ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး ရပ်တန့်နိုင်မှာမဟုတ်ကြောင်း တရုတ်သမ္မ ရှီကျင်းပင်ပြော

ပေကျင်း၊ ဧပြီ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို ရပ်တန့်လို့ရမှာမဟုတ်ကြောင်းနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ထိုင်ဝမ်သမ္မတဟောင်း မာရင်ရွှေနဲ့ တွေ့ဆံရာမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာရင်ရွှေဟာ တရုတ်နိုင်ငံကို လာရောက်တဲ့ ပထမဆုံး ထိုင်ဝမ်ခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်လည်း ဖြစ်ပါတယ်။

“ ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေက နိုင်ငံနဲ့ မိသားစုန ပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို ရပ်တန့်လို့မရဘူးလို့ “ ရှီကျင်းပင်က ပြောဆိုခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရေလက်ကြားနှစ်ဘက်ရှိ လူမျိုးများမှာ တရုတ်လူမျိုးတွေသာဖြစ်ပြီး မဖြေရှင်းနိုင်တဲ့ ဒေါသတွေနဲ့ ဆွေးနွေးလို့မရတဲ့ ပြသနာတွေမရှိကြောင်းနဲ့ ခွဲထုတ်နိုင်တဲ့ အင်အားမျိုးမရှိဘူးလို့ ရှီကျင်းပင်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက စစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားဖူးပြီး လက်ရှိမှာလည်း စစ်ရေးဖိအားတွေ တိုးမြှင့်ပေးနေပါတယ်။

“ ရေလက်ကြားနှစ်ဘက်ရှိ တရုတ်လူမျိုးတွေဟာ အငြင်းပွားမှုအားလုံးကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပဋိပက္ခတွေကို ဦးတည်တာမျိုးကနေ ရှောင်ရှားဖို့ လုံလောက်တဲ့ ဉာဏ်ပညာရှိကြတယ်” လု့ိ ထိုင်ဝမ်သမ္မတဟောင်း မာရင်ရွှေက ရှီကျင်းပင်ကို ပြောဆိုခဲ့ပါတယ်။

Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW