ဟောင်ကောင်၊ ဧပြီ-၁၉-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ဇန်နဝါရီလအတွင်းက အပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြားဝင်စေ့စပ်နိုင်တဲ့ထိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ ဩဇာရှိနေတာကြောင့် မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်နဲ့ အာဆီယံ ပူးပေါင်းပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံနဲပ ဒေသတွင်းအုပ်စုဖြစ်တဲ့ အာဆီယံအဖွဲ့ အထူးသဖြင့် ထိုင်းနိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ University of Hong Kong’s Centre on Contemporary China and the World မှ ဒေါက်တာဘရိုင်ယန်ဝေါင်းက ပြောပါတယ်။
တရုတ်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် တဖက်သတ်ဆန်ဆန် မြန်မာ့ပြည်တွင်းရေးကို လွှမ်းမိုးပုံဖော်ဖို့ ကြိုးစားနေတာကို ရပ်တန့်ပြီး အာဆီယံအပါအဝင် တခြားပါဝင်သူတွေနဲ့ ပူးပေါင်းဖို့လိုတယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ စီးပွားရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အရေးပါတဲ့ နိုင်ငံဖြစ်သလို ထိုင်းနိုင်ငံဟာလည်း မြန်မာစစ်တပ်နဲ့ ကာလရှည်ကြာ နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးမှာ အရေးပါတဲ့ နိုင်ငံတွေဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူအချို့က ပြောပါတယ်။
“ ထိုင်းအစိုးရသစ်လက်ထက်မှာ ပိုမိုအားကောင်းတဲ့ သံတမန်ရေးရာချဉ်းကပ်မှု၊ ဖြန်ဖြေမှုနဲ့ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ပိုပြီးပါဝင်လာမယ့် အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတယ်” လို့ ဒေါက်တာ ဘရိုင်ယန်ဝေါင်းက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်ပြီး ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တဲ့ အရိပ်လက္ခဏာတွေရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ နစကအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG အပါအဝင် အင်အားစုတွေအပါအဝင် မြန်မာ့အရေးအဓိကကျတဲ့ အင်အားစုတွေနဲ့ ဆက်ဆံရေးရှိထားပြီး အာဆီယံအလှည့်ကျဥက္ကဌ လာအိုနဲ့လည်းနီးစပ်တဲ့ နိုင်ငံဖြစ်ပါတယ်။
“ဒါဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကကဏ္ဍမှရှိနေတယ်ဆိုတာ ထင်ရှားနေပြီး မြန်မာ့အရေး ပဋိပက္ခမှာ ပါဝင်သူအားလုံးအပေါ် ဩဇာလွှမ်းမိုးမှုရှိနေတယ်” အော်စလို ငြိမ်းချမ်းရေး သုတေသနဌာနက သုတေသီတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ သူရဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရေးကို တည်ငြိမ်စေဖို့ အလိုရှိနေသူဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။
Ref:CNA
Photo:Reuters
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...