တရုတ်နဲ့ ကမ္ဘောဒီးယားတို့ မေ ၃၀ ရက်ထိ ပူးတွဲစစ်ရေး​ လေ့ကျင့်နေ



ဖနွမ်းပင်၊ မေ-၁၈-၂၀၂၄
မျိုးဆက်(VOM)

အရှေ့တောင်အာရှနိုင်ငံတွေအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုများ တိုးပွားမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်နေပါတယ်။

ရွှေနဂါးလို့ အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံ ကွမ်ချန်းနဲ့ ပရက်ဆီဟန်နော့ပြည်နယ်တွေမှာ လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၀၀ ကျော်နဲ့ တရုတ်တပ်ဖွဲ့ဝင် ၇၀၀ ကျော်တို့နဲ့အတူ မေ ၃၀ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေ အခြားအဆင့်မြင့်လက်နက်တွေနဲ့အတူ စစ်သင်္ဘော ၁၄ စင်းလည်းပါဝင်မယ်လို့ ဆိုပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှု အဖွင့်နေ့မှာတော့ တရုတ်စစ်တပ်ဟာ စက်သေနတ်တွေတပ်ဆင်ထားတဲ့ စက်ရုပ်ခွေးတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ နှစ်စဉ်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုဟာ အကြမ်းဖက်မှု တန်ပြန်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်း တောင်တရုတ်ပင်လယ်အနီးရှိ ကမ္ဘောဒီးယားနိုင်ငံ ရန်းမ်ရေတပ်အခြေစိုက်စခန်းမှာ တရုတ်စစ်သင်္ဘောနှစ်စင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဆိုက်ကပ်ရောက်ရှိနေပြီး ဒီအခြေစိုက်စခန်းဟာ တရုတ်စစ်တပ်အတွက် ဗျူဟာမြောက် ကင်းစခန်းဖြစ်လာနိုင်တဲ့အပေါ် အမေရိကန်နဲ့ မဟာမိတ်တွေက စိုးရိမ်ပူပန်နေပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW