ရန်ကုန်၊ ဧပြီ ၂၆ – ၂၀၂၄
GG (VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် လက်ခတ်တောင် နဲ့ လေးကေ့ကော်ဘက်မှာ တိုက်ပွဲ ပြန်ဖြစ်နေပြီး လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းပစ်ကူမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ညကတည်း ကပစ်ခတ်သံတွေကြားရတယ်။မြဝတီနဲ့က ဝေးတယ်ဆိုပေမယ့် ညကလူခြေတိတ်တော့ကြားရတယ်။ခုမနက်ပိုင်းတော့ အသံတွေသိပ်မကြားရဘူး။မြဝတီကတော့ငြိမ်နေပါတယ်။ခုကလေးကေ့ကော်ဘက်ဖြစ်နေတာပါ ” လို့ မြဝတီဒေသခံကပြောပါတယ်။
မနေ့က ဧပြီလ ၂၅ ရက်နေ့ ညပိုင်းမှာ နစကဘက်က လေကြောင်း ပစ်ခတ်မှုရှိပြီး လက်နက်ကြီး ပစ်ခတ်ပေါက်ကွဲသံတွေ ကြားခဲ့ရတာဖြစ်ကြောင်း ဒီကနေ့ဧပြီ ၂၆ ရက်မှာတော့ ပစ်ခတ်တာမျိုးမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။
” ညက လေကြောင်းပစ်ခတ်မှုတွေရှိခဲ့တယ်။ ခုမနက်တော့ ငြိမ်နေတယ်၊ ပစ်ခတ်သံတွေမကြားရဘူး။ဒီဘက်မှာတိုက်ပွဲတွေမဖြစ်တာတော့ကြာပြီ၊အခုပြန်ပြီး ပစ်ခတ်တာဖြစ်တယ်ပြောရမယ် ” လို့ လေးကေ့ကော်တိုက်ပွဲတွေကြောင့် နှစ်ချီကြာစစ်ရှောင်နေရသူတယောက် ကပြောပါတယ်။
လေးကေ့ကော်ဒေသမှာ နစက တပ်တွေနဲ့ KNU တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့ ၂၀၂၁ ထဲက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြားထဲမှာ တိုက်ပွဲဖြစ်လိုက် ရပ်သွားလိုက်ရှိပေမယ့် လေးကေ့ကော်နဲ့ မယ်ဝါးခီးကနေ စစ်ရှောင်လာရတဲ့ ဒေသခံတွေကတော့ နှစ်နှစ်ကျော်ကြာတဲ့အထိ နေရပ်ကိုမပြနိုင်ဘဲ စစ်ရှောင်နေကြရဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။
ခုချိန်ထိ လေးကေ့ကော်နဲ့ မယ်ဝါးခီးက ဒေသခံပြည်သူ ၃၀၀၀ ကျော်လောက်ဟာ နေရပ်ပြန်လို့မရတာကြောင့် မယ်ထော့်သလေးစစ်ရှောင်စခန်းအပါအဝင် စစ်ရှောင်စခန်း၁၀ခုလောက်မှာ မြေကွက်ငှားရမ်းကာ ကိုယ်တိုင်အလုပ်လုပ်ပြီး ဝင်ငွေရှာကာစစ်ရှောင်ပြီးနေထိုင် နေကြရတာဖြစ်တယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...