ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်နိုင်ငံ ရောက်ရှိ

ပေကျင်း၊ မေ-၁၆-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံ မြို့တော်ပေကျင်းကို ရောက်ရှိနေပါတယ်။
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအဖြေရှာဖို့ ရုရှားသမ္မတပူတင်က တိုက်တွန်းနေချိန်မှာ တရုတ်သမ္မတရှီကျင်းပင်ကလည်း ယူကရိန်းစစ်ပွဲအတွက် နိုင်ငံရေးအရ အဖြေရှာလိုနေချိန်မှာ သူတို့နှစ်ယောက် ထိပ်သီးဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒါဟာ ရုရှားသမ္မတရွေးကောက်ပွဲအပြီး ပဉ္စမမြောက် သမ္မတသက်တမ်း ထမ်းဆောင်နေတဲ့ သမ္မတပူတင်အတွက် ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှု နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစဉ်မှာ တနှစ်ကျော်အတွင်း သမ္မတနှစ်ယောက်ရဲ့ တတိယအကြိမ်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ စစ်ဘက်ရေးရာတွေကို အားနည်းစေဖို့ရည်ရွယ်တဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ်တွေရဲ့ ရာနဲ့ချီတဲ့အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ ရုရှားအတွက်တော့ တရုတ်နိုင်ငံဟာ အဓိကမဟာဗျူဟာကျတဲ့ မဟာမိတ်လည်းဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ထိသီးဆွေးနွေးပွဲမှာတော့ ယူကရိန်းအရေး၊ ဂါဇာစစ်ပွဲနဲ့ နိုင်ငံတကာကိစ္စတွေအပြင် ဒေသတွင်းကိစ္စတွေကိုပါ အမြင်ချင်းဖလှယ်ဆွေးနွေးကြဖွယ်ရှိနေပါတယ်။

Ref:BBC

Related posts

Leave a Comment

VOM News

FREE
VIEW