ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ ကြေညာ



မက်ဒရစ်၊ မေ-၂၃-၂၀၂၄
မျိုးဆက်(VOM)

အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် မေ ၂၈ ရက်ကစပြီး အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အစ္စရေးကို ဆန့်ကျင်တာမျိုးမဟုတ်သလို ဟားမတ်စ်တို့ကို ထောက်ခံခြင်းလည်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အခုလို ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စကြောင့် အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်တု့ိက အစ္စရေးသံတမန်တွေကို ပြန်လည်ခေါ်ယူထားပါတယ်။

ဟားမတ်စ်နဲ့ ပါလက်စတိုင်းအာဏာပိုင်တွေကတော့ ဒီလိုကြေညာချက်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
“ ဒါဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တဲ့ တခုတည်းသော အဖြေအတွက် ရင်းနှှီးမြုပ်နှံမှုတခုဖြစ်ပါတယ်” လု့ိ နော်ေ၀၀န်ကြီးချုပ် Jonas Gahr Støre ကပြောပါတယ်။

ပါလက်စတိုင်းလူမျိုးတွေနဲ့ အစ္စရေးလူမျိုးတွေအတွက် တန်းတူရည်တူ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မိမိတို့ရဲ့ တိကျရှင်းလင်းတဲ့ ထောက်ခံမှုကို ယနေ့ပြသလိုက်တာဖြစ်တယ်လို့ သုံးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်အပြီးမှာ အိုင်ယာလန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

“ ဒါဟာ အစ္စရေးကို ဆန့်ကျင်တာမဟုတ်သလို ဂျူးတွေကို ဆန့်ကျင်တာလည်းမဟုတ်ပါဘူး။ ငြိမ်းချမ်းတဲ့ အနာဂတ်ကိုဖန်တီးရာမှာ ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့ ဒီနေ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ” လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:CNN

Related posts

Leave a Comment

VOM News

FREE
VIEW