ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ လူ ၂၉ ယောက် ခွေးရူးကိုက်ခံရ



ပဲခူး ၊ ဧပြီ ၂၈ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်း၊ပဲခူးမြို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲဈေးမှာ ဧပြီလ ၂၇ ရက်နေ့ညက ဘုရားပွဲလာသူနဲ့ဈေးသည်အပါအဝင် ၂၉ ယောက် ခွေးရူးကိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခွေးရူးကိုက်ခံရတဲ့အထဲမှာ အသက် ၁၂ နှစ်မှ ၇၀ ကျော်အရွယ်အထိပါဝင်ပြီး အမျိုးသားက ၁၆ ယောက်၊အမျိုးသမီးက ၁၃ ယောက်ဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်တယ် ညတုန်းက ခွေးကိုက်ခံရတာ၂၀ ကျော်တယ်၊ဘုရားပွဲလာတဲ့သူတွေရော ပွဲဈေးက ဈေးသည်တွေရောအကိုက်ခံရတယ်၊ကိုက်ခံရတဲ့အထဲဆိုးရွားတာတော့မရှိပါဘူး။အကုန်လုံးချက်ခြင်းဆေးရုံပို့ပြီး ‌ဆေးထိုးပေးတယ်၊ ကဝမြို့ကတယောက်ပါတယ်။ကျန်တာက ပဲခူးမြို့ပေါ်ကပဲ၊ ‌ခွေးရူးကိုက်ခံရတဲ့အထဲမှာဘုရားပွဲလာသူက၂၇ယောက် ဈေးသည်ကနှစ်ယောက်ပေါ့ ၊ ခွေးကထွက်ပြေးသွားတယ်၊ခုထိတော့မမိသေးဘူး” လို့ ပဲခူးမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်ပြောပါတယ်။

ခွေးရူးကိုက်ခံရသူထဲမှာ ဈေးသည်ကနှစ်ယောက်သာပါဝင်ပြီးကျန် ၂၇ ယောက်က ပဲခူးမြို့ပေါ်ကဖြစ်တယ်လို့သိရပါတယ်။

ခွေးကိုက်ရသူတွေကတော့ ဦးကျော်စွာဝင်း၊ ဦးမောင်စံ၊ဦးကိုရ၊ဦးအေးလွင်၊မောင်စွမ်းထက်ကို၊ကိုသားကြီး၊ဇေယျာငြိမ်းချမ်း၊ကိုမင်းလွင်ဦး၊ကိုဝေလင်းဦး၊ဦးကျော်ဟန်တင်၊ကိုချစ်မင်းသူ၊ဦးရန်လင်း၊မောက်ကောင်းခန့်ပြည့်၊မောင်ကောင်းမြတ်စံ၊ဦးသိန်းဝင်း၊ကိုချစ်မင်းသူ၊ဒေါ်နွယ်နွယ်၊ဒေါ်ဇာဇာလွင်၊မအေးမြတ်သူ၊မဟန်နီစုစံ၊မလွင်မာ၊မအေမီထွန်း၊မဝင့်ဝါထက်၊ဒေါ်စံပယ်၊မဖြူဖြူသိမ့်၊ဒေါ်မေမွန်ဦး၊မသဇင်ဦး၊မရွေရတီပြည့်၊မဌေးတို့ဖြစ်တယ်လို့သိရပါတယ်။

ခွေးရူးကိုက်ခံရသူတွေကိုတော့ ညကတည်းကပဲခူးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကာ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ အဆိပ်ကျဆေး ထိုးနှံပေးခဲ့ပြီး ခုလကုန် ဧပြီ ၃၀ ရက်နဲ့ မေလထဲမှာလည်း ၄ ရက်နေ့တကြိမ်၊ ၂၅ ရက်နေ့တကြိအ်ဆေးသုံးကြိမ်ထပ်ထိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခွေးအကိုက်ခံရပြီးနောက် ခွေးရူးရောဂါကာကွယ်ဆေး အစီအစဉ်ကို ပြည့်စုံအောင်ထိုးထားမယ်ဆိုပါက ခွေးရူးပြန်ရောဂါက ကာကွယ်နိုင်သောရောဂါဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာမကအသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လူကိုခွေးကိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း ၁၅၀၀၀ မှ ၁၉၀၀၀၀ ဝန်ကျင်းအထိ ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနစာရင်းတွေအရသိရပါတယ်။

ခွေးရူးရောဂါက တိရစ္ဆာန်မှ လူကိုကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ၁၀၀ ရာခိုင်နှုန်းသေဆုံးနိုင်တဲ့ ရောဂါဖြစ်ကြောင်း ကမ္ဘာတဝှမ်းမှာ နှစ်စဉ်နှစ်တိုင်း လူ ၆ဝဝဝဝ ခန့် ခွေးရူးရောဂါဖြစ်ပွားပြီး အသက်ဆုံးရှုံးနေကြပြီး အဆိုပါလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက်ငယ်ရွယ် နုနယ်တဲ့ကလေးတွေဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့်ခွေးကိုက်ခံရပြီးပါက ၂၄ နာရီအတွင်းခွေးရူးပြန်ကာကွယ်ဆေးကို ချက်ခြင်းထိုးနှံသင့်ပါတယ်လို့ ဆရာဝန်တွေက အကြံပြုထားကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW