ကမ္ဘာပတ်လမ်းကြောင်းထဲကို အာကာသလက်နက် ရုရှားဖြန့်ကြက်ထားကြောင်း အမေရိကန် စွပ်စွဲ



ဝါရှင်တန်၊ မေ-၂၃-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဂြိုဟ်တုတလုံးလွှတ်တင်ခဲ့ပြီး ဒါဟာ အာကာသအတွင်းရှိ အခြားသော ဂြိုဟ်တုတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က ပြောပါတယ်။

“ ရုရှားက ဂြိုဟ်တုတလုံးကို ကမ္ဘာမြေအနိမ့်ပတ်လမ်းကြောင်းထဲကို လွှတ်တင်ထားပြီး ဒါဟာ အာကာသလက်နက် ဖြစ်နိုင်တယ်” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ပြောပါတယ်။

အဲဒီဂြိုဟ်တုဟာ အမေရိကန်အစိုးရရဲ့ ဂြိုဟ်တုတလုံးနဲ့ ပတ်လမ်းကြောင်းတူဖြစ်ပြီး အမေရိကန်အနေနဲ့ အခြေအနေကို စောင့်ကြည့်နေကာ အကျိုးစီးပွားကိုကာကွယ်ဖို့ အဆင့်သင့်အနေအထားရှိတယ်လို့ ဆိုပါတယ်။

ရုရှားကတော့ ဒီကိစ္စနဲပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အမေရိကန်နဲ့ ရုရှားတို့ဟာ အာကာသလက်နက်ဆိုင်ရာပြသနာတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အာကာသအတွင်း စစ်လက်နက်တွေဖြန့်ကြက်ဖို့ ကြိုးစားနေကြောင်း နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲထားသည်။ အမေရိကန်သည် အာကာသကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် နယ်မြေတခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နည်းပညာကို တိုးတက်ထွန်းကားလာပြီး ယင်းအပေါ် မှီခိုနေရသည့် မျက်မှောက်ကမ္ဘာတွင် အာကာသသည် စစ်ပွဲ၏ နောက်ထပ်နယ်မြေတခုဖြစ်လာနိုင်ကြောင်း စစ်ဘက်ရေးရာ ကျွမ်းကျင်သူများက ကာလရှည်ကြာ သတိပေးထားသည်။

Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW