သူတို့အိမ် အခန်း (၁၇၂)

ဆူးငှက်   စာပေသမား ထမ်းဆောင်ရမယ့် တာဝန် —————————————- သြဂုတ်လ ၁၂ ရက်မှာ သဘောထား တင်ပြ တောင်းဆိုချက်တွေ ထုတ်ပြန်အပြီး၊ စာပေနှင့် အနုပညာရှင်များအဖွဲ့ သပိတ်စခန်းဖွင့်တာ၊ စာပေနှင့်အနုပညာရှင်များ စစ်ကြောင်းထွက် ဆန္ဒပြတာတွေကို သက်ဆိုင်ရာ စစ်ကြောင်းကြီးများရဲ့ သံဃာတော် များ ဦးဆောင်မှုနဲ့ လှုပ်ရှားခဲ့ကြသည်။ သို့သော် စာရေးဆရာ၊ အနုပညာရှင်များ၏ ပခုံးပေါ် ကျရောက်လာသော တာဝန်ကို ဒီထမ်းဆောင်မှုဟာ လုံလောက်ပါရဲ့လား။ သြဂုတ်လကုန်ခါနီး ဆန္ဒပြ အရှိန် အဟုန်မြင့်မားဆဲ ကာလမှာပင် ကျွန်တော်တို့ ခေါင်းချင်းဆိုင်ကြပြန်ပါသည်။ ဒီအချိန် ရန်ကုန်ဗဟိုပြုပြီး တစ်ပြည်လုံး အတိုင်းအတာအရ သတင်းမှန်များ တိကျစွာ အလျင်အမြန် ထုတ်ပြန် ချိတ်ဆက်နိုင်ရေး နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ မူဝါဒရေးရာ ထုတ်ပြန် ကြေညာရေးများက အရေးအကြီးဆုံး ဖြစ်နေပါပြီ။ ကောလာဟလ သတင်း တေနှင့်…

Read More

မြိုင်မြို့နယ်က ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ‌ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရ

ဇူလိုင် ၁၆ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ မြိုင်မြို့နယ် (တောင်ပိုင်း) မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစိုးရတပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး မြိုင်မြို့နယ်အတွင်း ဝင်ရောက်လာတာဖြစ်ကာ မနေ့ ဇူလိုင် ၁၅ ရက်နေ့၊ မနက်ပိုင်းမှာတော့ ညောင်ကုန်း၊ ကိုင်းတောမ၊ ထန်းငယ်တောကျေးရွာတွေကို ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ဝါးရင်းချိုင်၊ အိုင်းမနဲ့ ပေပင်တိုက် စတဲ့ ကျေးတွေအထိ ဖြန့်ကျက် နေရာယူထားတယ်လို့ သိရပါတယ်။ “မြိုင်စစ်ရှောင်အရေအတွက်က ထောင်နဲ့ချီ ရှိနိုင်တယ်။ တောတောင်ထဲကို ရှောင်ကြတာ။ စစ်ကြောင်းရောက်လာလို့ အခုလို ဒေသခံတွေ ရှောင်ရတယ် ဆိုတာက တိုက်ပွဲဖြစ်မှာ၊ တိုက်ပွဲကြား…

Read More

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာကိစ္စတွေကို နေပြည်တော်မှာ သုံးရက်ကြာ ဆွေးနွေးမယ်

နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။ ” အဓိကကတော့ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်လစ်ဆင်ကို ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ဒီမနက်မှာ ပရော်ဖက်ဆာ နှစ်ယောက်ရှိသွားပြီပေါ့နော် ရှင်းပြသွားတာ၊ ပြောရမယ်ဆိုရင် အိန္ဒိယက တကယ့်ကို အကြီးဆုံး ဒီမိုကရေစီတိုင်းပြည်ဖြစ်တယ်၊ အကြီးဆုံး ဖက်ဒရယ်တိုင်းပြည်ဖြစ်တယ်၊ သို့ပေမယ့်သူသည် သူ့ရဲ့ ကွန်စတီကျူးရှင်းထဲမှာ ဖက်ဒရယ်လို့ စာလုံးတလုံးမှ မပါဘူးပေါ့၊ ဒါပေမယ့် ဖက်ဒရယ်အနှစ်သာရတွေကို ပြည့်ပြည့်စုံစုံနဲ့သွားနေတဲ့နိုင်ငံဖြစ်တယ်၊ သူ့ထဲမှာ ဖက်ဒရယ်တွေကို ဘယ်လိုကျင့်သုံးသလဲ ဘယ်လိုပုံစံမျိုးနဲ့…

Read More

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ဆိုင်ရာ နေပြည်တော် ဆွေးနွေးပွဲကနေ ဘာတွေရနိုင်မလဲ

နေပြည်တော်၊ ဇူလိုင်- ၁၆- ၂၀၂၆ Voice Of Myanmar အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး တို့ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်ကိစ္စတွေရပ်ကို နေပြည်တော်က M Gallery ဟိုတယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ဇူလိုင် ၁၈ ရက်နေ့ အထိ သုံးရက်တိုင် ဆွေးနွေးကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဥက္ကဋ္ဌ ဦးဘရှိန်ကို VOICE OF MYANMAR (VOM) သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း က ဒီ​ဆွေး​နွေးပွဲနဲ့ ပတ်သက်တာတွေအပြင် ဒီအလုပ်ရုံဆွေးနွေးပွဲကနေ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် ဘာတွေပြုပြင်ပြောင်းလဲ နိုင်မလဲဆိုတာ အပါအဝင် စတဲ့မေးခွန်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။ ။ ဒီကနေ့ကျင်းပတဲ့ပွဲဟာ ကျနော်တို့နိုင်ငံအရေးအတွက်…

Read More

ကုလသမဂ္ဂညီလာခံ ခန်းမထဲက ထိုင်ခုံလေးတခုံ

MT(VOM) ​ကုလသမဂ္ဂ (UN) ဆိုတာ နိုင်ငံတကာ သံတမန်တွေ ဝတ်ကောင်းစားလှတွေဆင်ပြီး နိုင်ငံရေးကစားကြတဲ့ ဇာတ်ခုံကြီးတစ်ခုပါပဲ။ သာမန်လူတွေအမြင်မှာတော့ ကုလသမဂ္ဂရဲ့ ‘သံတမန်အရည်အချင်းစစ် ကော်မတီ’ (Credentials Committee) ဆိုတာ စာရွက်စာတမ်းလေးတွေ စစ်ဆေးတဲ့ ရုံးလုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုဖြစ်ပေမဲ့ သမိုင်းရဲ့ အလှည့်အပြောင်းတွေ၊ တိုင်းပြည်တွေရဲ့ ကံကြမ္မာ မုန်တိုင်းထန်ချိန်တွေမှာတော့ ဒီကော်မတီလေးဟာ ကမ္ဘာ့အာဏာကြီးနိုင်ငံတွေ ဓားမဆွဲဘဲ သွေးမထွက်ဘဲ အပြိုင်အဆိုင် ကစားကြတဲ့ သံတမန်စစ်မျက်နှာရဲ့ အချက်အချာ ဖြစ်လာတတ်ပါတယ်။ ​ကုလသမဂ္ဂ သံတမန်အရည်အချင်းစစ် ကော်မတီရဲ့ အလုပ်လုပ်ပုံ ​ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းအမှတ် ၂၇၊ ၂၈ နဲ့ ၂၉ (Rules of Procedure) အရ အထွေထွေညီလာခံ သက်တမ်းသစ်တစ်ခု (နှစ်စဉ် စက်တင်ဘာလ) စတင်တိုင်း ဒီကော်မတီကို ဖွဲ့စည်းရပါတယ်။ ကော်မတီမှာ အဖွဲ့ဝင် ၉ နိုင်ငံ…

Read More

စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲငယ်‌တွေ ပြန်ဖြစ်​နေလို့ နေရပ်ပြန်​တွေ တကျော့ပြန်ထွက်ပြေးရမယ့်အရေး စိုးရိမ်နေ

ဇူလိုင်-၁၆-၂၀၂၆ KKA (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်နေရပ်ပြန်တွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာ‌တွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်နေရပ်ပြန်တွေကို ကူညီပေးနေတဲ့ ချောင်းကြီးပရဟိတအသင်း တာဝန်ခံ ကိုဝင်းမောင်က VOMကိုပြောပါတယ်။ “ပစ်သံတွေက ကြားနေရတော့ စစ်ရှောင်ပြီး ပြန်လာကြတဲ့သူတွေက ပိုကြောက်ကြတာပေါ့။ပြန်ရှောင်ဖို့ကြတော့လည်း ငွေကြေး ဘာညာ အဆင်မပြေသူကများတယ်။ ပြန်ရောက်တာလည်း မကြာကြသေးဘူး။ သူတို့ထူထောင်ရေးတောင် မနည်းရုန်းကန်နေကြရတာလေ။ဒါတောင် ကျွန်တော်တို့ ပရဟိတအသင်းတွေ ချိတ်ဆက်ကူညီပေးနေလို့။ မဖြစ်မနေဆိုရင်တော့ အသက်ထက် ဘာမှအရေးမကြီးဘူးဆိုတော့ သူတို့ရှောင်မယ်ဆို ရှောင်နိုင်ဖို့ ကျွန်တော်တို့တ‌တွေ အတတ်နိုင်ဆုံး ကူညီပေးသွားမယ်။”လို့ ကိုဝင်းမောင်ကပြောပါတယ်။ တိုက်ပွဲတွေဟာ ဇူလိုင်လ ၁၁ရက်နေ့ကနေ့ ဒီနေ့ ဇူလိုင် ၁၆ရက်နေ့အထိ ပြန်လည် ဖြစ်နေတဲ့အတွက် ဒေသခံအများစုက စိုးရိမ်ထိတ်လန့်တာတွေ ‌ဖြစ်နေတာလဲဖြစ်ပါတယ်။ တိုက်ပွဲကြီးတွေဖြစ်ပွာတာမဟုတ်ပေမဲ့ တိုက်ပွဲငယ်သဘောမျိုးက နေရာအနှံ့ဖြစ်နေတာလို့လည်း ဒေသခံတွေကပြောပါတယ်။ “ဒီဘက်တွေက အခုလ ၁၁ရက်နေ့ကနေ ဒီနေ့အထိ…

Read More
VOM News

FREE
VIEW