ထောင်ချခံထားရတဲ့ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးနှစ်ယောက် ပြန်လွတ်လာ

မြစ်ကြီးနား- ဧပြီ ၁ – ၂၀၂၄ GG (VOM) ကချင်ပြည်နယ် အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့နှစ်ယောက်ဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ မြစ်ကြီးနား အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။ ” ပြန်လွတ်လာတာဟုတ်တယ်လို့ အတည်ပြုချက်ရပါပြီ၊ ဝန်ကြီး နှစ်​ယောက် လုံးပြန်လွှတ်တာပါ၊ အခုသိရတာတော့ လျှော့ရက်တွေနံ လွတ်ရက်စေ့လို့လွတ်တဲ့သဘောပါ ၊ ဝန်ကြီးနဲ့တော့ခုထိမတွေ့ရသေးဘူး၊ အိမ်ကိုတော့ပြန်ရောက်ပြီးပြောတယ် ” လို့ ကချင်ပြည်နယ် NLD ပါတီဝင် တယောက်ကပြောပါတယ်။ ဝန်ကြီး ဦးနော်လီနဲ့ ဦးဝင်းညွန့်တို့ဟာ နစက တာဝန်စယူတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ မှာပဲ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးနှစ်ယောက်လုံးကို ကချင်ပြည်နယ် တရားလွှတ်တော်က ထောင်ဒဏ် ၃ နှစ်နဲ့ အလုပ်ကြမ်း…

Read More

စစ်မှုထမ်းဥပဒေကြောင့် စက်ရုံ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးလာ

ရန်ကုန် ၊ ဧပြီ ၁ -၂၀၂၄ GG (VOM) စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြုပြနောက်ပိုင်း ပြည်တွင်းက စက်မှုဇုန်တွေ၊ အလုပ်ရုံတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင် ၊စားသောက်ဆိုင်အပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှုပြဿနာ ကြုံတွေ့နေရတယ်လို့သိရပါတယ်။ ” စစ်မှုထမ်းရမယ်ဆိုတော့ ကလေးတွေက ဒီမှာမလုပ်ရဲကြဘူး။သူတို့ရပ်ရွာလည်းမပြန်ရဲကြဘူး။ဒီတော့ အလုပ်ထွက်သူကထွက်သွားကြတယ်၊ အလုပ်မထွက်သေးဘဲ အချိန်စောင့်ကြည့်နေတဲ့ လူငယ်တွေလည်းရှိနေတယ်။ခုဆိုညဘက် အချိန်ပိုဆင်းတာလည်း လူမရှိတော့ဘူး။ ကြောက်ကုန်ကြတာပေါ့။တချို့ခုသင်္ကြန်ပိတ်ရက်တောင်အိမ်မပြန်ရဲလို့မပြန်ကြသူတွေရှိမယ်။ မိန်းကလေးလောက်ပဲ ပြန်တာများမယ် ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် တယောက်ကပြောပြပါတယ်။ ရန်ကုန်အပါအဝင် နေရာအများစုမှာ လုပ်ကိုင်နေကြတဲ့ လူငယ် အလုပ်သမားအချို့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းက လုပ်လက်စ အလုပ်အကိုင်ကို စွန့်ခွာပြီး ပြည်ပကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်မှုပိုများလာနေတာကြောင့် လူငယ်အလုပ်သမားရှားလာနေသလို ၊ တဖက်မှာလည်း စစ်မှုထမ်းဖို့ စာရင်းပါတဲ့အတွက် စစ်မှုထမ်းသင်တန်းတက်ရောက်ရသူတွေရှိလာလို့ အလုပ်သမားရှားပါးလာနေတာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင် စစ်မှုထမ်းဖို့ အတွက် ကနဦး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွေးကောက်ပွဲမတိုင်ခင် အိန္ဒိအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဒေလီမှာ အကြီးအကျယ်ဖြစ်ပွား

ဒေလီ၊ ဧပြီ-၁-၂၀၂၄ မျိုးဆက်(VOM) အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယအတိုက်အခံမဟာမိတ်အဖွဲ့ဟာ မြို့တော်ဒေလီမှာ ဆန္ဒပြပွဲအကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ အတိုက်အခံတွေ မဟာမိတ်ဖွဲ့ပြီးနောက် အကြီးမားဆုံးသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဖြစ်ပြီး လူဦးရေ တသောင်းကျော် ပါဝင်ခဲ့ကြောင်း အတိုက်အခံတွေက ပြောပါတယ်။ ဒေလီဝန်ကြီးချုပ်ဖြစ်သူ အာဗင်ကက်ဂျ်ရီဝယ်လ်ဟာ မြို့တော်ဒေလီရဲ့ အရက်ရောင်းချမှု မူဝါဒနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူဟာ ဝန်ကြီးချုပ်မိုဒီကို ဝေဖန်လေ့ရှိသူအဖြစ် လူသိများပါတယ်။ တတိယသက်တမ်းအတွက် ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ်မိုဒီအစိုးရနဲ့ အတိုက်အခံတွေဟာ ဧပြီလထဲမှာ စတင်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။ အစိုးရအနေနဲ့ အတိုက်အခံအုပ်စုတွေကို ဖိနှိပ်နေပြီး ဒီမိုကရေစီကို ကာကွယ်ရမယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးကို လိုလားကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref:NHK…

Read More

လွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိ နေဆဲ ဖြစ်ပြီး ဂျန်မိုင်မှာ ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဧပြီ ၁၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ လွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိနေဆဲ ဖြစ်ပြီး မံစီ မြို့နယ်၊ ဂျန်မိုင်ရွာ မှာ ဒီနေ့ ဧပြီလ ၁ ရက် နေ့ မနက် ၁ နာရီခွဲခန့်က ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဌာနဆိုင်ရာ ဝန်ထမ်းတွေက တရုတ်ဘက်ကနေ ထွက်သွားဖို့ ညှိနှိုင်းကြတာ တရုတ်ဘက်က ပြန်ခွင့်မပြုတော့လို့ နဂို နေရာပဲ ပြန်နေပြီး သောင်တင်နေကြတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လွယ်ဂျယ်မြို့ထဲ နဲ့ မြို့ပတ်ပတ်လည်မှာတော့ KIA နဲ့ ပူးပေါင်း…

Read More

VOM ရဲ့ပြည်သူ့အသံကဏ္ဍကို ပေးပို့လာတဲ့ နေပြည်တော် ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းတွေ ဘဝ

ဝန်ထမ်းတွေမျက်နှာကိုကြည့်ပြီး သက်သာရာသက်သာကြောင်းအတွက် စဥ်းစားပေးကြပါရန် နေပြည်တော်ကို ရန်ကုန်မှ ပြောင်းရွှေလာကြတာ ၂၀၀၇ ခုနှစ်ကဆိုတော့ဆိုတော့ ခုဆိုရင်ဆယ်စုနှစ်ကျော်ခဲ့ပါပြီ။ စတင်ပြောင်းရွှေ့စဥ်က ရန်ကုန်ကမခွာချင်လို့အလုပ်ထွက်သူထွက်ကြ၊ အချို့လည်းဆန္ဒတွေပြုပြီးနေပြည်တော် အစိုးရရုံးစိုက်ရာနေရာကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ပြောင်းခါစမှာ မိသားစုတွေတကွဲတပြားမို့ နေပြည်တော်-ရန်ကုန်ယာဥ်လိုင်းတွေ အလုပ်ဖြစ်ခဲ့ကြပါတယ်။ ယာဥ်စီးက ၄၅၀၀ ကျပ်သာပေးစီးရတာဖြစ်လို့ သောကြာလိုနေ့မျိုးတွေမှာ မြို့မစျေးကားဂိတ်ကနေ ရန်ကုန်ပြန်သူတွေ စည်ကားလို့ပေါ့။ နောက်တော့ နေပြည်တော်မှာဝန်ထမ်းတွေအတွက်အဆင့်မြင့်အိမ်ရာတွေ ဆောက်ပေးထားလို့ အခမဲ့နေထိုင်ခွင့်ရကြပါတယ်။ ရုံးသွား၊ရုံးပြန်ဖယ်ရီတွေစီစဥ်ပေးထားလို့ ကားခမကုန် အိမ်ငှားခမပေးရဘဲနေထိုင်ခွင့်ရခဲ့ကြပါတယ်။ နေအိမ်မှာနေကြရတဲ့ဝန်ထမ်းတွေအတွက် အခမဲ့ တစ်နှစ်နီးပါးလျှပ်စစ်မီးအခမဲ့၊ တီဗီပလပ်ထိုးကြည့်လို့ရအောင် အဲဒီခေတ်အစိုးရ(နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးကောင်စီ)က စီစဥ်ပေးထားခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာအနီးဝန်းကျင်မှာ လစာနဲ့ အဆင်မပြေသူတွေ ကွမ်းယာ၊စားဖွယ်စုံတွေရောင်းချကြပါတယ်။ ဝန်ထမ်းရပ်ကွက်တစ်ခုမှာ စျေးတစ်စျေးစီရှိနေတာကြောင့်နေထိုင်ရတာအဆင်ပြေကြပါတယ်။ မြို့မစျေးလိုစျေးလိုနေရာမျိုးကို အလှည့်ကျရုံးဆင်းချိန်မှာပို့ပေးသလို၊အချို့ဝန်ကြီးဌာနတွေက ရုံးပိတ်ရက်တွေမှာ စျေးကားထွက်ပေူလို့ အဆင်ပြေခဲ့ပါတယ်။ ခုဆိုရင် အမှုထမ်းအိမ်ရာတွေဘက်မှာဝန်ထမ်းတွေဟာ မိမိတို့အိမ်ရာအနီးမှာ ယာယီဆိုင်လေးတွေဖွင့်ပြီး လ္ဘက်ရည် ၊ကွမ်းယာ ၊ရခိုင်မုန့်တီ၊ အသုတ်စုံဆိုင်လေးတွေဖွင့်ပြီးဝမ်းရေးအဆင်ပြေအောင်ဖန်တီးနေကြရပါတယ်။ အခုရက်ပိုင်းအမှုထမ်းအိမ်ရာတွေကို ဌာနအသီးသီးကဝန်ကြီးတွေ ၊ဒုဝန်ကြီးတွေနဲ့…

Read More

မန္တလေးစက်မှု(၂)မှာ မီးလောင်မှုဖြစ်

မန္တလေး၊ ဧပြီ- ၁- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု ၂ ၊ ၁၃၉ လမ်းနဲ့ ၆၅ လမ်းထောင့်မှာ ဒီကနေ့ဧပြီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမီးလောင်ကျွမ်းမှုကြောင့် တွဲကားတစီး၊ ကုန်စုံဆိုင်တခု၊ ကိုယ်ပိုင်အထက်တန်းကျောင်းတခုတို့ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးထိန်းနိုင်တဲ့အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။ မီးလောင်မှုကို အဆင့်၁ အနေအထားသတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်ဆဲဖြစ်တယ်လို့ မီးသတ်ဌာနက သိရပါတယ်။

Read More

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ပြန်စ

ကိုင်ရို၊ ဧပြီ -၁-၂၀၂၄ မျိုးဆက်(VOM) ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအပါအဝင် ဂါဇာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးပွဲတွေပြန်စဖို့အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေတယ်လို့ အစ္စရေး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့ အီဂျစ်ညှိနှိုင်းရေးမှူးတွေရဲ့ စေ့စပ်ဆွေးနွေးမှုရလဒ် ဘာတွေထွက်ပေါ်လာမလည်းဆိုတာကို စောင့်ကြည့်သွားမယ်လို့ ဟားမတ်စ်တာဝန်ရှိသူတယောက်က ပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အီဂျစ်နဲ့ ကာတာနိုင်တို့က ကြားဝင်ညှိနှိုင်းပေးနေတာဖြစ်ပါတယ်။ ကိုင်ရို ဆွေးနွေးပွဲမှာတော့ ဟားမတ်စ်အဖွဲ့က ပါဝင်တက်ရောက်မှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ဟာ အပစ်ရပ်ဖို့နဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးဘက်ကတော့ ပယ်ချထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့ရဲ့ အုပ်ချုပ်မှုနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အဆုံးတိုင် ဖျက်ဆီးပစ်မယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက…

Read More

နိုင်ငံရေး အကျဥ်းသား သေဆုံးမှု အဖြစ်များလာ

ဧပြီ ၊ ၁ ၊ ၂၀၂၄ SP ( VOM) ဒီနှစ်ဆန်း ၃လ အတွင်း နိုင်ငံရေးအကျဥ်းသား နိုင် / ကျဥ်း သေဆုံးမှုဖြစ်စဥ် အရေအတွက် မြင့်တက်လာနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ “နိုင်/ ကျဥ်း သေဆုံးမှုဖြစ်စဥ်တွေက မုံရွာ ၊ ထားဝယ်နဲ့ ပဲခူး ဘက်တွေမှာ ဖြစ်တယ် ၊ သေဆုံးရတဲ့ အကြောင်းကတော့ အမှုနဲ့ ပတ်သက်ပြီး သက်သေခံ ပစ္စည်း လိုက်လံပြသပေးရာကနေ ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာကနေ သေဆုံးတာလို့ အာဏာပိုင်တွေက ဆိုကြတယ် ” လို့ နိုင်ငံရေးအကျဥ်းသားေဟာင်း တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၉ ရက်က ၊ စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၈၀ ကျပ် ဝယ်ဈေး – ၃၈၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၄ ကျပ် ဝယ်ဈေး – ၅၁၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW