နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ-၄-၂၀၂၄ မျိုးဆက်(VOM) နေပြည်တော် လေယာဉ်ကွင်း(အေလာ) ကို ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ ဒီနေ့ ဧပြီ ၄ ရက်မနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရကြောင်း NUG နဲ့ ပြည်တွင်း သတင်းဌာနတွေကို ကိုးကားပြီး ရိုက်တာက ရေးသားဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နစကဘက်ကလည်း နောက်ပိုင်းမှာသတင်းထုတ်ပြန်လာခဲ့ပြီး ဧပြီ ၄ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ နေပြည်တော်လေဆိပ် အရှေ့ဘက်ကနေ ဒရုန်းလေးစင်းပျံသန်;လာခဲ့တာကို လေဆိပ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ နေပြည်တော် ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်ကနေလည်း ဒရုန်းသုံးစင်း ပျံသန်းဝင်ရောက်လာမှုကိုလည်း ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ဒီဖြစ်စဉ်တွေမှာ လူ၊ အဆောက်အအုံ ထိခိုက်မရှိကြောင်း နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ကတော့ နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာ လေတပ်စခန်းကို…

Read More

ဇင်ဘာဘွေမှာ ကာလရှည်ကြာ မိုးခေါင်ရေရှားမှု အမျိုးသားသဘာဝဘေးအဖြစ် ကြေညာရပြီ

ဟာရာရေး၊ ဧပြီ-၄-၂၀၂၄ မျိုးဆက်(VOM) ဇင်ဘာဘွေနိုင်ငံတွင် ကာလရှည်ကြာမိုးခေါင်ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အမျိုးသားသဘာဝဘေးအဖြစ် သမ္မတအီမာဆန်မနန်ဂါဂွါက ကြေညာလိုက်ပါတယ်။ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကောက်ပဲသီးနှံ ထက်ဝက်ခန့် ပျက်စီးသွားပြီး ငတ်မွတ်ခေါင်းပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဇင်ဘာဘွေအနေနဲ့ ဒေါ်လာ နစ်ဘီလီယံ လိုအပ်ကြောင်းသမ္မတကပြောပါတယ်။ ဆန်ရေစပါး ပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာဈေးနှုန်းတွေလည်း မြင့်တက်လာပြီး ခန့်မှန်းခြေပြည်သူ ၂ ဒသမ ၇ သန်းဟာ ခတ်မွတ်ခေါင်းပါးမှုအပြင် ငွေကြေးဖောင်းပွမှုနဲ့လည်း ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဇင်ဘာဘွေနဲ့ အိမ်နီးချင်းမာလာဝီနဲ့ ဇမ်ဘီယာနိုင်ငံတို့ကလည်း မိုးခေါင်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအဖြစ် မကြာသေးမီကကြေညာခဲ့ရပါတယ်။ အာဖရိကတောင်ပိုင်း တလျှောက်မှာ မိုးခေါင်ရေရှားမှုဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။ ဒေသတွင်းရှိလူပေါင်း ၁၃ ဒသမ ၆ သန်းဟာ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်ထားပါတယ်။ Ref:BBC Photo:Getty…

Read More

မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးသူ သုံးဆနီးပါးထိ မြင့်တက်လာ

ဝါရှင်တန်၊ ဧပြီ-၄-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုကြောင့် အရပ်သား ၁၀၅၂ ယောက် သေဆုံးခဲ့တယ်လို့ ယူနီဆက်ဖ်က ဧပြီ ၃ ရက်က ထုတ်ပြန်ပါတယ်။ နေပြည်တော်ကလွဲပြီး ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးနီးပါးမှာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အန္တရာယ်ဟာ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ ယူနီဆက်ဖ်က သတိပေးထားပါတယ်။ ယူနီဆက်ဖ်ဟာ မြေမြုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှုဖြစ်စဉ် ၃၉၀ ကိုမှတ်တမ်းတင်ထားခဲ့ပြီး သေဆုံးမှုအရေအတွက်ဟာ ၂၀၂၂ ခုနှစ်ကထက် သုံးဆနီးပါးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်တယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။ “ မြေမြုပ်မိုင်း အသုံးပြုတာဟာ ပြစ်တင်ရှုတ်ချစရာဖြစ်တဲ့အပြင် နိုင်ငံတကာ လူသားချင်းစာနာမဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပါတယ်” လို့ ယူနီဆက်ဖ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး ဒီဘိုရာကိုမီနီက ပြောပါတယ်။…

Read More

ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်မှာ တိုက်ပွဲကြောင့် နေအိမ်မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

ကော့ကရိတ်၊ ဧပြီ ၄ – ၂၀၂၄ GG (VOM) ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ သင်္ဃန်းညီနောင်မြို့သစ်မှာ တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေကျလို့ လူနေအိမ် ၊ ဈေးဆိုင်တွေ မီးလောင်ပျက်စီးမှု ဆက်တိုက်ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အဆောက်အဦးတွေမီးလောင်ကျွမ်းနေပေမယ့် နယ်မြေမအေးချမ်းတာကြောင့် မီးငြိမ်းသတ်နိုင်ခြင်းမရှိတဲ့အတွက် အိမ်ခြေ ၅၀၀ ထက်မနည်းမီးလောင်ပျက်စီးပြီး မြို့ပျက်ကြီးသဖွယ်ဖြစ် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။ ” အိမ်တွေမီးလောင်တာက သင်္ဃန်းညီနောင်ဆိုလည်း တော်တော်များများ ရှိနေပြီ၊ကော့ကရိတ်ဆိုလည်း မကြာခဏဆိုသလိုမီးလောင်နေတယ်၊မငြိမ်းနိုင်ကြဘူး။တိုက်ပွဲကလည်းနေ့တိုင်းကိုရှိနေတယ်၊ လက်နက်ကြီး သံတွေနေ့တိုင်းကြားရတယ်။လူသူမရှိတဲ့မြို့ပျက်ကြီးလိုကိုဖြစ်နေပြီ၊ရေရှည်ဆိုမလွယ်တော့ဘူး။ PDF ကလည်း နောက်ဆုတ်မှာမဟုတ်သလို စစ်တပ်ကလည်းနောက်ဆုတ်မှာမထင်ဘူး။အခုကော့ကရိတ်ဆိုမြို့ထဲစစ်တပ် တပ်ရင်းတခုရှိနေတယ် အဲဒါကိုတိုက်နေကြတာ၊သင်္ဃန်းညီနောင်လည်းတိုက်နေကြတာပဲ ၊အဖွဲ့စုံအကုန်ရှိတယ်။ပြည်သူတွေ သွားလာလို့မရဘူး ” လို့ ကိုယ်တိုင်လဲစစ်ဘေးရှောင်နေရပေမယ့် စစ်ဘေးရှောင်ကူညီနေသူတယောက်ကပြောပြပါတယ်။ ခုရက်ပိုင်းအတွင်း ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ မီးလောင်မှုဖြစ်ပွားခဲ့တာတွေက ချောင်းတောင်အောက်စု ၊ကြာအင်းကုန်းရွာ ၊အထက်ရွာဝါးလုံးချောင်၊ကျူရီယာတန်းအပါ နေရာအချို့မှာဖြစ်ပွားနေပြီး သင်္ဃန်းညီနောင်မြို့သစ်မှာလည်း…

Read More

၀က်ကျောက်ကပ်နဲ့ ကမ္ဘာ့ပထမဆုံး အစားထိုးကုသခဲ့တဲ့လူနာ အခြေအနေကောင်းမွန်လို့ ဆေးရုံကဆင်း

ဝါရှင်တန်၊ ဧပြီ-၄-၂၀၂၄ မျိုးဆက်(VOM) ဝက်တကောင်ရဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသကို ပထမဆုံးခံယူခဲ့တဲ့ လူနာဟာ အခြေအနေကောင်းမွန်လို့ ဆေးရုံက ဆင်းသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်ကပ်အစားထိုး ကုသမှုခံယူခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် လူနာဟာ ခွဲစိတ်မှုပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ မက်ဆာချူးဆက်ဆေးရုံကနေ ဧပြီ ၃ ရက်မှာ ဆင်းခွင့်ရခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကိုယ်တွင်းကလီစာတွေနဲ့ လူတွေမှာ အစားထိုးကုသမှုတွေဟာ ယခင်က မအောင်မြင်ခဲ့ပါဘူး။ လက်ရှိအောင်မြင်မှုကတော့ ဆေးပညာနယ်ပယ်မှာ သမိုင်းဝင်မှတ်တိုင်အဖြစ် ပညာရှင်တွေက ချီးကျူးနေကြပါတယ်။ ဆရာဝန်တွေဟာ ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ စလေမန်ဆိုသူမှာ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးမှုကို မတ် ၁၆ ရက်မှာ လေးနာရီကြာ ခွဲစိတ်ပြီးနောက် အောင်မြင်စွာအစားထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အစားထိုးထားတဲ့ ကျောက်ကပ်ဟာ ကောင်းမွန်စွာ လည်ပတ်နေပြီး ဘဝ၏နေထိုင်ရှင်သန်မှုကို…

Read More

ပုလဲ – ဂန့်ဂေါ ကားလမ်းက ရေမျက်နီရွာတိုက်ပွဲကြောင့် အိမ်ခြေတရာကျော် မီးလောင် ပျက်စီးပြီး ကားလမ်းမပွင့်သေး

ဧပြီ ၊ ၄ ၊ ၂၀၂၄ SP(VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီစံပြကျေးရွာ ၊ ပုလဲ – ဂန့်ဂေါ ကားလမ်း ယာဥ်ရပ်နားစခန်းနေရာမှာ မနေ့ ဧပြီ ၃ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကျေးရွာမှာရှိတဲ့ လူနေအိမ်တွေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ယောနယ် ဒေသခံတွေဆီက သိရပါတယ်။ ” ပြည်သူ့စစ်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ပစ်ခတ်တယ် ၊ အဲ့ဒီနောက် အပြန်အလှန် ပစ်ခတ်ကြပြီး ရေမျက်နီ တံတားအနောက်ပိုင်းက အိမ်တွေ မီးစလောင်တယ် ၊ ​မီးစလောင်တုန်းက သုံးလေးအိမ်ဖြစ်တယ် ၊ ငြှိမ်းမဲ့သူလည်းမရှိတာကြောင့် တခြားအိမ်တွေကို ကူးစက်လောင်တယ် ၊ ရာသီဥတုက ပူပြင်းတာလည်းပါတော့ ခန့်မှန်း အိမ်ခြေ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၄ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၆၀ ကျပ် ဝယ်ဈေး – ၃၈၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၉၀ ကျပ် ဝယ်ဈေး – ၂၇၄၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၀ ကျပ် ဝယ်ဈေး – ၅၁၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရ

ဖနွမ်းပင်၊ ဧပြီ-၄-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံရဲ့ သက်တမ်းရှည်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ နိုင်ငံရဲ့အဓိကကျတဲ့ ရာထူးဖြစ်တဲ့ လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ဖို့အတွက် ၂၀၂၄ ခုနှစ်အတွင်း လွှတ်တော်ရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးကို ဧပြီ ၃ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရေးရဲ့ အရေးပါတဲ့နေရာတခုကို တာဝန်ယူမှုလည်းဖြစ်ပါတယ်။ ဟွန်ဆန်ကတော့ နိုင်ငံနဲ့လူမျိုးအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ကတိပြုပြောဆိုပါတယ်။ ဟွန်ဆန်သည် ၁၉၈၅ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက် သူဟာ သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးခဲ့ပါတယ်။ အတိုက်အခံတွေကို ပိတ်ပင်တားမြစ်ထားတဲ့ ရွေးကာက်ပွဲဟာ လွတ်လပ်ပွင့်လင်း တရားမျှတမှုမရှိဘူးလို့ အနောက်နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဟွန်မာနက်ရဲ့ ညီဖြစ်သူကို ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး…

Read More

This Day in History

Voice of Myanmar လူ့အခွင့်လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ မာတင်လူသာကင်းဂျူနီယာသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်တွင် အမေရိကန် တင်နက်ဆီပြည်နယ် မန်းဖစ်မြို့ရှိ ဟိုတယ်တခုတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Read More
VOM News

FREE
VIEW