ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

ဂါဇာီစီးတီး၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီရက်စ်ရဲ့သား သုံးယောက်သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့နဲ့ မိသားစုက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးစစ်တပ်ကလည်း အတည်ပြုထားပြီး ဟားမတ်စ်ခေါင်းဆောင်ရဲ့ သားသုံးယောက်ကို စစ်ဆင်ရေးမှူးတွေ အဖြစ် ဖော်ပြထားပါတယ်။ ဟာဇမ်၊ အာမီယာ၊ မိုဟာမက်တို့ဟာ ဂါဇာကမ်းမြှောင်ဒေသရှိ အယ်လ်ရှာတီစခန်းကို ဗုံးကြဲခံရချိန်မှာ သေဆုံးခဲ့တာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိန်းကလေးသုံးယောက်နဲ့ ယောက်ကျားလေးတယောက်အပါအဝင် မြေးလေးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်က ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ခေါင်းဆောင်ရဲ့ မြေးလေးယောက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အချက်အလက်မရှိသေးကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်ရဲ့ မိသားစုနေအိမ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံခဲ့ရပါတယ်။ သားတွေရဲ့သွေးဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ အသက်သွေးထက် ပိုမြတ်နိုးစရာမဟုတ်ကြောင်း အသက် ၆၁ နှစ်အရွယ် ဟားမတ်စ်ခေါင်းဆောင်…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နေပြည်တော် အေလာတပ်နယ်နားမှာ တပတ်အတွင်း လေကြောင်းစနစ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ခံရ

ဧပြီ ၊ ၁၁ ၊ ၂၀၂၄ SP+KT ( VOM) ပြီးခဲ့တဲ့ ဧပြီ ၄ ရက်စလို့ ဒီကနေ့အထိ နေပြည်တော် အေလာ တပ်နယ်နားမှာ တပတ်အတွင်း တိုက်ခိုက်ခံရမှုဖြစ်စဥ် နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဒီမနက် ၅ နာရီဝန်းကျင်က အေလာတပ်နယ်ဘက်မှာ ရှော့တိုက်ဒုံး လေးငါးလုံးနဲ့ တိုက်ခိုက်ခံရတယ် ၊ ကနဦး ကြားရတာက ရှော့တိုက်ဒုံး ငါးလုံးနဲ့ အနက် မပေါက်ကွဲတဲ့ လေးလုံး သိမ်းဆည်းရမိပြီး ၊ ကျန်တလုံးကတော့ ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲပျက်စီးမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်၊ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း ၊ အေလာတပ်နယ်ကို အသေခံဒရုန်း တဒါဇင်မကနဲ့ တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ ဖြစ်စဥ်နဲ့ဆိုရင်…

Read More

မန္တလေးမှာ အိုးဝေမောင်းသူကို သတ်ပြီး အိုးဝေလုယူခံရမှုဖြစ်

မန္တလေး၊ ဧပြီ – ၁၁- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး – မတ္တရာကားလမ်းအရှေ့ဘက် အင်ကျယ်ရွာနဲ့ မင်းကန်ရွာကြား အိမ်ရှေ့ မင်းထန်းတောအနီးမှာ မနေ့ ဧပြီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အိုးဝေမောင်းတဲ့သူကို သတ်ပြီး TVS ယာဥ်အမျိုးစား အိုးဝေတစီးလုယူခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အိုးဝေးမောင်းတဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ဇင်ဝင်း(ခ) ကျော်ကြီးဟာ လည်ပင်းပြတ်ရှဓာဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူထံက သိရပါတယ်။ “နေ့လယ်မှာ အိမ်ပြန်ထမင်းမစားလို့ မိသားစုက ဖုန်းဆက်တဲ့အခါ ဖုန်းမကိုင်ပဲ ချပစ်လို့ ဖုန်းအားကုန်တယ်ထင်ပြီး ဆက်မခေါ်ပဲထားရာက ညနေအထိ အဆက်အသွယ်မရလို့ လိုက်ရှာကြတော့ ညနေပိုင်း သတင်းတွေ့တော့မှာ ရင်ခွဲရုံကို ရောက်နေတာသိရတာပါ”လို့ ကိုကျော်ဇင်ဝင်းရဲ့ မိတ်ဆွေတဦးက လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ သေဆုံးသူ ကိုကျော်ဇင်ဝင်းရဲ့ ရုပ်အလောင်းကို ဧပြီ ၁၁…

Read More

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ သဘောတူ

ဝါရှင်တန်၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ နှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ဧပြီ ၁၀ ရက်မှာ ကတိပြုလိုက်ကြပါတယ်။ ဝါရှင်တန်မှာပြုလုပ်တဲ့ သူတို့နှစ်ယောက်ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကြေညာခဲ့တဲ့ အစီအစဉ်တွေမှာ ဩစတြေးလျနဲ့ လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တခု ဖြန့်ကြက်ဖို့လည်း ပါဝင်ပါတယ်။ ဒါအပြင် လကမ္ဘာကို လူသားတွေပြန်လည်စေလွှတ်မယ့် အမေရိကန်ရဲ့ လကမ္ဘာခရီးစဉ်မှာ ဂျပန်အာကာသယာဉ်မှူးတယောက် ပါဝင်ခွင့်ရမှာ ဖြစ်ပြီး အဆိုပါအစီအစဉ် အောင်မြင်ခဲ့ပါကလကမ္ဘာပေါ်ကို အမေရိကန်မဟုတ်တဲ့ ပထမဆုံးအာကာသယာဉ်မှူးဖြစ်လာမှာဖြစ်ပါတယ်။ နှစ်နာရီကြာဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ယောက် အင်ဒို-ပစိဖိတ်ဒေသ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေ အပြင် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနှင့်ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှု သဘောတူညီချက်တွေအရ အမေရိကန်စစ်တပ်ဟာ ဂျပန်စစ်တပ်နဲ့ ပူးတွဲကွပ်ကဲမှု ဌာနတခုကိုထူထောင်မှာ ဖြစ်ပြီးဩစတြေးလျနဲ့ အတူဒေသတွင်းမှာ ပူးတွဲလေကြောင်းကာကွယ်ရေးကွန်ရက် ဖော်ဆောင်အပြင် ဗြိတိန်နှင့်အတူသုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုတွေလုပ်ဖိုကိုလည်းသဘောတူခဲ့ကြပါတယ်။ Ref:BBC Photo:Getty Images

Read More

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရပ်တန့်နိုင်မှာမဟုတ်ကြောင်း တရုတ်သမ္မ ရှီကျင်းပင်ပြော

ပေကျင်း၊ ဧပြီ-၁၁-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့်လို့ရမှာမဟုတ်ကြောင်းနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်သမ္မတဟောင်း မာရင်ရွှေနဲ့ တွေ့ဆံရာမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရင်ရွှေဟာ တရုတ်နိုင်ငံကို လာရောက်တဲ့ ပထမဆုံး ထိုင်ဝမ်ခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။ “ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေက နိုင်ငံနဲ့ မိသားစုန ပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို ရပ်တန့်လို့မရဘူးလို့ “ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရေလက်ကြားနှစ်ဘက်ရှိ လူမျိုးများမှာ တရုတ်လူမျိုးတွေသာဖြစ်ပြီး မဖြေရှင်းနိုင်တဲ့ ဒေါသတွေနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာတွေမရှိကြောင်းနဲ့ ခွဲထုတ်နိုင်တဲ့ အင်အားမျိုးမရှိဘူးလို့ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပြီး လက်ရှိမှာလည်း စစ်ရေးဖိအားတွေ…

Read More

မြဝတီတိုက်ပွဲကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ပြီ

မြဝတီ ၊ ဧပြီ ၁၁ – ၂၀၂၄ GG(VOM) မြဝတီမြို့နယ်၊ ထိုင်းမြန်မာနယ်စပ်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် -၂ ကို ဒီနေ့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စတင်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အမှတ် -၂ချစ်ကြည်ရေးတံတား ကို ခုမနက် ၁၀ နာရီခွဲကျော်လောက်မှာ ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ ကားတွေအပါအဝင်ဘာမှဖြတ်သန်းခွင့်မပေးတော့တာဖြစ်တယ်လို့သိရပါတယ်။ ” အမှတ် ၂ တံတားကတော့ပိတ်သွားပြီး၊မနက်အစောပိုင်းဖွင့်ပြီးပိတ်သွားတာ၊ ကုန်စည်ကားကိုအဝင်မခံတော့ပါဘူး။ဘယ်နေ့ပြန်ဖွင့်မလဲ မသိပါဘူး ” လို့ မြဝတီမြို့ခံတယောက် ကပြောပါတယ်။ အမှတ်၂ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပေမယ့် အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ခုချိန်ထိဖွင့်ပေးထားပြီး မဲဆောက်ဘက်ကိုသွားလာသူလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။ မြဝတီမြို့မှာ ဧပြီလ ၁၀ ရက်နေ့ညပိုင်းထဲက ခလရ ၂၇၅ ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာရပ်သွားပြီး ခုလက်ရှိ ဧပြီ ၁၁…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၈၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၂ ကျပ် ဝယ်ဈေး – ၅၁၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွှေမန်းတောင်ရိပ်ခို

    ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ     ဆူးငှက်     လွတ်လပ်ရေး ကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုမတ်လ ၁၁ ရက်ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များ အောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင် ဦးစီးသော မန္တလေး အခြေစိုက် အစိုးရ တပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အား ပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲ ဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်…

Read More
VOM News

FREE
VIEW