ဂါဇာအရေးမှာ အစ္စရေးဝန်ကြီးချုပ် အမှားအယွင်းလုပ်နေတယ်လို့ ဂျိုးဘိုင်ဒင် သတိပေး

ဝါရှင်တန်၊ ဧပြီ-၁၀-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုရဲ့ ဂါဇာအရေးနဲပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုဟာ အမှားအယွင်းတခု ပြုလုပ်နေတယ်လို့ ယူဆကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ သူလုပ်နေတာတွေက အမှားတခုလို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေကို ကျွန်တော် သဘောမတူဘူး” လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောပါတယ်။

လက်ရှိအခြေအနေအရ ဂါဇာကမ်းမြှောင်ဒေသမှာ လာမယ့် သီတင်းခြောက်ပတ်ကနေ ရှစ်ပတ်ထိ အစားအစာနဲ့ ဆေးဝါးအားလုံး ရရှိသင့်နေပြီလို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဂါဇာမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ပိုမိုဝင်ရောက်ခွင့်ရတဲ့အပေါ် မူတည်တယ်လို့ သူက သတိပေးထားပါတယ်။

“ ကျွန်တော်တောင်းဆိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးပါပဲ။ လာမယ့် သီတင်းပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အတွင်း ဂါဇာကိုဝင်ရောက်မယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးအားလုံးကို ခွင့်ြ့ပုပေးဖို့ပါပဲ”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဂါဇာမှာ လိုအပ်တဲ့သူတွေအတွက် ခွင့်ပြုထားတဲ့ အကူအညီတွေကို ပိတ်ပင်ထားတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေက စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကိုတိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ သေဆုံးပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း သုံးသောင်း သုံးထောင်ကျော် သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW