အစ္စရေးဓါးစာခံတွေရဲ့ ဗီဒီယိုဖိုင် ဟားမတ်စ်အဖွဲ့ ထုတ်ပြန် ၊သဘောတူညီချက်ရယူဖို့ အစ္စရေး အာဏာပိုင်တွေကို တိုက်တွန်း

ဂါဇာစီးတီး၊ ဧပြီ-၂၈-၂၀၂၄
မျိုးဆက်(VOM)
ဟားမတ်စ်အဖွဲ့ဟာ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓါးစာခံနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်းကို ထုတ်ပြန်လိုက်ပြီး ကျန်ရှိနေတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီချက်တခုရယူဖို့ အစ္စရေးအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဟားမတ်စ်တို့ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုထဲက ဓါးစာခံနှစ်ယောက်ဟာ အောက်တိုဘာ ၇ ရက် ဖမ်းဆီးခံလိုက်ရတဲ့ Keith Siegel နဲ့ Omri Miran ဆိုသူတို့ဖြစ်ပြီး Keith Siegel ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ကြောင်း ဓါးစာခံနဲ့ ပျောက်ဆုံးမိသားစုတွေ ကူညီရေးလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။
“ ကျွန်တော်တို့ကို ဟားမတ်စ်တို့က ဒီနေရာမှာ ဖမ်းဆီးထားတာ ရက်ပေါင်း ၂၀၂ ရက်ရှိနေပါပြီ။ ဒီမှာ အခြေအနေတွေက သိပ်အဆင်မပြေဘူး။ အရမ်းခက်ခဲတယ်။ ဗုံးတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့ ဘေးကင်းလုံခြုံစွာနဲ့ ဒီကနေ ဘေးကင်းစွာထွက်နိုင်ဖို့အတွက် သဘောတူညီချက်တရပ်ကို အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ” လို့ အသက် ၄၇ နှစ်အရွယ် Omri Miran က ဗီဒီယိုဖိုင်မှာ ပြောဆိုထားပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုကို ထုတ်ပြန်မှုက အစ္စရေးအစိုးရအနေနဲ့ လာမယ့် မေ ၁၄ ရက်မတိုင်ခင် ဓါးစာခံအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် သဘောတူညီချက်တရပ်ကို အလုံးစုံလုပ်ဆောင်ရမယ်ဆိုတာ အထင်ရှားဆုံး သက်သေလို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဓါးစာခံတယောက်ဖြစ်တဲ့ Hersh Goldberg-Polin အသက်ရှင်နေကြောင့် ဟားမတ်စ်တို့က ထုတ်ပြန်ပြီးနောက် သုံးရက်အကြာမှာ ဓါးစာခံတွေနဲ့ပတ်သက်တဲ့နောက်ဆုံး ဗီဒီယိုထုတ်ပြန်ခဲ့တာဖြစ်ပြီး သုံးရက်အကြာမှ နောက်ဆုံးဗီဒီယိုကို ထုတ်ပြန်ခဲ့တာဖြစ်ကာ Keith Siegel နဲ့ Omri Miran တို့ကို ဟားမတ်စ်တို့က ဖိအားပေး ပြောဆိုခိုင်းဖွယ်ရှိနေပါတယ်။
ဒီအတောအတွင်း ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ သေးတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ဖို့ အစ္စရေးအစိုးရကို ဖိအားပေး ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေပါတယ်ါ
Ref:CNA
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW