မန္တလေးစက်မှု(၂)မှာ မီးလောင်မှုဖြစ်

မန္တလေး၊ ဧပြီ- ၁- ၂၀၂၄ SA(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု ၂ ၊ ၁၃၉ လမ်းနဲ့ ၆၅ လမ်းထောင့်မှာ ဒီကနေ့ဧပြီ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမီးလောင်ကျွမ်းမှုကြောင့် တွဲကားတစီး၊ ကုန်စုံဆိုင်တခု၊ ကိုယ်ပိုင်အထက်တန်းကျောင်းတခုတို့ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးထိန်းနိုင်တဲ့အနေအထားမှာ ရောက်နေပြီဖြစ်ပါတယ်။ မီးလောင်မှုကို အဆင့်၁ အနေအထားသတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်ဆဲဖြစ်တယ်လို့ မီးသတ်ဌာနက သိရပါတယ်။

Read More

ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ပြန်စ

ကိုင်ရို၊ ဧပြီ -၁-၂၀၂၄ မျိုးဆက်(VOM) ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအပါအဝင် ဂါဇာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးပွဲတွေပြန်စဖို့အတွက် အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေတယ်လို့ အစ္စရေး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အစ္စရေးကိုယ်စားလှယ်အဖွဲ့နဲ့ အီဂျစ်ညှိနှိုင်းရေးမှူးတွေရဲ့ စေ့စပ်ဆွေးနွေးမှုရလဒ် ဘာတွေထွက်ပေါ်လာမလည်းဆိုတာကို စောင့်ကြည့်သွားမယ်လို့ ဟားမတ်စ်တာဝန်ရှိသူတယောက်က ပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အီဂျစ်နဲ့ ကာတာနိုင်တို့က ကြားဝင်ညှိနှိုင်းပေးနေတာဖြစ်ပါတယ်။ ကိုင်ရို ဆွေးနွေးပွဲမှာတော့ ဟားမတ်စ်အဖွဲ့က ပါဝင်တက်ရောက်မှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ဟာ အပစ်ရပ်ဖို့နဲ့ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးဘက်ကတော့ ပယ်ချထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဟားမတ်စ်တို့ရဲ့ အုပ်ချုပ်မှုနဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အဆုံးတိုင် ဖျက်ဆီးပစ်မယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက…

Read More

နိုင်ငံရေး အကျဥ်းသား သေဆုံးမှု အဖြစ်များလာ

ဧပြီ ၊ ၁ ၊ ၂၀၂၄ SP ( VOM) ဒီနှစ်ဆန်း ၃လ အတွင်း နိုင်ငံရေးအကျဥ်းသား နိုင် / ကျဥ်း သေဆုံးမှုဖြစ်စဥ် အရေအတွက် မြင့်တက်လာနေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ “နိုင်/ ကျဥ်း သေဆုံးမှုဖြစ်စဥ်တွေက မုံရွာ ၊ ထားဝယ်နဲ့ ပဲခူး ဘက်တွေမှာ ဖြစ်တယ် ၊ သေဆုံးရတဲ့ အကြောင်းကတော့ အမှုနဲ့ ပတ်သက်ပြီး သက်သေခံ ပစ္စည်း လိုက်လံပြသပေးရာကနေ ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ရာကနေ သေဆုံးတာလို့ အာဏာပိုင်တွေက ဆိုကြတယ် ” လို့ နိုင်ငံရေးအကျဥ်းသားေဟာင်း တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၉ ရက်က ၊ စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ် အနှစ် ၃၀…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၁ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၈၀ ကျပ် ဝယ်ဈေး – ၃၈၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၁၀ ကျပ် ဝယ်ဈေး – ၂၇၆၀ ကျပ် -ယူရို ရောင်းဈေး – ၄၂၁၀ ကျပ် ဝယ်ဈေး – ၄၁၂၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၅.၂၆ ကျပ် ဝယ်ဈေး – ၁၀၃.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၄ ကျပ် ဝယ်ဈေး – ၅၁၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၂၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မတ်လအတွင်း စစ်ကိုင်းတိုင်းထဲက ပစ်ခတ်မှုတွေကြောင့် လူ တရာကျော် သေဆုံးခဲ့

ဧပြီ ၊ ၁ ၊ ၂၀၂၄ SP (VOM) ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလတာ ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာပေါက်ကွဲမှုတွေ ၊ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူ လူတရာကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မတ်အတွင်းမှာ ထိခိုက် သေဆုံးရမှု တွေ အများဆုံး ဖြစ်စဥ်က ၊ ကနီမြို့နယ် ၊ ပင်လည်ဘူးမြို့နယ်နဲ့ ကလေးမြို့နယ်ဘက်တွေမှာ အဖြစ်များတယ် ၊ နောက်ပြီး ဖမ်းဆီး သတ်ဖြတ်မှုဖြစ်စဥ်က ရွှေဘို ၊ ကန့်ဘလူနဲ့ ကောလင်းဘက်မှာ အဖြစ်များတယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁ ရက် ၊ မနက်ပိုင်းက ချောင်းဦးမြို့နယ်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ်…

Read More

ယနေ့ ရွှေဈေး (မတ် – ၃၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြိုင်မြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေကြား သီလရှင် တပါး အပါအဝင် သေဆုံးသူတွေရှိပြီး လူနေအိမ်တွေ မီးလောင်

မတ် ၃၁ ၊ ၂၀၂၄ SP ( VOM) ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး သီလရှင် ဆရာကြီးတပါး အပါအဝင် အမျိုးသမီး နှစ်ယောက်သေဆုံးကာ လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မတ် ၂၉ ရက် ၊ နေ့လယ်ပိုင်းကစပြီး ဒီကနေ့အထိ မြိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ မြိုင်မြို့ အမှတ် ၁ နဲ့ ၃ ရပ်ကွက်တွေဘက်မှာ လူနေအိမ် နှစ်ဆယ်ကျော်လောက် မီးရှို့ဖျက်ဆီးခံရတယ် ၊ နောက်ပြီး ကိုးဆောင်ဓမ္မရိပ်သာမှာ သီလရှင် ဆရာကြီးတပါးနဲ့ အမှတ် ၁ ရပ်ကွက်မှာနေတဲ့…

Read More
VOM News

FREE
VIEW