မူဆယ်က ဂိမ်းဆိုင် တဆိုင်မှာ ဗုံးပစ်ထည့်ခံရလို့ လူသုံးယောက် ထိခိုက်ဒဏ်ရာရ

ဧပြီ ၂၈၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မန့်ဝိန်း ၁ လမ်းနားက ဂိမ်းဆိုင် တဆိုင်မှာ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ည ၁၀ နာရီ ကျော်ခန့်က ဗုံးပစ်ထည့်ခံရပြီး ဆိုင်ထဲက လူ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။“ဗုံးပေါက်ကွဲတာ ဟုတ်တယ်။ မန့်ဝိန်း ၁ လမ်းမှာ။ အပြင်ကနေ ပစ်ထည့်တာ။ အခွန်မဆောင်လို့ ပေါ့။ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် ထိသွားတယ်။ နည်းနည်းပေါ့။ အရမ်းကြီး မစိုးရိမ်ရပါဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ဗုံးသံ နှစ်ချက် လောက်ကြားရပြီး လက်နက်သေးသံတွေလည်း ခြောက်ချက်လောက် ကြားရတယ်။ ကားတွေလည်း မြန်မြန် မောင်းနေသံ ကြားရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။“မူဆယ်မှာက မူးယစ်ဆေးဝါး၊…

Read More

“စောင့်ပက်”နဲ့”စကားလေးတစ်ခွန်းပဲဖြေပါချစ်လား”သီချင်း သီဆိုသူနဲ့ သရုပ်ဆောင်တွေ ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ခံရ

ရန်ကုန် ၊ ဧပြီ ၄ – ၂၀၂၄GG(VOM)” စောင့်ပက် ” သီချင်းနဲ့ ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား “သီချင်း သီဆိုသူတွေနဲ့ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။စောင့်ပက် ” သီချင်းကို ညောင်တုန်းဌေးဝင်း ဆိုသူက ရေးသားပြီး ဆံပင်သင်တန်းကျောင်းဖွင့်လှစ်ထားတဲ့ ချန်းလုံ က သီဆိုထားပြီးကိုယ်တိုင်သရုပ်ဆောင်ထားတာဖြစ်သလို“စကားလေးတစ်ခွန်းပဲဖြေ ချစ်လား” ဆိုတာကိုတော့ အဆိုတော် ဘရောင်း က ဖန်တီးကာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာဖြစ်တယ်လို့သိရပါတယ်။” ပထမတခါက ဘီယာဗိုက်အရေးယူတယ်၊အခု နောက်ထပ်နှစ်ခုထပ်အရေးယူတာပေါ့။ ချန်လုံးဆိုထားတဲ့ “စောင့်ပက် “သီချင်းကတော့ စာသားတွေတော်တော်ကိုဆိုးနဲ့အခြေအနေရှိတယ်၊သီချင်းစထွက်လာကတည်းကလူတိုင်းကလည်း ပြောကြတယ်၊ အမှန်ဆိုသီချင်းစထွက်ကတည်းကအရေးယူသင့်တာ၊အခုကနောက်တောင်ကျတယ်ပြောရမယ်။ ဘီယာဗိုက်သီချင်းနဲ့ပတ်သက်လို့အရေးယူထားတယ်ဆိုတာပဲသိတယ်၊နောက်ဆက်တွဲကရဲစခန်းဘက်မေးမှရမယ် ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တဦးကမှတ်ချက်ပြုပါတယ်။အဆိုပါတေး သီချင်းနှစ်ပုဒ်ဟာ မြန်မာ့ ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်တဲ့ သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသားနဲ့ ဖန်တီး ခြင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့တဲ့…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မရမ်းကုန်းက အိမ်ခြေ ၆၀၀ ဝန်းကျင် တလအတွင်းဖယ်ရှားပေးရတော့မည်

ဧပြီ ၂၈ – ၂၀၂၄SN (VOM)စည်ပင်မြေလို့ဆိုကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အိမ်ခြေ ၆၀၀ နီးပါးကို တလအတွင်း ဖယ်ရှားပေးဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စာပို့လာတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းနဲ့ မင်းဓမ္မလမ်းကြားရှိ အိမ်ခြေ ၆၀၀ နီးပါးကို တလအတွင်း ဖယ်ရှားပေးဖို့ ဧပြီ ၂၆ ရက်နေ့က စာပို့လာတာဖြစ်တယ်လို့ သိရပါတယ်။“စာလာပို့တာတော့ ဧပြီ ၂၆ ရက်နေ့၊ မနက်ကပါ။ ကျူးကျော်ဖျက်ဖို့ အကြောင်းကြားစာလိုမျိုး လာပို့သွားတာ။ ဒီနေရာမှာ နေတဲ့သူတွေ၊ အိမ်တွေက နှစ်ပေါင်း ၃၀/၄၀ မကတော့ဘူး။ ကျွန်တော်တို့ဆိုလည်း နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး။ နှစ် ၂၅၊ ၃၀ နီးပါးရှိပြီ။ အခုမှ စည်ပင်မြေဆိုပြီး ဖြစ်သွားတာ” လို့ ရပ်ကွက်နေ…

Read More

အစ္စရေးဓါးစာခံတွေရဲ့ ဗီဒီယိုဖိုင် ဟားမတ်စ်အဖွဲ့ ထုတ်ပြန် ၊သဘောတူညီချက်ရယူဖို့ အစ္စရေး အာဏာပိုင်တွေကို တိုက်တွန်း

ဂါဇာစီးတီး၊ ဧပြီ-၂၈-၂၀၂၄ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓါးစာခံနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်းကို ထုတ်ပြန်လိုက်ပြီး ကျန်ရှိနေတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီချက်တခုရယူဖို့ အစ္စရေးအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဟားမတ်စ်တို့ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲက ဓါးစာခံနှစ်ယောက်ဟာ အောက်တိုဘာ ၇ ရက် ဖမ်းဆီးခံလိုက်ရတဲ့ Keith Siegel နဲ့ Omri Miran ဆိုသူတို့ဖြစ်ပြီး Keith Siegel ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ကြောင်း ဓါးစာခံနဲ့ ပျောက်ဆုံးမိသားစုတွေ ကူညီရေးလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ “ ကျွန်တော်တို့ကို ဟားမတ်စ်တို့က ဒီနေရာမှာ ဖမ်းဆီးထားတာ ရက်ပေါင်း ၂၀၂ ရက်ရှိနေပါပြီ။ ဒီမှာ အခြေအနေတွေက သိပ်အဆင်မပြေဘူး။ အရမ်းခက်ခဲတယ်။ ဗုံးတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ ဘေးကင်းလုံခြုံစွာနဲ့ ဒီကနေ ဘေးကင်းစွာထွက်နိုင်ဖို့အတွက် သဘောတူညီချက်တရပ်ကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ” လို့ အသက်…

Read More

ယူကရိန်းစွမ်းအင် အဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်သလို ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက တန်ပြန်တိုက်ခိုက်

ကိယက်ဗ်၊ ဧပြီ-၂၈-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒီနီပရိုက်ပက်ထရိုစ်ခ်နဲ့ အခြားနေရာတွေရှိ ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်မှုကြောင့် ဓါတ်အားပေးစက်ရုံလေးရုံ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ဟာလည်း ရုရှားရှိ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် ကရာစနိုဒါဒေသရှိ ရေနံချက်စက်ရုံရဲ့ တစိတ်တပိုင်း ရပ်ဆိုင်းထားရတယ်လို့ ရုရှား အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအတောအတွင်း ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ပက်ထရီးယော့ဒုံးကျည်တွေ အလျင်အမြန်ပေးပို့သွားမယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။ ထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းဖိုးဖြစ်ပြီး ဒုံးကျည်ပစ်စင်တွေတော့ ထပ်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ ရုရှားရဲ့ များပြားလှတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်တွန်းလှန်ဖို့အတွက် ပက်ထရီးယော့ဒုံးကျည်တွေ အရေးပေါ်လိုအပ်နေပြီး ဒါတွေက ယူကရိန်းပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။ ယူကရိန်းအတွက် လက်ရှိ စစ်ရေးအကူအညီတွေက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၈ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၂ ကျပ်ဝယ်ဈေး – ၅၃၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၁၂ ကျပ်ဝယ်ဈေး – ၂၄.၅၉ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၇၉ ကျပ်ဝယ်ဈေး – ၄၆.၇၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၉ ကျပ်ဝယ်ဈေး – ၂.၈၃ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၁၂၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ လူ ၂၉ ယောက် ခွေးရူးကိုက်ခံရ

ပဲခူး ၊ ဧပြီ ၂၈ – ၂၀၂၄GG (VOM)ပဲခူးတိုင်း၊ပဲခူးမြို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲဈေးမှာ ဧပြီလ ၂၇ ရက်နေ့ညက ဘုရားပွဲလာသူနဲ့ဈေးသည်အပါအဝင် ၂၉ ယောက် ခွေးရူးကိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ခွေးရူးကိုက်ခံရတဲ့အထဲမှာ အသက် ၁၂ နှစ်မှ ၇၀ ကျော်အရွယ်အထိပါဝင်ပြီး အမျိုးသားက ၁၆ ယောက်၊အမျိုးသမီးက ၁၃ ယောက်ဖြစ်တယ်လို့သိရပါတယ်။” ဟုတ်တယ် ညတုန်းက ခွေးကိုက်ခံရတာ၂၀ ကျော်တယ်၊ဘုရားပွဲလာတဲ့သူတွေရော ပွဲဈေးက ဈေးသည်တွေရောအကိုက်ခံရတယ်၊ကိုက်ခံရတဲ့အထဲဆိုးရွားတာတော့မရှိပါဘူး။အကုန်လုံးချက်ခြင်းဆေးရုံပို့ပြီး ‌ဆေးထိုးပေးတယ်၊ ကဝမြို့ကတယောက်ပါတယ်။ကျန်တာက ပဲခူးမြို့ပေါ်ကပဲ၊ ‌ခွေးရူးကိုက်ခံရတဲ့အထဲမှာဘုရားပွဲလာသူက၂၇ယောက် ဈေးသည်ကနှစ်ယောက်ပေါ့ ၊ ခွေးကထွက်ပြေးသွားတယ်၊ခုထိတော့မမိသေးဘူး” လို့ ပဲခူးမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်ပြောပါတယ်။ခွေးရူးကိုက်ခံရသူထဲမှာ ဈေးသည်ကနှစ်ယောက်သာပါဝင်ပြီးကျန် ၂၇ ယောက်က ပဲခူးမြို့ပေါ်ကဖြစ်တယ်လို့သိရပါတယ်။ခွေးကိုက်ရသူတွေကတော့ ဦးကျော်စွာဝင်း၊ ဦးမောင်စံ၊ဦးကိုရ၊ဦးအေးလွင်၊မောင်စွမ်းထက်ကို၊ကိုသားကြီး၊ဇေယျာငြိမ်းချမ်း၊ကိုမင်းလွင်ဦး၊ကိုဝေလင်းဦး၊ဦးကျော်ဟန်တင်၊ကိုချစ်မင်းသူ၊ဦးရန်လင်း၊မောက်ကောင်းခန့်ပြည့်၊မောင်ကောင်းမြတ်စံ၊ဦးသိန်းဝင်း၊ကိုချစ်မင်းသူ၊ဒေါ်နွယ်နွယ်၊ဒေါ်ဇာဇာလွင်၊မအေးမြတ်သူ၊မဟန်နီစုစံ၊မလွင်မာ၊မအေမီထွန်း၊မဝင့်ဝါထက်၊ဒေါ်စံပယ်၊မဖြူဖြူသိမ့်၊ဒေါ်မေမွန်ဦး၊မသဇင်ဦး၊မရွေရတီပြည့်၊မဌေးတို့ဖြစ်တယ်လို့သိရပါတယ်။ခွေးရူးကိုက်ခံရသူတွေကိုတော့ ညကတည်းကပဲခူးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ကာ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ အဆိပ်ကျဆေး ထိုးနှံပေးခဲ့ပြီး ခုလကုန် ဧပြီ ၃၀ ရက်နဲ့ မေလထဲမှာလည်း ၄…

Read More

ရွှေဘို – ဆိပ်ခွန် ကားလမ်း မင်းကုန်းတံတား PDF ဂိတ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး

ဧပြီ ၊ ၂၈ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရဲ့ အနောက်တောင်ဘက် မင်းကုန်းကျေးရွာနားမှာရှိတဲ့ ရွှေဘို – ဆိပ်ခွန်ကားလမ်းမှာ မနေ့ ဧပြီ ၂၇ ရက် ၊ နေ့လယ်ပိုင်းက နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မင်းကုန်းတံတားမှာ တိုက်ပွဲဖြစ်တာပါ ၊ အဲ့ဒီ နေရာမှာက PDF တွေဂိတ်ရှိတယ် ၊ နာရီဝက်လောက် ပစ်ခတ်သံတွေကြားရပြီးနောက် အမျိုးသား အလောင်း နှစ်လောင်းတွေ့ရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ မုံရွာ – ဖားကန့် – မြစ်ကြီးနားကို ကုန်စည်ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” တိုက်ပွဲဖြစ်တဲ့…

Read More
VOM News

FREE
VIEW