ခုရက်ပိုင်း မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ် ၊မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ အန္တရာယ်တွေသတိပြုဖို့လို


ရန်ကုန် ၊ မေ ၁၀ – ၂၀၂၄
GG (VOM)

ခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေ
လှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

” အရှေ့လေပွေလှိုင်းတခုရွေလျားလာမှုကြောင့် မိုးမျှော်နေရာတဲ့ ရန်ကုန်တိုင်းအပါအဝင် နောက် ၂၂နာရီအတွင်း ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်တယ်။အပူချိန်မြင့်တက်နေစဥ် ရွာမယ့်မိုးဖြစ်လို့ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပြုဖို့လိုပါတယ် ” လို့ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကပြောပါတယ်။

မိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းတို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီ းစစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းမှာ
နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်
လို့ သိရပါတယ်။

အလားတူ မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း မေလအတွင်းမှာ လေပွေလှိုင်းတွေရဲ့ အရှိန် နဲ့ အပူပျံတက်တိမ်​ေတွဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မိုးရွာသွန်းနိုင်ကြောင်းနဲ့ မိုးကြိုး၊လျှပ်စီး၊မိုးသီးနဲ့ လေပြင်းတိုက်ခြင်းကိုသတိပြုကြဖို့ ပြောဆိုထားပါတယ်။

မြန်မာတနိုင်ငံလုံးကိုမုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့ ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။

” ခုလထဲရွာတာကတော့ ​ေန့အပူချိန်တွေမြင့်တက်ပြီးအပူပျံတက်တွေကနေတဆင့် မိုးတိမ်တောင်တွေဖြစ်ပြီး ရွာတာမျိုးပေါ့။မုတ်သုံလေဝင်ရောက်မှုအနေနဲ့က မေ ၂၂ ကနေ ၂၆ အတွင်းမှာမြန်မာနိုင်ငံ တောင်ပိုင်း၊ ၂၇ ရက်ကနေ ဇွန်လ ၁ ရက်ကိုမြစ်ဝကျွန်းပေါ်လို့မှန်းထားတယ် ” လို့ ဆိုပါတယ်။

မိုးထစ်ချုန်းပြီး လျှပ်စီးလက်နေချိန် သက်တမ်း
ရင့်ပြီး မြင့်မားတဲ့ သစ်ပင်ကြီးတွေ အောက်မှာ ဝင်ရောက် မိုးခိုခြင်းက မိုးကြိုးပစ်ခံရနိုင်တာကြောင့် မိုးရွာနေချိန် မိုးခိုမယ်ဆိုရင် အရွက်များပြီး နိမ့်တဲ့သစ်ပင်အောက်မှာသာ မိုးခိုကြဖို​့၊ လျှပ်စစ်စီးဆင်းနိုင်တဲ့ သံ၊ သတ္တုစတဲ့ပစ္စည်းတွေမကိုင်ဖို့၊ပြတင်းပေါက်အနားမှာမနေဖို့ လည်း ပညာရှင်တွေကသတိပေးထားကြပါတယ်။

မြန်မာနိုင်ငံမှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီ ၊ မေလနဲ့ မိုးနှောင်း ကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလက မိုးကြိုးပစ်မှုများဆုံးကာလတွေဖြစ်ပြီး မိုးကြိုးအပစ်များဆုံးအချိန်တွေကတော့ မွန်းတည့်ချိန်ကနေ ညနေ ၆ နာရီအတွင်း ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။

လက်ရှိ မြန်မာတနိုင်ငံလုံးမှာဆိုရင် ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်အတွင်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းသေဆုံးမှုရှိနေပါတယ်။

Photo: မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW