ဖောင်းပြင်နယ်မှာ နစက တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိ



မေ ၂၃ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ နန်းပန်ကျေးရွာနဲ့ ရွှေထီးကုန်းကျေးရွာတွေနားမှာ နစက တပ်နဲ့ PDF တွေကြား မနေ့ မေ ၂၂ ရက်က တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” တိုက်ပွဲဖြစ်တာ နှစ်ရက် သုံးရက်ရှိပြီ ၊ လူသေဆုံးမှုတွေရှိသလို ၊ PDF စခန်းတခုလည်း သိမ်းဆည်းခံရတယ် ၊ တိုက်ပွဲက ဒီကနေ့လည်း ဆက်ပြီး ဖြစ်နေတုန်းပဲ ” လို့ ဒေသခံတယောက်က ပြောပါတယ်။

မော်လိုက်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖောင်းပြင်နယ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ ထိတွေ့မှုတွေ တနေ့ကနဲ့ မနေ့က နှစ်ရက်ဆိုက်တိုက်ဖြစ်တယ်။ မေ ၂၁ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က နန်းပန်ရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ အဲဒီ တိုက်ပွဲမှာ အမျိုးသား ရုပ်အလောင်း သုံးလောင်း နဲ့ လက်လုပ်သေနတ် အရှည် နှစ်လက် ၊ အိုင်ကွန်စကားပြောစက် နှစ်လုံး ၊ ဆိုင်ကယ်သုံးစီး သိမ်းဆည်းရမိတယ် ၊ မနေ့ မေ ၂၂ ရက် မနက် ၆ နာရီက အဲ့ဒီ နန်းပန်ရွာနားမှာ တိုက်ပွဲဆက်ပြီးဖြစ်တယ် ၊ ရုပ်အလောင်း တလောင်း နဲ လက်လုပ်သေနတ်(အရှည်) ၃ လက် ၊လက်လုပ်စိန်ပြောင်းဗုံးသီး ၇ လုံးလက်လုပ်မိုင်း(မျိုးစုံ) ၅ လုံး၊လက်လုပ် ၄၀ မမ ဗုံးသီး ၄ လုံး ၊ ၁ ယောက်ပစ်ကျင်း ၂၀ ကျင်း ၊ သစ်လုံးဘန်ကာ ၆ လုံး ၊ ဝါးကျားလှန်ခြံစည်းရိုး ၁ ခု ၊ ဆက်သွယ်ရေးမြောင်း ၁ ခု ထပ်မံသိမ်းဆည်းရမိတယ် ၊ မနေ့က မနက် ၉ နာရီဝန်းကျင်မှာ ရွှေထီးကုန်ကျေးရွာနားမှာ ထိတွေ့မှုတွေဆက်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ ၊ လက်လုပ်စိန်ပြောင်း ၁ လက် ၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက် ၊ ရှော့တိုက်ပြောင်း ၁ ခု ၊ လက်လုပ်မိုင်း ၆ လုံးယမ်းမှုန့်(၂ ပိဿာ)၁ထုပ် ၊ ရီမုဆားကစ် ၈ ခု ၊ AK ကျည်အိမ် ၁ ခု သိမ်းဆည်းရမိတယ်”လို့ ပြောပါတယ်။

အဲဒီ ဖောင်းပြင်နယ် ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF ရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ထုတ်ပြန်ထားတာ အခုထိ မတွေ့ရသေးပါဘူး။

ဒါအပြင် ချင်းတွင်းမြစ်ရဲ့ အနောက်ကမ်း တမူးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကဘောချိုင့်ဝှမ်း ဒေသ ၊ မြို့သစ်မြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ၁၃ ရက်အထိ တိုက်ပွဲတွေဖြစ်ပြီး နစက တပ်ဖွဲ့ဝင်တချို့ PDF ရဲ့ ဖမ်းဆီးတာ ခံရပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW