ရန်ကုန် – မော်လမြိုင်လမ်းပေါ်က တံတားတစင်း မိုင်းခွဲခံရပြန်၊ တယောက်သေပြီး သုံးယောက်ဒဏ်ရာရ

မေ ၂၃ – ၂၀၂၄
GG (VOM )
ရန်ကုန် – မော်လမြိုင်လမ်း၊ဘီးလင်း – ကျိုက္ကော်ကြား၊တောင်ကလေးရွာအနီးက မစောတံတားမိုင်းခွဲဖျက်ဆီးခံရပြီး လူ တယောက်သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
မစောတံတားဟာ ဒီနေ့ မေလ ၂၃ ရက်နေ့မနက်အစော ၂ နာရီလောက်မှာ မိုင်းခွဲခံရပြီးတံတားက ထက်ပိုင်းကျိုးကာပျက်စီးခဲ့ရတာဖြစ်ကြောင်း၊တံတားဖျက်ဆီးရပြီးနောက်မနက်အစောပိုင်းမှာပဲ ဆိုင်ကယ်သုံးစီးက အရှိန်များပြီး တံတားကျိုးပေါ်ကနေပြုတ်ကျကာ တယောက်သေပြီးသုံး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ည ၂ နာရီကျော်လောက် မှာတံတားကျိုးတယ်၊လူတွေက တံတားကျိုးတာကိုမသိဘဲမောင်းရင်းကနေ အရှိန်များပြီး တံတားပေါ်ကနေပြုတ်ကျတာ၊ တယောက်ဆုံးတယ်၊ဒဏ်ရာရသူရှိတယ် ဆုံးတာရော၊ဒဏ်ရာရတာရောပေါင်းလေးယောက်ပါ၊ ပဲခူးနဲ့မုပ္ပလင်က ပါ ” လို့ ဘီးလင်းမြို့လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။
မိုင်းခွဲတံတားပေါ်ကပြုတ်ကျသေဆုံးခဲ့ရသူက အမျိုးသားဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသမီးတယောက်နဲ့အမျိုးသားနှစ်ယောက်ပါဝင်ကြောင်း၊ လက်ရှိမှာသူတို့ကိုဘီးလင်းဆေးရုံပို့ထားပါတယ်။
အခုမိုင်းခွဲခံခဲ့ရတဲ့တံတားက ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်မှာရှိတာကြောင့် လောလောဆယ် ကားတွေသွားလာမရတော့ဘူးလို့သိရပါတယ်။
ဧပြီလ ၁၁ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားမိုင်းခွဲခံရပြီး ထက်ပိုင်းကျိုးကျပျက်စီးခဲ့လို့ ကားတွေသွားမရတာမျိုးဖြစ်ခဲ့တာကြောင့် ယာယီမြေသားလမ်းဖောက်လုပ်ခဲ့ရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW