စစ်ကိုင်းတိုင်းက မြို့နယ် ၇ ခုမှာ မိုးသက်လေပြင်းကျလို့ သေဆုံးသူ တဦးနဲ့ အဆောက်ဦး သုံးရာကျော်ပျက်စီး

မေ ၊ ၂ ၊ ၂၀၂၄
SP(VOM)
စစ်ကိုင်းတိုင်းက မြို့နယ် ခုနှစ်မြို့နယ်မှာ မနေ့ မေ ၁ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က မိုးသက်လေပြင်း တိုကျခဲ့ရာ ထိခိုက်သေဆုံးသူ လူတချို့ရှိခဲ့ပြီး ဘာသာရေး အဆောက်ဦးတွေအပါအဝင် လူနေအိမ် သုံးရာထက်မနည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
မိုးသက်လေပြင်းတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေကတော့ မုံရွာ ၊ ဆားလင်းကြီး ၊ ယင်းမာပင် ၊ ကနီ ၊ ဘုတလင် ၊ အရာတော်နဲ့ မုံရွာ မန္တလေး ကားလမ်းပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။
” ညနေ ၄ နာရီဝန်းကျင်က မုံရွာမြို့ရဲ့ အနောက်မြောက်ဘက်ကနေ လေကြီး မိုးကြီးတွေ စကျတယ် ၊ တိုက်ခတ်ချိန် တနာရီ နီးပါးကြာတယ်၊ အဲ့ဒါကြောင့် မြို့ရဲ့နေရာတော်တော်များများမှာ သစ်ပင် ၊ သစ်ကိုင်းတွေကျိုးတယ် ၊ လျှပ်စစ်ဓာတ်မီးတိုင်နဲ့ ဖုန်းတိုင်တွေ ပြိုလဲတယ် ၊ မုံရွာ မန္တလေး ကားလမ်း ၊ မုံရွာ ၊ ဘုတလင် ၊ ဒီပဲယင်းကားလမ်းနဲ့ မုံရွာ ၊ အရာတော် ကားလမ်းတလျောက် သစ်ပင်ကြီးတွေ ပြိုလဲပြီး လမ်းတွေပိတ်ကုန်တယ် “လို့ ကူညီကယ်ဆယ်ရေး ပရဟိတသမားတယောက်က ပြောပါတယ်။
ကူညီကယ်ဆယ်ရေး ပရဟိတသမား ကိုကျော်မင်းထွန်းက ” မုံရွာ ထန်းတောဇီးခြံ ၁၉ လမ်းထဲက အသက် ၁၂ နှစ်အရွယ် ၊ ေကာင် လေးတယောက် လေလွင့်လာတဲ့ သွပ်ပြားထိခိုက်ရှမိပြီး သေဆုံးတယ် ၊ ဓာတ်မီးတိုင်းနဲ့ ဖုန်းတိုင် တွေပြိုလဲတယ် ၊ ပြုပြင်စရာတွေကျန်ရှိနေသေးလို့ လျှပ်စစ်မီး မရနိုင်သေးဘူး ” လို့ ပြောပါတယ်။
အဲ့ဒီ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ တိုင်း မီးသတ်ဦးစီးဌာနကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ဓာတ်ပုံ ၊ ကိုကျော်မင်းထွန်း (မုံရွာ)

Related posts

Leave a Comment

VOM News

FREE
VIEW