အစ္စရေးရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်စ်တို့ ပယ်ချဖွယ်ရှိ


ဂါဇာစီးတီး၊ မေ-၁-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘဲ ပယ်ချဖွယ်ရှိနေပါတယ်။

အစ္စရေးနဲ့ဟားမတ်စ်တို့အကြား ဆက်လက်ဖြစ်ပွားနေတိုက် တိုက်ပွဲတွေအဆုံးသတ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးတို့အတွက် ဆွေးနွေးပွဲတွေကို အီဂျစ်နဲ့ ကာတာ ဗြိတိန် အပါအဝင် အမေရိကန်တို့က ကြားဝင်ဖျန်ဖြေလျက်ရှိပါတယ်။

အစ္စရေးအဆိုပြုချက်မှာ ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းအကျဉ်းသားထောင်ပေါင်းများစွာ လွှတ်ပေးရေးတို့ပါဝင်ကြောင်း ဗြိတိန်နို်ငငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

ဒါက ထူးခြားရက်ရောတဲ့ အစ္စရေးရဲ့ ကမ်းလှမ်းမှုဖြစ်ပြီး သဘောတူညီချက်ရယူဖို့ ဟားမတ်စ်အဖွဲ့ကို ဗြိတိန်နဲ့ အမေရိကန်တို့က တိုက်တွန်းနေပါတယ်။ ဒါက ဓါးစာခံတွေလွတ်မြောက်ရေးနဲ့အတူ တိုက်ပွဲတွေအဆုံးသတ်ရေး အစ္စရေးဘက်က ပထမဆုံးအကြိမ်ကမ်းလှမ်းမှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

“ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုရပ်လိုက်တာက စေတနာ မပါဘူး။ တိုက်ခိုက်တယ်ဆိုကတည်းက ရာဇဝတ်မှုပါ။ တိုက်ခိုက်တာရပ်လိုက်တာက ရာဇဝတ်မှုကို အဆုံးသတ်လိုက်တာမုတ်ဘူး။ အစ္စရေးက ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို မလိုချင်သေးဘူး” လို့ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တယောက်က မှတ်ချက်ပြုပြောဆိုပါတယ်။ ဒီအတောအတွင်း အစ္စရေးစစတပ်က ဂါဇာမှာရှိတဲ့ ရာဖာမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာက စိုးရိမ်ပူပန်နေကြပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW