ပြတ်တောက်ချိန်များနေတဲ့ကြားက သင်္ကြန်ရက်မီးပြတ်မယ်ဆိုပြီး YESC က ထပ်အသိပေးလို့ ပြည်သူ့ကြားဝေဖန်မှုတွေ ဆူညံ

ရန်ကုန် ၊ ဧပြီ ၁၀ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ဒီနေ့ကစပြီး သင်္ကြန်ကာလပြီးတဲ့အထိ လျှစ်စစ်မီးပြတ်တောက်မှုတွေ ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ကဒီနေ့မှာ အသိပေးလိုက်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ပိုများလာတာနဲ့အမျှ အအေးခန်းစက်ရုံတွေ၊ အအေးခန်းကုန်သိုလှောင်ရုံတွေ ၊စက်ရုံတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေအားလုံး ဒုက္ခ ရောက်ရတဲ့အပြင် ကုန်ကျစရိတ်လည်းမြင့်တက်လာတယ်လို့သိရပါတယ်။ ” ဒါကတော့ရှင်းပါတယ် မီးမလာတော့မီးစက်နဲ့သုံးရတယ်၊ မီးစက်သုံးရတော့ မီးစက်ဆီဖိုးကုန်မယ်၊အခုကလောင်စာဆီကစျေးတက်တယ် ၊ဝယ်ရခက်လာတယ်ဆိုတော့ မဖြစ်မနေလည်ပတ်ရတဲ့စက်ရုံတွေက ကုန်ကျစရိတ်ပိုကုန်မယ်၊ ကုန်ကျစရိတ်ပိုတာနဲ့ ပစ္စည်းကလည်း တက်မယ်၊ နောက်ဆုံးကုန်ဈေးနှုန်းတက်မယ်၊ ပိုကြပ်တည်းကြမယ်၊ ဝယ်လိုအားကျမယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ကုန်မှာပေါ့ ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် လုပ်ငန်းရှင်တဦးက သုံးသပ်ပြောပါတယ်။ လျှပ်စစ်မီး ပြတ်တောက်မှုတွေကြောင့် အသေးစားအလတ်စားလုပ်ငန်းတွေထဲက ဆီကြိတ်ခွဲစက်အချို့ရပ်နားတာတွေရှိသလို စက်ရုံအချို့ကလည်း ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုလျော့ကျလာနေတယ်လို့သိရပါတယ်။ အလားတူ ပြည်သူလူထုအတွက်လည်း ယခုလိုပူပြင်းလှတဲ့နွေရာသီမှာ လျှပ်စစ်မီးပြတ်တောက်မှုက ဆိုးဝါးတဲ့ အချက်တခုဖြစ်နေတာကြောင့်…

Read More

ရန်ကုန်မှာ YBS ကား ဘရိတ်ပေါက်ပြီး ကားငါးစီးဆင့်တိုက်လို့ ၁၅ ယောက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့

ဧပြီ ၁၀ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ နှစ်ရက်အတွင်း YBS ကား ဘရိတ်ပေါက်ပြီး ကား ငါး စီးဆင့်တိုက်လို့ ၁၅ ယောက် ထိခိုက် ဒဏ်ရာရမှုနဲ့ ကားမီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ‌ဧပြီ ၉ ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ် မှာ YBS ကားဘရိတ်ပေါက်ပြီး ကား ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ အောင်ဆန်းကားမှတ်တိုင်အနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS – 77 ကား ဘရိတ်ပေါက်ပြီး YBS- 145 ကားကို ဝင်တိုက်မိကာ အဲ့ဒီ့ကနေတဆင့် နောက်ထပ် အိမ်စီးကားသုံးစီးကို ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “လူနာ ၁၅ ယောက်က…

Read More

ပြည်တွင်းရွှေစျေး ၄၈ သိန်းကျော်အထိ ဆက်လက်မြင့်တက်လာ

ယနေ့ ရွှေဈေး (ဧပြီ – ၁၀ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင် ဖမ်းဆီးစစ်ဆေးခံနေရ

နေပြည်တော် ဧပြီ ၁၀-၂၀၂၄ KT(VOM) ၂၀၁၀ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီးလည်းဖြစ် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်ကို ဒီကနေ့ ဧပြီ ၁၀ ရက်မနက်ပိုင်းက နေပြည်တော်မှာ ဖမ်းဆီးလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ဖမ်းဆီးတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် သူ့ရဲ့ နေပြည်တော်အိမ်ကို ဝင်စီးပြီး ဖမ်းသွားတာသိရကြောင်း ဒုဗိုလ်ချုပ်ကြီးမြင့်လှိုင်နဲ့ နီးစပ်သူတယောက်ပြောပြတာက ” အဲ့လိုတော့ ပြောနေကြတယ်ဗျ သူက ကျားဖျန့်နဲ့ ဆက်စပ်တဲ့နေရာမှာ ဆရာကြီးလို့ ကြားတယ်၊ တော်တော်လေး လွန်လွန်ကျွံကျွံ လုပ်ထားတယ်လို့ပြောတယ်၊ သူ အဲ့ဒီဘက်မှာ တော်တော်ကြာကြာနေခဲ့တယ်” ၂၀၁၀ ရွေးကောက်ပွဲနောက် ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်ဟောင်းတယောက် ပြောပြတာက ” သူက ရမခ ဒုတိုင်းမှူးလေ၊ လားရှိုးတိုင်းမှုး၊ ဒကစ မှူး၊ ကစထမှူး၊ သူ့ထက်ပိုပြီးခြေသွက်တာ ဗိုလ်ချုပ်ကြီး အောင်းသန်းထွဋ်၊ ကျနော်တို့ လွှတ်တော်ထဲတုန်းက…

Read More

ဂါဇာအရေးမှာ အစ္စရေးဝန်ကြီးချုပ် အမှားအယွင်းလုပ်နေတယ်လို့ ဂျိုးဘိုင်ဒင် သတိပေး

ဝါရှင်တန်၊ ဧပြီ-၁၀-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့ ဂါဇာအရေးနဲပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုဟာ အမှားအယွင်းတခု ပြုလုပ်နေတယ်လို့ ယူဆကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ သူလုပ်နေတာတွေက အမှားတခုလို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေကို ကျွန်တော် သဘောမတူဘူး” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။ လက်ရှိအခြေအနေအရ ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် သီတင်းခြောက်ပတ်ကနေ ရှစ်ပတ်ထိ အစားအစာနဲ့ ဆေးဝါးအားလုံး ရရှိသင့်နေပြီလို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဂါဇာမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ပိုမိုဝင်ရောက်ခွင့်ရတဲ့အပေါ် မူတည်တယ်လို့ သူက သတိပေးထားပါတယ်။ “ ကျွန်တော်တောင်းဆိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးပါပဲ။ လာမယ့် သီတင်းပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်း ဂါဇာကိုဝင်ရောက်မယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအားလုံးကို ခွင့်ြ့ပုပေးဖို့ပါပဲ”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဂါဇာမှာ လိုအပ်တဲ့သူတွေအတွက် ခွင့်ပြုထားတဲ့ အကူအညီတွေကို…

Read More

ပြစ်ဒဏ်ကျခံနေရတဲ့ NLD ပါတီ နာယက ဦးဝင်းထိန် နှလုံးရောဂါဖောက်လို့ ဆေးကုသနေရ

မန္တလေး၊ ဧပြီ- ၁၀- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်က အိုးဘိုအကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ NLD ပါတီရဲ့ နာယကဖြစ်တဲ့ ဦးဝင်းထိန်ဟာ မနေ့ ဧပြီ ၉ ရက်နေ့ ညနေပိုင်းက အပူရှပ်ခြင်း(Heat exhaustion) ဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ မန္တလေးပြည့်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ NLD ပါတီဝင်တဦးက “အဘဦးဝင်းထိန်ဆေးရုံတက်တာ မှန်ပါတယ်၊ သူနေတဲ့ထောင်တွင်း တိုက်၄ က ပူတယ်၊ အသက်ကြီးတော့ အတော်ခံစားရမယ် ၊ ကျနော်တို့ လူမမာမေးဖို့တော့မလွယ်ဘူး” လို့ အတည်ပြုပြောပါတယ်။ ဦးဝင်းထိန်းဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၂၄ အရ မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတာဖြစ်ပြီး မနေ့ ဧပြီ ၉ ရက်နေ့ ည ၇…

Read More

လေးလကျော် ကာလအတွင်း ကျပ် ၁၀ သိန်းကျော် မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေး

ဧပြီ ၁၀ – ၂၀၂၄ SN (VOM) လက်ရှိ ပြည်တွင်း အခေါက်ရွှေဈေးဟာ လေးလကျော် ကာလအတွင်း ကျပ် ၁၀ သိန်းကျော်အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က အခေါက်ရွှေဈေးဟာ တကျပ်သားကို ကျပ် သုံးဆယ့်ခုနစ်သိန်း တသောင်းဈေး ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာတော့ ကျပ် လေးဆယ့်ခုနစ်သိန်း ရှစ်သောင်းဈေးကို စံချိန်တင် ရောက်ရှိနေကာ လေးလကျော်ကာလအတွင်း ကျပ် ဆယ်သိန်း ခုနစ်သောင်း မြင့်တက်လာတာ ဖြစ်ပါတယ်။ “ဒီ တရက်၊ နှစ်ရက်အတွင်းမှာ ကမ္ဘာ့ရွှေဈေးတွေကလည်း တော်တော်ကိုတက်သွားပါတယ်။ ပြည်တွင်းမှာလည်း ဒီလိုပဲ တိုင်းပြည်အခြေအနေအရလည်း ပါတာပေါ့။ အဝယ်များပြီး တက်လာတာပါ။ ပြီးတော့ သင်္ကြန်နီးတော့လည်း အဝယ်နည်းနည်း များသွားတာလည်းပါမယ်။ နောက်…

Read More

အီတလီမှာ ဓါတ်အားပေးစက်ရုံ ရေအောက်ပေါက်ကွဲမှု လေးယောက်သေပြီး အများအပြား ပျောက်ဆုံးနေ

ရောမ၊ ဧပြီ-၁၀-၂၀၂၄ မျိုးဆက်(VOM) အီတလီနိုင်ငံမြောက်ပိုင်းမှာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် လူလေးယောက် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘိုလော့နာမြို့ကနေ ၄၃ မိုင်အကွာမှာ တည်ရှိတဲ့ ဆူဗီယာနာကန်ရှိ ဓါတ်အားပေးစက်ရုံဟာ ရေအောက် ပေ ၁၀၀ အနက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောဆိုထားပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေစဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ယူဆရကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ လေးယောက်မနက် သုံးယောက်က အသက် ၃၅ နှစ်မှ ၇၃ နှစ်အရွယ်တွေဖြစ်ပါတယ်။ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဟာ ရေမျက်နှာပြင်အောက် ရှစ်ထပ်မှာ ပေါက်ကွဲခဲ့ပြီး ရေအောက်နစ်မြုပ်သွားပြီး ဒီဖြစ်စဉ်ကြောင့် အများအပြားဒဏ်ရာရရှိကာ ရဟတ်ယာဉ်နဲ့ ဆးရုံပို့ထားရပါတယ်။ လက်ရှိတွင် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေကြပြီး အီတလီရဲ့ အကြီးဆုံးသော သမဂ္ဂနှစ်ခုဟာ ဒီကိစ္စနဲ့ပတ်သက်၍ ဧပြီ ၁၀ ရက်မှာ…

Read More

မြဝတီတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်လို့ မဲဆောက်ကို စစ်ရှောင်သူ အများအပြားရှိလာနေ

ဧပြီ ၁၀ – ၂၀၂၄ GG (VOM) ကရင်ပြည်နယ် မြဝတီမြို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာကြောင့် မြို့ထဲနေထိုင်သူထဲက ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို စစ်ရှောင်သူအရေအတွက်များလာပြီး BGF တပ်တွေကလည်း မြို့ထဲမှာ နေ့ရောညပါ ကင်;လှည့်ပြီးလုံခြုံရေးရယူနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မြဝတီမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ မြို့အပြင် ခလရ ၂၇၅ ဘက်မှာ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံ၊လေကြောင်းပစ်ခတ်သံ တွေဆက်တိုက်ရှိနေတာကြောင့် မြို့ထဲကို တိုက်ပွဲကူးစက်လာမှာစိုးရိမ်လို့ မြို့ခံအချို့က မဲဆောက်ကို စစ်ဘေးရှောင်သွားရောက်မှုပိုများလာနေတာဖြစ်တယ်လို့သိရပါတယ်။ ” မဲဆောက်ကို တော်တော်များများသွားကြတယ်။မဲဆောက်သွားသူတွေကတော့ ငွေကြေးတတ်နိုင်သူတွေသွားကြတယ်။ အလွယ်ကူဆုံးတိမ်းရှောင် နည်းဆိုတော့လေ၊တချို့လည်း အောက် (ရန်ကုန်)လည်းပြန်ဆင်းတာရှိတယ်။ ရန်ကုန်ဆင်းချင်ရင်ထို့ကော်ကိုးလမ်းပဲရှိတယ်။ BGF တွေကတော့ နေ့ရောညရော ပတ်ပေး နေတယ်၊အယောက်၅၀ လောက်ရှိမယ် ” လို့ မြဝတီမြို့ခံတယောက်က လက်ရှိအခြေအနေကို ပြောပြပါတယ်။ လက်ရှိမှာ မြဝတီ မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်၁…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၀ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၀ ကျပ် ဝယ်ဈေး – ၅၁၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More
VOM News

FREE
VIEW