လွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိ နေဆဲ ဖြစ်ပြီး ဂျန်မိုင်မှာ ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဧပြီ ၁၊ ၂၀၂၄
Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ လွယ်ဂျယ်မှာ ဌာဆိုင်ရာ ဝန်ထမ်းတွေပိတ်မိနေဆဲ ဖြစ်ပြီး မံစီ မြို့နယ်၊ ဂျန်မိုင်ရွာ မှာ ဒီနေ့ ဧပြီလ ၁ ရက် နေ့ မနက် ၁ နာရီခွဲခန့်က ကုန်ကားတွေ ဗုံးကြဲခံရလို့ ၅ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဌာနဆိုင်ရာ ဝန်ထမ်းတွေက တရုတ်ဘက်ကနေ ထွက်သွားဖို့ ညှိနှိုင်းကြတာ တရုတ်ဘက်က ပြန်ခွင့်မပြုတော့လို့ နဂို နေရာပဲ ပြန်နေပြီး သောင်တင်နေကြတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး” လို့ ဒေသခံ
တယောက်က ပြောပါတယ်။

လွယ်ဂျယ်မြို့ထဲ နဲ့ မြို့ပတ်ပတ်လည်မှာတော့ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ ပိတ်ဆို့ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် လွယ်ဂျယ် – ဗန်းမော် လမ်း ပိတ်သွားတာကြောင့် လွယ်ဂျယ်ဘက်ကနေ စစ်ဘေးရှောင်ပြီး မံစီဘက်လမ်းကနေ ဆင်းလာတဲ့ ငှက်ပျောကားတွေ ဂျန်မိုင်ရွာမှာ ညအိမ်နားနေချိန် ဒီနေ့ ဧပြီ ၁ ရက် နေ့ မနက်က ၁ နာရီခွဲခန့် ဗုံးကြဲ ခံရလို့ ယာဉ်မောင်းတွေနဲ့ ယာဉ်မောင်းတွေမိသားစုတွေ ၅ ဦး သေဆုံးသွားကာ ၃ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ငှက်ပျောတင်တဲ့ ကားတွေပါ။ အစီး ၅၀ လောက်ရှိတယ်။ မံစီ ဂျန်မိုင်ရွာဘက် လမ်းမှာ တန်းစီပြီး ညအိပ်နားနေကြတာ။ အရမ်း အိပ်ပျော် နေတဲ့ အချိန် ဖြစ်သွားတာ။ ကားနား လာကျတယ်လေ။ အိမ်တွေလည်း ထိတယ်။” လို့ ဒေသခံ အမျိုးသမီးတယောက်
ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာလည်း ယောယုံ နား လမ်းမပေါ်ရပ်ထားတဲ့ ကားပေါ်က ကုန်တင် ယာဉ်မောင်းတယောက် ကျည်ထိ သေဆုံးခဲ့ပါသေးတယ်။

မတ်လ ၂၇ ရက်နေ့ ကစ လွယ်ဂျယ် – ဗန်းမော် လမ်းတလျှောက် နစကတပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW