တရုတ်သွင်းကုန်တွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံနိုင်တယ်လို့ ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၅
ရတီ(VOM)
ဥရောပသမဂ္ဂအပေါ် အခွန်စည်းကြပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုလိုက်ပြီး တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမှုကို ဖေဖော်ဝါရီ ၁ ရက်မှ စတင်နိုင်တယ်လို့ ပြောပါတယ်။
ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို ဝင်ရောက်မှုနဲ့ပတ်သက်ပြီး တရုတ်ကို အခွန်ကောက်ဖို့ ရည်မှန်းထားပြီး အီးယူ-အမေရိကန် ကုန်သွယ်ရေးမညီမျှမှုကိုလည်း ပြုပြင်ဖို့လိုတယ်လို့ ထရန့်က အိမ်ဖြူတော်မှာသတင်းထောက်တွေကို ပြောပါတယ်။
ဒီနိုင်ငံတွေက အမေရိကန်ကို ဆိုးဆိုးရွားရွားဆက်ဆံနေပြီး ဒါကြောင့်သူတို့ဟာ အခွန်အခတွေ ပေးဆောင်ရမှာဖြစ်ပြီး ဒီလိုမလုပ်ရင် တရားမျှတမှုမရှိဘူးလို့ အီးယူနဲ့ပတ်သက်ပြီး သူကပြောပါတယ်။ အီးယူဟာ လုံလောက်တဲ့ အမေရိကန်ထုတ်ကုန်တွေကို တင်သွင်းမှုမရှိကြောင်း၊ ဒါကြောင့်အ ခွန်စည်းကြပ်တာ ဒါမှမဟုတ် အမေရိကန်ရဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွေကို ပိုမိုဝယ်ယူဖို့ လိုတယ်လို့ ထရန့်က ဆိုပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါတို့ကိုတော့ ဖန်တနိုင်းမူးယစ်ဆေးတွေ တားဆီးနိုင်မလားဆိုတဲ့အချက်အပေါ် အခြေခံပြီး တရုတ်ကိုတော့ အခွန် ၁၀ ရာခိုင်နှုန်းကောက်ဖို့ ဖေဖော်ဝါရီ ၁ ရက်က စီစဉ်နေတဲ့ ရက်စွဲပဲလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမေရိကန်အနေနဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့ကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံနိုင်တယ်လို့ အစောပိုင်းမှာ ထရန့်က ပြောဆိုထားခဲ့ပြီး အမေရိကန်ကို တရားမဝင်လာရောက်သူတွေနဲ့ ဖန်တနိုင်းမူးယစ်ဆေးတွေကို ရပ်တန်အောင် မလုပ်ဆောင်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
ထရန့်ဟာ သမ္မတဖြစ်တဲ့နေ့မှာပဲ ကုန်သွယ်ရေးလိုငွေပြမှု၊ တရားမျှတမှုမရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ ငွေကြေးခြယ်လှယ်မှုအပါအဝင် ကုန်သွယ်ရေးဆိုင်ရာပြသနာတွေကိုလေ့ဖို့ အေဂျင်စီတွေကို ညွှန်ကြားတဲ့ အမိန့်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW