VOM ရဲ့ပြည်သူ့အသံကဏ္ဍကို ပေးပို့လာတဲ့ နေပြည်တော် ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းတွေ ဘဝ

ဝန်ထမ်းတွေမျက်နှာကိုကြည့်ပြီး သက်သာရာသက်သာကြောင်းအတွက် စဥ်းစားပေးကြပါရန်
နေပြည်တော်ကို ရန်ကုန်မှ ပြောင်းရွှေလာကြတာ ၂၀၀၇ ခုနှစ်ကဆိုတော့ဆိုတော့ ခုဆိုရင်ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။
စတင်ပြောင်းရွှေ့စဥ်က ရန်ကုန်ကမခွာချင်လို့အလုပ်ထွက်သူထွက်ကြ၊ အချို့လည်းဆန္ဒတွေပြုပြီးနေပြည်တော် အစိုးရရုံးစိုက်ရာနေရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
ပြောင်းခါစမှာ မိသားစုတွေတကွဲတပြားမို့ နေပြည်တော်-ရန်ကုန်ယာဥ်လိုင်းတွေ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ယာဥ်စီးက ၄၅၀၀ ကျပ်သာပေးစီးရတာဖြစ်လို့ သောကြာလိုနေ့မျိုးတွေမှာ မြို့မစျေးကားဂိတ်ကနေ ရန်ကုန်ပြန်သူတွေ စည်ကားလို့ပေါ့။
နောက်တော့ နေပြည်တော်မှာဝန်ထမ်းတွေအတွက်အဆင့်မြင့်အိမ်ရာတွေ ဆောက်ပေးထားလို့ အခမဲ့နေထိုင်ခွင့်ရကြပါတယ်။ ရုံးသွား၊ရုံးပြန်ဖယ်ရီတွေစီစဥ်ပေးထားလို့ ကားခမကုန် အိမ်ငှားခမပေးရဘဲနေထိုင်ခွင့်ရခဲ့ကြပါတယ်။
နေအိမ်မှာနေကြရတဲ့ဝန်ထမ်းတွေအတွက် အခမဲ့ တစ်နှစ်နီးပါးလျှပ်စစ်မီးအခမဲ့၊ တီဗီပလပ်ထိုးကြည့်လို့ရအောင် အဲဒီခေတ်အစိုးရ(နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးကောင်စီ)က စီစဥ်ပေးထားခဲ့ပါတယ်။
ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်မှာ လစာနဲ့ အဆင်မပြေသူတွေ ကွမ်းယာ၊စားဖွယ်စုံတွေရောင်းချကြပါတယ်။ ဝန်ထမ်းရပ်ကွက်တစ်ခုမှာ စျေးတစ်စျေးစီရှိနေတာကြောင့်နေထိုင်ရတာအဆင်ပြေကြပါတယ်။
မြို့မစျေးလိုစျေးလိုနေရာမျိုးကို အလှည့်ကျရုံးဆင်းချိန်မှာပို့ပေးသလို၊အချို့ဝန်ကြီးဌာနတွေက ရုံးပိတ်ရက်တွေမှာ စျေးကားထွက်ပေူလို့ အဆင်ပြေခဲ့ပါတယ်။
ခုဆိုရင် အမှုထမ်းအိမ်ရာတွေဘက်မှာဝန်ထမ်းတွေဟာ မိမိတို့အိမ်ရာအနီးမှာ ယာယီဆိုင်လေးတွေဖွင့်ပြီး လ္ဘက်ရည် ၊ကွမ်းယာ ၊ရခိုင်မုန့်တီ၊ အသုတ်စုံဆိုင်လေးတွေဖွင့်ပြီးဝမ်းရေးအဆင်ပြေအောင်ဖန်တီးနေကြရပါတယ်။
အခုရက်ပိုင်းအမှုထမ်းအိမ်ရာတွေကို ဌာနအသီးသီးကဝန်ကြီးတွေ ၊ဒုဝန်ကြီးတွေနဲ့ ညွှန်ချုပ်တွေလိုက်စစ်မယ်ဆိုတဲ့သတင်းထွက်လာပါတယ်၊ဝန်ထမ်းတွေဝမ်းသာကြပါတယ်၊ တို့လူကြီးတွေအောက်ခြေဝန်ထမ်းတွေရဲ့အရေးကိုပစ်မထားဘူးပေါ့။ တကယ်လာစစ်တော့ထင်တာနဲ့ တလွဲဖြစ်နေတာကိုသိလိုက်ရတယ်။
အိမ်ရာထဲဆိုင်မဖွင့်နဲ့ ဆိုင်တွေဖျက်၊ ကားဂိုထောင်တွေဖျက်ဆိုတဲ့ အမိန့်ညွှန်ကြားချက်တွေလာပေးမှန်းသိလိုက်ရတယ်၊။ သာကြောင်းနာကြောင်းမမေး ၊ဖြစ်ချင်တာတွေပြောပြီးပြန်သွားကြတယ်။
ခုခေတ်ကုန်စျေးနှုန်းနဲ့ ရတဲ့လစာ၊ မိသားစုလောက်ငှဖို့ ကျန်မှီခိုတဲ့ သူတွေက အိုးမကွာအိမ်မကွာ အိမ်ဆိုင်လေးဖွင့် ရပ်တည်နေရချိန် ဒီလိုလုပ်တာဟာ မသင့်တော်ဘူးလို့ထင်ပါတယ်။ အခန်းတွေ ငှားတုန်းက စည်းကမ်းချက်တွေကိုလည်း အားလုံးက သိကြပြီးဖြစ်ပေမယ့် အကျင့်ပျက်ခြစားတာမဟုတ်လို့ ခြွင်းချက်အနေနဲ့ နားလည်ပေးသင့်တယ် ယူဆမိပါတယ်။
အောက်ခြေဝန်ထမ်းအများစုကမိမိဌာနအကြီးအကဲကိုရိုသေတယ်၊ ကြောက်ရွံ့ကြပါတယ်။
ညွှန်ကြားချက်တွေ၊ အမိန့်တွေထုတ်မယ်အစား သာကြောင်း၊နာကြောင်းလေးတွေမေးရင်၊ အဆင်ပြေပြေနေနိုင်ကြရဲ့လားလို့မေးရင် မကောင်းပါလားခင်ဗျာ..။
အောက်ခြေအမှုထမ်းများ
နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW