ တာလတ်ပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ထိ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာစစ်ရေးအစီအစဉ်အရ အသံထက် ငါးဆမြန်တဲ့ ဒုံးကျည်အမျိုးအစားသစ်တွေ ထုတ်လုပ်နိုင်ရေး ရည်မှန်းနေပြီး သူ့ရဲ့ လှုပ်ရှားမှုအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်မှုတွေ…

Read More

HIV ဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲကနေ အောင်မြင်စွာ ဖယ်ရှားနိုင်ပြီ

  ဝါရှင်တန်၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) နိုဘယ်ဆုရ Crispr gene-editing နည်းပညာကို အသုံးပြုပြီး လူ့ခန္ဓာကိုယ် ဆဲလ်တွေထဲမှာ ကူးစက်နေတဲ့ HIV ဗိုင်းရပ်စ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီနည်းပညာအရ ဗိုင်းရပ်စ်ဆဲတွေကို မော်လီကျူးအဆင့်မှာတင် ဒီအင်န်အေကို ဖြတ်တောက်ပြီး ဖယ်ရှားတာမျိုး သို့မဟုတ် ဆဲလ်တွေ အသက်မဝင်အောင် လုပ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လက်ရှိစမ်းသပ်ခံတဲ့ စေတနာ့ဝန်ထမ်းသုံးယောက်ဟာ သီတင်းပတ် ၄၈ ပတ်ကြာချိန်ထိ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ သုတေသီတွေက ဆိုပါတယ်။ HIV ဗိုင်းရပ်စ်တွေကို နောက်ဆုံးမှာ ခန္ဓာတခုလုံးကနေ ဖယ်ရှားနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပေမယ့် ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မှုတို့အတွက် စမ်းသပ် စစ်ဆေးမှုတွေ များစွာ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။ လက်ရှိ ဆေးဝါးတွေဟာ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်ပေမယ့် ဖယ်ရှားနိုင်ခြင်းတော့မရှိပါဘူး။ အမ်စတာဒမ် တက္ကသိုလ်က သုတေသီတွေဟာ…

Read More

ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေမရပ်ရင် မေလအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေး

  ဂါဇာစီးတီး၊ မတ်-၂၀-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံအားလုံးနီးပါဖြစ်တဲ့ လူနှစ်သန်းဟာ ဆိုးရွားတဲ့ စာနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ ဒါဟာ လူဦးရေအားလုံးနီးပါ ဒီလိုကြုံတွေ့နေရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသူတွေကို ဦးစားပေးထောက်ပံ့ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေ ခေတ္တမရပ်ဘူးဆိုရင် မေလအတွင်းမှာ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေကလည်း သတိပေးထားပါတယ်။ လက်ရှိမှာတော့ အစ္စရေးနဲ့ ဟာမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ အောက်တိုဘာနောက်ပိုင်း ခြောက်ကြိမ်မြောက်အဖြစ် အရှေ့အလယ်ပိုင်းကို မကြာမီသွားဖို့ရှိနေပါတယ်။ အစ္စရေးတာဝန်ရှိသူတွေဟာ တိုက်ပွဲတွေရပ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိဖို့ နဲ့ ဓါးစာခံတွေ လွတ်မြောက်ဖို့တွေပါဝင်တဲ့ ဟားမတ်စ်တို့နဲ့ သဘောတူညီချက်သစ်အတွက် လာမယ့် မတ် ၂၆ ရက်မှာ ကာတာမှာ ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။ Ref:…

Read More

မြန်မာ – အိန္ဒိယ နယ်စပ်မှာ သုံးရက်ကြာ ပျောက်နေတဲ့ လူငယ်နှစ်ယောက် အလောင်းသာ ပြန်တွေ့

မတ် ၊ ၂၀ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၁၇ ရက် ၊ ညနေပိုင်းက စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်နေရာမှာ မြန်မာနိုင်ငံသား လူငယ်နှစ်ယောက် သုံးရက်ကြာ ပျောက်ဆုံးသွားပြီးနောက် ဒီမနက်မှာ သူတို့ရဲ့ ရုပ်အလောင်တွေ ပြန်တွေ့ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ “သုံးရက်ကြာ ပျောက်ဆုံးနေပြီး အလောင်းပြန်တွေ့ရတဲ့ လူနှစ်ယောက်က တမူးမြို့၊ ဈေးတန်း (၉) ရပ်ကွက်မှာနေတဲ့ ကိုအားနွန်နဲ့ ဈေးတန်း (၁၀) ရပ်ကွက်မှာနေတဲ့ ကိုအားမွန် ဆိုသူ နှစ်ယောက်ဖြစ်တယ် ၊ သူတို့ နှစ်ယောက်စလုံး လည်ပင်း ပြတ်ရှဒဏ်ရာတွေအပြင် ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးထားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ မိသားစု…

Read More

ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူမရှိလို့ လေလံပွဲမအောင်မြင်

  မတ် ၂၀ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဒီကနေ့ မတ်လ ၂၀ ရက်မှာ လေလံတင် ရောင်းချမယ့်ကိစ္စ လေလံဆွဲမယ့်သူမရှိလို့ မအောင်မြင်ခဲ့ဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။ ခြံအမှတ် (၅၄) လေလံပွဲမှာ တရားရုံးအရာရှိနဲ့ တရားရုံးစာရေးတို့က လေလံဆွဲမယ့်သူ ရှိ၊ မရှိ သုံးကြိမ် မေးမြန်းခဲ့ပြီးနောက် မရှိတဲ့အတွက် လေလံပွဲ မအောင်မြင်တဲ့အကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဒီလေလံပွဲနဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ ဥပဒေအကြံပေးတယောက်က “ဒီလေလံပွဲကိုတော့ တော်ရုံလူ၊ ဘယ်သူမှ လာပြီးတော့ လေလံဆွဲရဲမယ့်ပုံမပေါ်ဘူး။ အဲတော့ ဒီလေလံပွဲနဲ့ပတ်သက်လို့က တရားရုံးက လေလံတင်မယ့်ရက်တွေကို အကြိမ်ကြိမ် ထပ်ပြီး ကြေညာသွားရဖို့ရှိတယ်” လို့ ပြောပါတယ်။ ဒီကနေ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၆၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၄၀ ကျပ် ဝယ်ဈေး – ၂၆၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၆၅ ကျပ် ဝယ်ဈေး – ၃၈၈၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၀၉ ကျပ် ဝယ်ဈေး – ၁၀၁.၀၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၈၇ ကျပ် ဝယ်ဈေး – ၇၇၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၄ ကျပ် ဝယ်ဈေး – ၄၉၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW