တီးတိန်မြို့ပေါ်မှာ မနေ့ညကစလို့ တိုက်ပွဲဖြစ် ၊ တိုက်ပွဲရှောင်သူတွေ ပိတ်မိနေ



မေ ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ မနေ့ မေ ၂၆ ရက် ၊ ည ၁၀ နာရီဝန်းကျင်ကစလို့ ဒီမနက်အထိ ဆက်တိုက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

​တီးတိန်မြို့ခံတယောက်က ” ညကစလို့ ခလရ ၂၉၆ ဘက်မှာ ပစ်ခတ်သံတွေစကြားရတယ် ၊ ဒီမနက် အစောပိုင်း မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး မြို့ပေါ်လူနေရပ်ကွက်တွေဖြစ်တဲ့ Leilum နဲ့ Leitawhtan ရပ်ကွက် ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မရှိရသေးဘူး ၊ အဲ့ဒီ ရပ်ကွက်တွေထဲ ထိခိုက်ဒဏ်ရာရထားသူတွေ လေးငါးယောက်ထက်မနည်းရှိတယ်လို့ ကြားရတယ် ၊ အခုချိန်ထိတော့ ရပ်ကွက်ထဲက လူတွေ ပိတ်မိနေဆဲဖြစ်တယ် ၊ ဘယ်မှ တိမ်းရှောင်လို့ မရသေးဘူး ၊ တီးတိန်းမြို့ပေါ်မှာ ဒီမနက်စလို့ လေကြောင်းပစ်ကူတွေ တိုက်ခိုက်နေတာ ရှိတယ် ” လို့ ပြောပါတယ်။

တီးတိန်မြို့ခံ သင်းအုပ်ဆရာတယောက်က
” တီးတိန်မြို့မှာ မနေ့ညကတည်းက ပစ်ခတ်မှုတွေစဖြစ်နေတယ် ၊ ပြီးခဲ့တဲ့ မေ ၁၅ ရက်နောက်ပိုင်းကစလို့ တီးတိန်မြို့ပေါ်ကို တွန်းဇံနယ်ဘက်က တိုက်ပွဲရှောင် သုံးထောင်ကျော်လောက် လာရောက်ခိုလှုံနေတယ် ၊ အဲ့ဒါကြောင့် တီးတိန်မြို့ပေါ်က မြို့မိ ဖြို့ဖတွေနဲ့ ဘာသာရေး ဂိုဏ်းဂနပေါင်းစုံးက တီးတိန်မြို့ပေါ်ကို တိုက်ပွဲမဖော်ဆောင်ကြဖို့ မေတ္တာရပ်ခံတာတွေရှိတယ် ၊ ဒီနေ့လယ်ပိုင်း ၁ နာရီနောက်ပိုင်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မြို့ကနေ ပြန်လည်ဆုတ်ခွာသွားကြပြီလို့ သိရတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မနေ့ကညစလို့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ဒီကနေ့ ၊ နေ့လယ်ပိုင်းကစလို့ နှစ်ဘက် အပစ်ရပ်သွားခဲ့ပေမယ့် ညက နှစ်ဘက် ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ လူနေအဆောက်ဦး တချို့ ထိခိုက်ပျက်စီးမှုတွေရှိတဲ့အပြင် အရပ်သားတချို့လည်း ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒီမနက်ပိုင်းက ထိမှန်ထားတဲ့ အဆောက်ဦးပုံ ( ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW