ရခိုင်စစ်ဘေးရှောင်တွေ မိုးတွင်း နေထိုင်ရေး အခက်အခဲဖြစ်နေ

မေ ၂၃ – ၂၀၂၄ SN (VOM) နေရပ်မပြန်နိုင်သေးတဲ့ ရခိုင်စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီမှာ နေထိုင်ရေး ဆိုးရွားစွာ အခက်အခဲနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်က အရပ်သားပြည်သူ လေးသိန်းနီးပါး နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ “ခုထိ နေရပ်မပြန်နိုင်သေးတဲ့သူတွေ ရှိတယ်။ နဂိုကတည်းကမှ ဘေးကင်းလုံခြုံတဲ့ အမိုးအကာတွေ မရှိသလို အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေပါ ရှိနေရတဲ့အထဲ မိုးရာသီရောက်လာတော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ ချက်ပြုတ်ဖို့နေရာ၊ အိပ်မယ့်နေရာတွေအကုန် မိုးရေစိုကုန်ပြီ။ အမိုးအကာအကူအညီတွေ အရေးတကြီး လိုနေပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ မေ ၂၃…

Read More

ယနေ့ ရွှေဈေး (မေ – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မန်တုံမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး

မေ ၂၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မိုးသည်းထန် တာကြောင့်ရေကြီးရေလျှံ ဖြစ်တဲ့အပြင် လေပြင်းတိုက်လို့ နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မိုးရွာလို့ ရေကြီးပြီး ချောင်းနားက နေအိမ်တွေ ရေမြှုပ်ကုန်တာ။ ဆိုင်တွေရော မြှုပ်ကုန်တာ။ ဆိုင်တွေဆိုရင် ဆန်တွေရော၊ ခေဲါက်ဆွဲ ဖာတွေရောပေါ့။ ဆယ်ယူထားရင်လည်းဘာမှ လုပ်လို့ မရတော့ဘူးလေ။ အကုန်ရှုံးကုန်တာ။” လို့ အမျိုးသမီး တယောက်က ပြောပါတယ်။ မန်တုံမြို့ အနိမ့်ပိုင်းက နေအိမ်တွေ အများအပြား ရေမြှုပ်သွားတာကြောင့် နေအိမ် တွေထဲမှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေ ရွှံ့ဗွက်တွေနဲ့ပါ ရောနှောကုန်တာကြောင့် ပျက်စီးကုန်တယ်လို့ သူကပြောပါတယ်။ “နေအိမ်တွေက ဆယ်အိမ်ကျော်လောက် ရှိမယ်။…

Read More

စက်ရုံအလုပ်သမားတွေ လုပ်ခတိုးမြင့်လာပေမယ့် လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရ

  မေ ၂၃ – ၂၀၂၄ SN (VOM) စက်ရုံတွေမှာ လုပ်သားလိုအပ်ချက်အရ လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူ စုဆောင်းတာတွေရှိနေပေမယ့် တိုးထားတဲ့ လုပ်ခနဲ့မတန်အောင် မတရားခိုင်းစေမှု၊ လုပ်ငန်းခွင်ဖိနှိပ်မှုတွေ ရှိနေတယ်လို့ စက်ရုံအလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ ရန်ကုန်မြို့ရှိ စက်ရုံတချို့မှာ တရက်လုပ်ခလစာ မြန်မာကျပ်ငွေ ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် စသဖြင့် တိုးမြှင့်ပေးလာတာတွေ ရှိသလို စက်ရုံတချို့ကတော့ တရက်လုပ်ခကို ကျပ် ၆၀၀၀ ကနေ ၇၅၀၀ ကျပ်လောက်အထိ တိုးမြှင့်ပေးလာတာတွေ ရှိပေမယ့် နားချိန် ခဏသာပေးပြီး အလုပ်ပိုခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ “အာဝါတီ (သတ်မှတ်ထုတ်ကုန်စံချိန်) တွေ ပိုတိုးပြီး အတောင်းခံရတယ်။ အာဝါတီမပြည့်ရင် အလုပ်ပိတ်ရက်မှာတောင် ပိုက်ဆံမရဘဲ အလုပ်သွားဆင်းပေးရတယ်။ OT ကြေး…

Read More

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ ကြေညာ

မက်ဒရစ်၊ မေ-၂၃-၂၀၂၄မျိုးဆက်(VOM)အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် မေ ၂၈ ရက်ကစပြီး အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ အစ္စရေးကို ဆန့်ကျင်တာမျိုးမဟုတ်သလို ဟားမတ်စ်တို့ကို ထောက်ခံခြင်းလည်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။အခုလို ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကြောင့် အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တု့ိက အစ္စရေးသံတမန်တွေကို ပြန်လည်ခေါ်ယူထားပါတယ်။ဟားမတ်စ်နဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကတော့ ဒီလိုကြေညာချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။“ ဒါဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ တခုတည်းသော အဖြေအတွက် ရင်းနှှီးမြုပ်နှံမှုတခုဖြစ်ပါတယ်” လု့ိ နော်ေ၀၀န်ကြီးချုပ် Jonas Gahr Støre ကပြောပါတယ်။ပါလက်စတိုင်းလူမျိုးတွေနဲ့ အစ္စရေးလူမျိုးတွေအတွက် တန်းတူရည်တူ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မိမိတို့ရဲ့ တိကျရှင်းလင်းတဲ့ ထောက်ခံမှုကို ယနေ့ပြသလိုက်တာဖြစ်တယ်လို့…

Read More

ဖောင်းပြင်နယ်မှာ နစက တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိ

မေ ၂၃ ၊ ၂၀၂၄SP ( VOM)စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ နန်းပန်ကျေးရွာနဲ့ ရွှေထီးကုန်းကျေးရွာတွေနားမှာ နစက တပ်နဲ့ PDF တွေကြား မနေ့ မေ ၂၂ ရက်က တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” တိုက်ပွဲဖြစ်တာ နှစ်ရက် သုံးရက်ရှိပြီ ၊ လူသေဆုံးမှုတွေရှိသလို ၊ PDF စခန်းတခုလည်း သိမ်းဆည်းခံရတယ် ၊ တိုက်ပွဲက ဒီကနေ့လည်း ဆက်ပြီး ဖြစ်နေတုန်းပဲ ” လို့ ဒေသခံတယောက်က ပြောပါတယ်။မော်လိုက်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖောင်းပြင်နယ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ ထိတွေ့မှုတွေ တနေ့ကနဲ့ မနေ့က နှစ်ရက်ဆိုက်တိုက်ဖြစ်တယ်။ မေ ၂၁ ရက် ၊ ညနေ ၄…

Read More

ထိုင်ဝမ်ကျွန်း ပတ်လည်ဝိုင်းရံပြီး တရုတ်စစ်တပ်က ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေနဲ့ စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၂၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်ကျွန်းရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေအပေါ် ပြင်းထန်တဲ့ သတိပေးမှုအဖြစ် ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းရံပြီး နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ်စစ်တပ်က ဒီနေ့ မေ ၂၃ ရက်တွင် စတင်လိုက်ပါတယ်။ တရုတ်နိုင်ငံက အန္တရာယ်များတဲ့ ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားတဲ့ သမ္မတ လိုင်ကျင်းတီ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သုံးရက်အကြာမှာ တရုတ်စစ်တပ်က ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု စတင်နေတာဖြစ်ပါတယ်။ တရုတ်အရှေ့ပိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့တွေ၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၂၃ ရက် နံနက် ၇ နာရီၤ ၄၅ မိနစ်မှာ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှ စတင်ခဲ့ကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နဲ့ ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကင်မန်၊မက်ဆူ၊ ဝါကျူ၊ ဒေါယင်ကျွန်းများအနီးမှာ…

Read More

ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်ခွင့်ရပြီလား

မေ ၂၃ – ၂၀၂၄ GG (VOM) ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပေမယ့်လည်း စစ်ဖြစ်နေတဲ့ဒေသက ကလေးငယ်တွေကတော့ ပညာသင်ခွင့်ဆုံးရှုံးနေကြဆဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နေရာဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေ သန်းနဲ့ချီရှိနေတဲ့အထဲ ကျောင်းနေရွယ် ကလေးငယ်တွေလည်းအများအပြားပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ နေအိမ်တွေစွန့်၊ မိမိဒေသကိုစွန့်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်မိသားစုတွေရဲ့ကလေးငယ်အများစုဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေကြ တာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တာ ခုချိန်အထိပဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနကတော့ နယ်အခြေအနေအရ ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဒေသက ေ ကျာင်းသားကျောင်းသူ တွေကို အခြားအဆင်ပြေတဲ့ကျောင်းမှာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုပေမယ့်လည်း မြေပြင် အခြေအနေမှာတော့ ကျောင်း တက်ရောက်နိုင်သူနည်းပါးနေပါသေးတယ်။ ” စစ်ရှောင်တွေကို ဒီမှာပဲတက်ချင်ရင်တက်လို့ရအောင် ပညာရေးဦးစီးဌာနဘက်ကတော့စီစဉ်ပေးတယ်၊ဒါပေမယ့် စစ်ရှောင်တွေက ဒီမှာ အမြဲစစ်ရှောင်ရမယ့်အခြေအနေလား၊ နယ်မြေတည်ငြိမ်ရင် နေရပ်ပြန်ရမှာလားပေါ့အဲ့လိုရှိတော့ ကျောင်းအပ်ဖို့ကသေချာတော့မသိသေးဘူး။ဒီမှာပဲ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၃ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၁၀၀ ကျပ်ဝယ်ဈေး – ၄၀၆၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၄၅ ကျပ်ဝယ်ဈေး – ၂၉၇၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၅၀ ကျပ်ဝယ်ဈေး – ၄၃၁၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၂.၈၃ ကျပ်ဝယ်ဈေး – ၁၁၀.၅၇ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၇၃ ကျပ်ဝယ်ဈေး – ၈၄၆ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၆၆ ကျပ်ဝယ်ဈေး – ၅၅၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၂၃ ကျပ်ဝယ်ဈေး – ၂၅.၄၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၉၃ ကျပ်ဝယ်ဈေး – ၄၇.၄၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၈၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၁၀၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW