ယူကရိန်းစွမ်းအင် အဆောက်အအုံတွေကို ရုရှားက တိုက်ခိုက်သလို ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက တန်ပြန်တိုက်ခိုက်

ကိယက်ဗ်၊ ဧပြီ-၂၈-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒီနီပရိုက်ပက်ထရိုစ်ခ်နဲ့ အခြားနေရာတွေရှိ ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်မှုကြောင့် ဓါတ်အားပေးစက်ရုံလေးရုံ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ဟာလည်း ရုရှားရှိ ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကြောင့် ကရာစနိုဒါဒေသရှိ ရေနံချက်စက်ရုံရဲ့ တစိတ်တပိုင်း ရပ်ဆိုင်းထားရတယ်လို့ ရုရှား အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီအတောအတွင်း ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ပက်ထရီးယော့ဒုံးကျည်တွေ အလျင်အမြန်ပေးပို့သွားမယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။
ထောက်ပံ့မှုအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းဖိုးဖြစ်ပြီး ဒုံးကျည်ပစ်စင်တွေတော့ ထပ်ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
ရုရှားရဲ့ များပြားလှတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်တွန်းလှန်ဖို့အတွက် ပက်ထရီးယော့ဒုံးကျည်တွေ အရေးပေါ်လိုအပ်နေပြီး ဒါတွေက ယူကရိန်းပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။
ယူကရိန်းအတွက် လက်ရှိ စစ်ရေးအကူအညီတွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့တဲ့ ဒေါ်လာ ၆၁ ဘီလီယံအကူအညီတွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။
Ref:NHK/BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW