ဟာရာရေး၊ ဧပြီ-၄-၂၀၂၄
မျိုးဆက်(VOM)
ဇင်ဘာဘွေနိုင်ငံတွင် ကာလရှည်ကြာမိုးခေါင်ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အမျိုးသားသဘာဝဘေးအဖြစ် သမ္မတအီမာဆန်မနန်ဂါဂွါက ကြေညာလိုက်ပါတယ်။
မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကောက်ပဲသီးနှံ ထက်ဝက်ခန့် ပျက်စီးသွားပြီး ငတ်မွတ်ခေါင်းပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဇင်ဘာဘွေအနေနဲ့ ဒေါ်လာ နစ်ဘီလီယံ လိုအပ်ကြောင်းသမ္မတကပြောပါတယ်။
ဆန်ရေစပါး ပြတ်လပ်မှုကြောင့် စားနပ်ရိက္ခာဈေးနှုန်းတွေလည်း မြင့်တက်လာပြီး ခန့်မှန်းခြေပြည်သူ ၂ ဒသမ ၇ သန်းဟာ ခတ်မွတ်ခေါင်းပါးမှုအပြင် ငွေကြေးဖောင်းပွမှုနဲ့လည်း ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဇင်ဘာဘွေနဲ့ အိမ်နီးချင်းမာလာဝီနဲ့ ဇမ်ဘီယာနိုင်ငံတို့ကလည်း မိုးခေါင်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအဖြစ် မကြာသေးမီကကြေညာခဲ့ရပါတယ်။
အာဖရိကတောင်ပိုင်း တလျှောက်မှာ မိုးခေါင်ရေရှားမှုဟာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။ ဒေသတွင်းရှိလူပေါင်း ၁၃ ဒသမ ၆ သန်းဟာ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images
