တူရကီမှာ နှင်းလျှောစီး အပန်းဖြေဟိုတယ် မီးလောင်မှု လူ ၇၆ ယောက်သေဆုံး

အန်ကာရာ၊ ဇန်နဝါရီ-၂၂-၂၀၂၅
မျိုးဆက်(VOM)
တူရကီနိုင်ငံရှိ နာမည်ကြီးနှင်းလျှောစီး အပန်းဖြေဟိုတယ်တခုမှာ မီးလောင်မှုကြောင့် လူ ၇၆ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဘိုလူရှိ သစ်သားနဲ့ တည်ဆောက်ထားတဲ့ ၁၂ ထပ်အမြင့်ရှိ ဂရန်းကာတယ်ဟိုတယ်မှာ မီးလောင်ကျွမ်းချိန်မှာတော့ အားလပ်ရက်အပန်းဖြေသူ ၂၃၄ ယောက ဟိုတယ်မှာ တည်းခိုနေထိုင်နေပါတယ်။
မီးလောင်ကျွမ်းမှုအပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသူ ၁၀ ယောက်ထိရှိခဲ့ပြီး ပြတင်းပေါက်ကနေခုန်ချလို့ လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ မီးကို ၁၂ ကြာငြှိမ်းသတ်ခဲ့ရပြီး ဟိုတယ်ပိုင်ရှင်အပါအဝင် လူကိုးယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။
ဒဏ်ရာရသူ ၅၁ ယောက်အနက် တယောက်မှာ အခြေအနေစိုးရိမ်ရပြီး ၁၇ ယောက်မှာ ဆေးရုံဆင်းခွင့်ရှိသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်ချိန်တွင် ဟိုတယ်ပိုင်ရှင်မိသားစုဟာ ဟိုတယ်မှာရှိနေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် ကနဦးသတင်းတွေအရ ဟိုတယ်စတုတ္ထထပ်ရှိ စားသောက်ဆိုင်မှ မီးလောင်မှုစတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အပေါ်ထပ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
အေးခဲနေတဲ့ ရာသီဥတုအခြေအနေကြောင့် အခင်းဖြစ်ရာနေရာကို မီးသတ်ကားတွေ ရောက်ရှိဖို့ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟိုတယ်ကို ၂၀၂၄ ခုနှစ်က နောက်ဆုံးစစ်ဆေးခဲ့ပြီး အခင်းမဖြစ်ခင်ထိ ဟိုတယ်ရဲ့ မီးဘေးလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာမတွေ့ခဲ့ရဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Related posts

VOM News

FREE
VIEW