Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၉၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreMonth: March 2024
မန္တလေး – မြစ်ကြီးနားလမ်းပိုင်း နန်းမာ ဘူတာမှာ ရပ်ထားတဲ့ ရထားတွေ မီးလောင်
မတ် ၊ ၂၁ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးညှင်းမြို့နယ် ၊ မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းမှာရှိတဲ့ နန်းမာ ဘူတာမှာ ရပ်ထားတဲ့ ရထားတွေ မနေ့ မတ် ၂၀ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်က မီးလောင်ပျက်စီးတယ်လို့ ကချင်ပြည်နယ် မီးရထား အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” နန်းမာ ဘူတာမှာ ရပ်ထားတဲ့ ရထားနဲ့ တွဲဆိုင်းတွေ မနေ့ ညနေ ၆ နာရီလောက်က မီးလောင်ပျက်စီးကုန်တယ် ၊ အဲ့ဒီ မီးလောင်တဲ့ ရထားတွေက ပြီးခဲ့တဲ့ ၂၀၂၁ ကာလက မန္တလေး မြစ်ကြီးနား ခရီးစဥ် ထွက်ခွာလာတဲ့ ရထားတွေဖြစ်တယ် ၊ အဲ့ဒီ ခရီးစဥ်မှာ တာဝန်ကျ…
Read Moreခရီးသွားရင် မှတ်တမ်း ရေးသွင်းပြီးမှ ခရီးသွားလို့ရမယ်
မတ် ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) ပြည်တွင်း ခရီးသွားတွေအနေနဲ့ ခရီးသွားလာတဲ့အခါ သက်ဆိုင်ရာ ကားဂိတ်တွေမှာ ခရီးသွားမှတ်တမ်း ရေးသွင်းဖြည့်စွက်ပြီးမှ သွားလာရမယ်လို့ မော်တော်ယာဥ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ( မစက) အဖွဲ့ဆီက သိရပါတယ်။ (မစက) အဖွဲ့ဝင်တယောက်က ” ပြည်တွင်းခရီးသွားတွေအနေနဲ့ ၊ ခရီးသွားတဲ့အခါ နိုင်ငံသား မှတ်ပုံတင် အပြင် ရပ်ကွက်ရုံး ဒါမှမဟုတ် ရဲစခန်း တခုခုရဲ့ ခရီးသွား ထောက်ခံစာ ယူဆောင်လာရမယ် ၊ နောက်ပြီး ခရီးသွား ကားလက်မှတ် ဝယ်ယူတဲ့အခါ သက်ဆိုင်ရာ ကားဂိတ်တွေမှာ ခရီးသည်ရဲ့ ကိုယ်ရေး အချက်အလက်တွေ ရေးသွင်းဖြည့်စွက်ရမယ် ၊ အဲ့ဒီ ရေးသွင်းရမယ့် အချက်အလက်တွေကတော့ ခရီးသည်ရဲ့ နာမည် ၊ အဖေနာမည်…
Read Moreကလေးမြို့မှာ ဒီရက်ပိုင်းအတွင်း လက်နက်ကြီးကြောင့် သေဆုံး ဒဏ်ရာရတာတွေ အဖြစ်များလာ
မတ် ၊ ၂၁ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်းပိုင်းနဲ့ မြောက်ပိုင်းနယ်တွေမှာ နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြလို့ ဒေသခံ တချို့ ထိမှန်သေဆုံးတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာနေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတသမားတယောက်က ” မနေ့ မတ် ၂၀ ရက် ၊ မနက် ၇ နာရီလောက်က ၊ ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီးရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ရွာခံလူ အမျိုးသား သုံးယောက် ထိမှန် သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ Pu Thian Neih Thang ၅၇…
Read MoreThis Day in History
Voice of Myanmar အာဖဂန်နစ္စတန်ကို ဆိုဗီယက်တို့၏ကျူးကျော်မှုအား ဆန့်ကျင်သည့်အနေဖြင့် မော်စကိုတွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ကြောင်း အမေရိကန်သမ္မတ ဂျင်မီကာတာက ၁၉၈၀ ခုနှစ် မတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။
Read Moreပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် မြို့တော်ဒေလီ ပထမချိတ် ဒေလီ၊ မတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ မြို့တော်ဒေလီရဲ့ လေထုအရေအသွေးဟာ ကမ္ဘာပေါ်မှာ ၂၀၂၃ ခုနှစ်ရဲ့ လေထုအညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် ပထမနေရာမှာ ရပ်တည်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် လေထုအရေအသွေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒေလီမြို့တည်ရှိနေတဲ့ အိနိ္ဒယနိုင်ငံဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ပြီးရင် ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး တတိယချိတ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ IQAir သုတေသနအဖွဲ့က ဆိုပါတယ်။ လေထုညစ်ညမ်းမှုအရှိဆုံးနိုင်ငံအဖြစ် အဆင့်ရှစ်မှာ ရပ်တည်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အိနိ္ဒယနိုင်ငံရဲ့ လေထုအရေအသွေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အိနိ္ဒယနိုင်ငံရဲ့ မြို့အများအပြားမှာ ဆိုးရွားတဲ့ ပြသနာတရပ်အဖြစ် ရင်ဆိုင်နေရပါတယ်။ မြို့တော်ဒေလီကတော့ တနှစ်ပတ်လုံး လေထုအရေအသွေးညံ့ဖျင်းမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆောင်းရာသီမှာဖြစ်ပါတယ်။ အနီးနားပြည်နယ်တွေက လယ်သမားတွေက ရိတ်သိမ်းပြီးစိုက်ပျိုးမြေတွေကို မီးရှို့မှု၊ စက်ရုံတွေနဲ့ မော်တော်ယာဉ်တွေက ဓာတ်ငွေ့ထုတ်လွှတ်မှု၊ လေတိုက်နှုန်းနည်းပါးမှုနဲ့ ပွဲတော်ကာလ မီးရှုးမီးပန်းတွေကြောင့် ပိုမိုဆိုးရွားနေပါတယ်။ ဒါအပြင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေတွေ အားနည်းမှုနဲ့အတူ စက်မှုကဏ္ဍ လျှင်မြန်စွာ တိုးတက်ထွန်းကားလာတာကလည်း အိနိ္ဒယရဲ့ လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Ref:BBC Photo:Getty Images
ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် မြို့တော်ဒေလီ ပထမချိတ် ဒေလီ၊ မတ်-၂၁-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ မြို့တော်ဒေလီရဲ့ လေထုအရေအသွေးဟာ ကမ္ဘာပေါ်မှာ ၂၀၂၃ ခုနှစ်ရဲ့ လေထုအညစ်ညမ်းမှုအရှိဆုံးမြို့အဖြစ် ပထမနေရာမှာ ရပ်တည်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် လေထုအရေအသွေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒေလီမြို့တည်ရှိနေတဲ့ အိနိ္ဒယနိုင်ငံဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ပြီးရင် ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး တတိယချိတ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတယ်လို့ IQAir သုတေသနအဖွဲ့က ဆိုပါတယ်။ လေထုညစ်ညမ်းမှုအရှိဆုံးနိုင်ငံအဖြစ် အဆင့်ရှစ်မှာ ရပ်တည်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်း အိနိ္ဒယနိုင်ငံရဲ့ လေထုအရေအသွေးဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အိနိ္ဒယနိုင်ငံရဲ့ မြို့အများအပြားမှာ ဆိုးရွားတဲ့ ပြသနာတရပ်အဖြစ် ရင်ဆိုင်နေရပါတယ်။ မြို့တော်ဒေလီကတော့ တနှစ်ပတ်လုံး လေထုအရေအသွေးညံ့ဖျင်းမှုနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် ဆောင်းရာသီမှာဖြစ်ပါတယ်။ အနီးနားပြည်နယ်တွေက လယ်သမားတွေက ရိတ်သိမ်းပြီးစိုက်ပျိုးမြေတွေကို မီးရှို့မှု၊ စက်ရုံတွေနဲ့ မော်တော်ယာဉ်တွေက…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၀ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၁၅၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၉၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမိုင်းဟန်ချောင်းထဲကို ကားတစီးထိုးကျ ၊ နှစ်ယောက်သေဆုံး ၊ သုံးယောက် ဒဏ်ရာရ
မတ် ၊ ၂၀ ၊ ၂၀၂၄ TT ( VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းယောင်းမြို့နယ် ၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂) နဲ့ (၃၂/၃)ကြား ၊ မိုင်းဟန်ချောင်းထဲကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က စက်အရှိန် မထိန်းနိုင်ပဲ ကားတစီး ထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတ သမားတယောက်က ” ကားလမ်းပေါ်ကနေ မိုင်းဟန်ချောင်းထဲကို ပေ ၇၀ အမြင့်ကနေ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ် ထိုးကျတိမ်းမှောက်တယ် ၊ အဲ့ဒီ ကားထဲမှာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး သုံးယောက် ၊ စုစုပေါင်း ငါးယောက်လိုက်ပါလာခဲ့တယ် ၊ အဲ့ဒီထဲက အမျိုးသား နှစ်ယောက် နေကာတင် သေဆုံးပြီး…
Read Moreမန္တလေး ဝန်းကျင်ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေးကုန်ကျမှု များသလို အဖမ်းအဆီးတွေ ရှိနေ
မတ် ၂၀၊ ၂၀၂၄ Shy V (VOM) လက်နက်ကိုင် ပဋိပက္ခကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရာ မူဆယ် ကျင်းစန်းကျော့ နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရာဂိတ်တွေ ရပ်တန့်သွားပြီးနောက် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းလားဘက် အဓိက ကုန်သွယ်မှုပြုနေရကာ မန္တလေး ဝန်းကျင် ကနေ တာချီလိတ်၊ မိုင်းလားဘက် ကုန်တင်ကားခတွေ ဈေးရပေမယ့် လမ်းကြေး ကုန်ကျမှုများနေသလို အဖမ်းအဆီးတွေလည်း ရှိနေကြောင်း ကုန်သည် ကားသမားတွေဆီက သိရပါတယ်။ “လမ်းကြေးက အတက်အဆင်းဆိုရင် သိန်း ၆၀ လောက်ကုန်မယ်ဗျ။ အဆင်းကုန်နဲ့ ဘာနဲ့ ပြန်တွက်ကြည့်ရင် အုံနာ လည်း ၆၀ လောက်ကျန်တယ်။ အဲလောက်ပဲ။ ၅၀၊ ၆၀ အဲလောက်ပဲဗျ။ အခုက…
Read Moreရခိုင်စစ်ရှောင်တွေအတွက် အကူအညီလိုအပ်ချက် အဆိုးရွားဆုံးအခြေအနေ ရောက်နေ
မတ် ၂၀ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ဟာ လက်ရှိမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ နစကတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် လူဦးရေ သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လိုအပ်ချက်တွေလည်း တိုးပွားလာနေတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က “အကူအညီပေးဖို့က ခုချိန်က ရခိုင်မှာ တိုက်ပွဲတွေနဲ့ တခြားကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေကတော့ အများကြီးပဲ။ နိုင်ငံတကာက လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ မပြောနဲ့ ကျွန်တော်တို့ ဒေသတွင်းက လူမှုကူညီရေးအဖွဲ့တွေတောင် သွားဖို့လာဖို့ ခက်ခဲနေတာလေ။ အဲတော့ သိန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေအဖို့က တနေ့ထက်တနေ့ စားဝတ်နေရေး…
Read More