မန်တုံမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး

မေ ၂၃၊ ၂၀၂၄
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မိုးသည်းထန် တာကြောင့်ရေကြီးရေလျှံ ဖြစ်တဲ့အပြင် လေပြင်းတိုက်လို့ နေအိမ်၊ ပစ္စည်း အများအပြား ပျက်စီး ဆုံးရှုံး သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးရွာလို့ ရေကြီးပြီး ချောင်းနားက နေအိမ်တွေ ရေမြှုပ်ကုန်တာ။ ဆိုင်တွေရော မြှုပ်ကုန်တာ။ ဆိုင်တွေဆိုရင် ဆန်တွေရော၊ ခေဲါက်ဆွဲ ဖာတွေရောပေါ့။ ဆယ်ယူထားရင်လည်းဘာမှ လုပ်လို့ မရတော့ဘူးလေ။ အကုန်ရှုံးကုန်တာ။” လို့ အမျိုးသမီး တယောက်က ပြောပါတယ်။
မန်တုံမြို့ အနိမ့်ပိုင်းက နေအိမ်တွေ အများအပြား ရေမြှုပ်သွားတာကြောင့် နေအိမ် တွေထဲမှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေ ရွှံ့ဗွက်တွေနဲ့ပါ ရောနှောကုန်တာကြောင့် ပျက်စီးကုန်တယ်လို့ သူကပြောပါတယ်။
“နေအိမ်တွေက ဆယ်အိမ်ကျော်လောက် ရှိမယ်။ အိမ်ပြိုတာတော့ မရှိပေမယ့် အိမ်ထဲက အသုံးအဆောင်၊ အစားအသောက်၊ အိပ်ယာတွေ အကုန် မြှုပ်ကုန်တာ။ ရွှံ့ဗွက် တွေကြီးပဲ။ ဖြစ်တာက ၁၈ ရက်နေ့က ဖြစ်တာ။ မိုးအရမ်းကြီးလို့လေ။ မနက် ၅ နာရီ လောက်ကတည်းက မိုးရွာတာ ၇ နာရီလာက်ကျတော့ ရေတွေတက်လာပြီး အိမ်ထဲဝင်ကုန်တာ။ အနိမ့်ပိုင်းအဲဒီချောင်းနားဘက်လေ။ တံတားရော ကျိုးသွားတယ်။ ၂ ရက်၊ ၃ ရက် တောင် ရှင်းယူရတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ရှင်းပြပါတယ်။
မန်တုံမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တွေ မြှုပ်ကာ နေအိမ်တွင်းရှိ ပစ္စည်း အများအပြား ရေထဲ မျောပါပျက်စီးသွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနကလည်း ယမန်နေ့ မေလ ၂၂ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။
ရေကြီးရေလျှံမှုကြောင့် ဒေသခံ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ ကာလတန်ဖိုး စုစုပေါင်း ဆုံးရှုံးမှု ပမာဏ (၁၁,၃၃၃,၀၀၀) ကျပ်ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း မိုးသည်းထန်စွာရွာသွန်းတဲ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် မန်တုံ ဒေသခံ တွေရဲ့ နေအိမ် ၃ အိမ် ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက ‌ေကျာက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့ မြို့နယ်‌ေတွမှာလည်း မိုးသည်း လေပြင်ူတဲ့ အပြင် မိုးသီးတွေ ကြွေကျခြင်းကြောင့် ပြည်သူတွေရဲ့ နေအိမ်၊ စိုက်ခင်းတွေ ပျက်စီးတာ ရှိသလို အိမ်မွေး တိရစ္ဆာန်တွေ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
Photo Crd# PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW