အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင် ဖမ်းဆီးစစ်ဆေးခံနေရ

နေပြည်တော် ဧပြီ ၁၀-၂၀၂၄
KT(VOM)

၂၀၁၀ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးလည်းဖြစ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်ကို ဒီကနေ့ ဧပြီ ၁၀ ရက်မနက်ပိုင်းက နေပြည်တော်မှာ ဖမ်းဆီးလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဖမ်းဆီးတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် သူ့ရဲ့ နေပြည်တော်အိမ်ကို ဝင်စီးပြီး ဖမ်းသွားတာသိရကြောင်း ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်နဲ့ နီးစပ်သူတယောက်ပြောပြတာက

” အဲ့လိုတော့ ပြောနေကြတယ်ဗျ သူက ကျားဖျန့်နဲ့ ဆက်စပ်တဲ့နေရာမှာ ဆရာကြီးလို့ ကြားတယ်၊ တော်တော်လေး လွန်လွန်ကျွံကျွံ လုပ်ထားတယ်လို့ပြောတယ်၊ သူ အဲ့ဒီဘက်မှာ တော်တော်ကြာကြာနေခဲ့တယ်”
၂၀၁၀ ရွေးကောက်ပွဲနောက် ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်ဟောင်းတယောက် ပြောပြတာက

” သူက ရမခ ဒုတိုင်းမှူးလေ၊ လားရှိုးတိုင်းမှုး၊ ဒကစ မှူး၊ ကစထမှူး၊ သူ့ထက်ပိုပြီးခြေသွက်တာ ဗိုလ်ချုပ်ကြီး အောင်းသန်းထွဋ်၊ ကျနော်တို့ လွှတ်တော်ထဲတုန်းက ကိုးကန့်ကအဖွဲ့တွေ ေကျာ်ညီနိုင်တို့လေ အဲ့ဒီကောင်တွေက ကိုအောင်သန်းထွဋ်ရဲ့ တပည့်တွေလေ၊ အဲဒီဟာတွေနဲ့ သူက နီးစပ်တယ်”

ဖမ်းဆီးသွားတုန်းက ဘာအကြောင်းကြောင့်လို့ မပြောဘဲ စစ်ဆေးနေတယ်လို့ဘဲ သိရပြီး ဘယ်နေရာကို ဖမ်းခေါ်သွားတယ်ဆိုတာလည်း မသိရှိရသေးပါဘူး။

ဦးမြင့်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ အနားယူခဲ့သူဖြစ်ပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွင် စစ်ဦးစီး အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဒက္ခိဏသီရိမြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ကိုယ်စားလှယ်အဖြစ် ယှဥ်ပြိုင်အနိုင်ရခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW