ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ သဘောတူ

ဝါရှင်တန်၊ ဧပြီ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ နှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ဧပြီ ၁၀ ရက်မှာ ကတိပြုလိုက်ကြပါတယ်။

ဝါရှင်တန်မှာပြုလုပ်တဲ့ သူတို့နှစ်ယောက်ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကြေညာခဲ့တဲ့ အစီအစဉ်တွေမှာ ဩစတြေးလျနဲ့ လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တခု ဖြန့်ကြက်ဖို့လည်း ပါဝင်ပါတယ်။

ဒါအပြင် လကမ္ဘာကို လူသားတွေပြန်လည်စေလွှတ်မယ့် အမေရိကန်ရဲ့ လကမ္ဘာခရီးစဉ်မှာ ဂျပန်အာကာသယာဉ်မှူးတယောက် ပါဝင်ခွင့်ရမှာ ဖြစ်ပြီး အဆိုပါအစီအစဉ် အောင်မြင်ခဲ့ပါကလကမ္ဘာပေါ်ကို အမေရိကန်မဟုတ်တဲ့ ပထမဆုံးအာကာသယာဉ်မှူးဖြစ်လာမှာဖြစ်ပါတယ်။

နှစ်နာရီကြာဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ယောက် အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ အပြင် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနှင့်ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးမှု သဘောတူညီချက်တွေအရ အမေရိကန်စစ်တပ်ဟာ ဂျပန်စစ်တပ်နဲ့ ပူးတွဲကွပ်ကဲမှု ဌာနတခုကိုထူထောင်မှာ ဖြစ်ပြီးဩစတြေးလျနဲ့ အတူဒေသတွင်းမှာ ပူးတွဲလေကြောင်းကာကွယ်ရေးကွန်ရက် ဖော်ဆောင်အပြင် ဗြိတိန်နှင့်အတူသုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖိုကိုလည်းသဘောတူခဲ့ကြပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW