အီတလီမှာ ဓါတ်အားပေးစက်ရုံ ရေအောက်ပေါက်ကွဲမှု လေးယောက်သေပြီး အများအပြား ပျောက်ဆုံးနေ

ရောမ၊ ဧပြီ-၁၀-၂၀၂၄
မျိုးဆက်(VOM)
အီတလီနိုင်ငံမြောက်ပိုင်းမှာ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် လူလေးယောက် သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဘိုလော့နာမြို့ကနေ ၄၃ မိုင်အကွာမှာ တည်ရှိတဲ့ ဆူဗီယာနာကန်ရှိ ဓါတ်အားပေးစက်ရုံဟာ ရေအောက် ပေ ၁၀၀ အနက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောဆိုထားပါတယ်။
ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေစဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ယူဆရကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ လေးယောက်မနက် သုံးယောက်က အသက် ၃၅ နှစ်မှ ၇၃ နှစ်အရွယ်တွေဖြစ်ပါတယ်။
ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဟာ ရေမျက်နှာပြင်အောက် ရှစ်ထပ်မှာ ပေါက်ကွဲခဲ့ပြီး ရေအောက်နစ်မြုပ်သွားပြီး ဒီဖြစ်စဉ်ကြောင့် အများအပြားဒဏ်ရာရရှိကာ ရဟတ်ယာဉ်နဲ့ ဆးရုံပို့ထားရပါတယ်။
လက်ရှိတွင် ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေကြပြီး အီတလီရဲ့ အကြီးဆုံးသော သမဂ္ဂနှစ်ခုဟာ ဒီကိစ္စနဲ့ပတ်သက်၍ ဧပြီ ၁၀ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လေးနာကြာ သပိတ်မှောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW