ရန်ကုန် ၊ မေ ၁၀ – ၂၀၂၄
GG (VOM)
ခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေ
လှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
” အရှေ့လေပွေလှိုင်းတခုရွေလျားလာမှုကြောင့် မိုးမျှော်နေရာတဲ့ ရန်ကုန်တိုင်းအပါအဝင် နောက် ၂၂နာရီအတွင်း ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်တယ်။အပူချိန်မြင့်တက်နေစဥ် ရွာမယ့်မိုးဖြစ်လို့ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပြုဖို့လိုပါတယ် ” လို့ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကပြောပါတယ်။
မိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းတို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီ းစစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းမှာ
နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်
လို့ သိရပါတယ်။
အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း မေလအတွင်းမှာ လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်ေတွဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်ကြောင်းနဲ့ မိုးကြိုး၊လျှပ်စီး၊မိုးသီးနဲ့ လေပြင်းတိုက်ခြင်းကိုသတိပြုကြဖို့ ပြောဆိုထားပါတယ်။
မြန်မာတနိုင်ငံလုံးကိုမုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့ ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။
” ခုလထဲရွာတာကတော့ ေန့အပူချိန်တွေမြင့်တက်ပြီးအပူပျံတက်တွေကနေတဆင့် မိုးတိမ်တောင်တွေဖြစ်ပြီး ရွာတာမျိုးပေါ့။မုတ်သုံလေဝင်ရောက်မှုအနေနဲ့က မေ ၂၂ ကနေ ၂၆ အတွင်းမှာမြန်မာနိုင်ငံ တောင်ပိုင်း၊ ၂၇ ရက်ကနေ ဇွန်လ ၁ ရက်ကိုမြစ်ဝကျွန်းပေါ်လို့မှန်းထားတယ် ” လို့ ဆိုပါတယ်။
မိုးထစ်ချုန်းပြီး လျှပ်စီးလက်နေချိန် သက်တမ်း
ရင့်ပြီး မြင့်မားတဲ့ သစ်ပင်ကြီးတွေ အောက်မှာ ဝင်ရောက် မိုးခိုခြင်းက မိုးကြိုးပစ်ခံရနိုင်တာကြောင့် မိုးရွာနေချိန် မိုးခိုမယ်ဆိုရင် အရွက်များပြီး နိမ့်တဲ့သစ်ပင်အောက်မှာသာ မိုးခိုကြဖို့၊ လျှပ်စစ်စီးဆင်းနိုင်တဲ့ သံ၊ သတ္တုစတဲ့ပစ္စည်းတွေမကိုင်ဖို့၊ပြတင်းပေါက်အနားမှာမနေဖို့ လည်း ပညာရှင်တွေကသတိပေးထားကြပါတယ်။
မြန်မာနိုင်ငံမှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီ ၊ မေလနဲ့ မိုးနှောင်း ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလက မိုးကြိုးပစ်မှုများဆုံးကာလတွေဖြစ်ပြီး မိုးကြိုးအပစ်များဆုံးအချိန်တွေကတော့ မွန်းတည့်ချိန်ကနေ ညနေ ၆ နာရီအတွင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။
လက်ရှိ မြန်မာတနိုင်ငံလုံးမှာဆိုရင် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်အတွင်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပါတယ်။
Photo: မိုး/ဇလ
Related posts
-
ထိုင်းရှိ ဘုန်းကြီးကျောင်းမှာ လူသေအလောင်း ၄၀ ကျော်တွေ့ရှိမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄ ရတီ(VOM) ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း... -
လားရှိုးမြို့နယ် နမ့်ပေါင်ဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်... -
အစ္စရေးကို ဟဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၆၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က...