တောင်တရုတ်ပင်လယ်မှာ တရုတ်ကကျွန်းတု တည်ဆောက်နေမှု တားဆီးမယ်လို့ ဖိလစ်ပိုင်ပြော

မနီလာ၊ မေ-၁၄-၂၀၂၄မျိုးဆက်(VOM)အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်ရှိ ကျွန်းတနေရာမှာ တရုတ်နိုင်ငံက ကျွန်းတုတည်ဆောက်နေတာကို တားဆီးဖို့ ကင်းလှည့်သင်္ဘောတွေ စေလွှတ်ထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါယတ်။စပရက်တလီကျွန်းစုမှာရှိတဲ့ ဆဘီနာသောင်ခုံ ကြမ်းပြင်မှာ သန္တာကျောက်တန်း အကြေအမွတွေကို တွေ့ရှိခဲ့ပြီး ဒါဟာ တရုတ်ဘက်က လာရောက်ချထားတာလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။အဲဒီဒေသမှာ တရုတ်သင်္ဘောတွေရှိတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ဒီသောင်ခုံဟာ ဖိလစ်ပိုင်အနောက်ပိုင်း ပါလာဝမ်ကျွန်းကနေ ကီလိုမီတာ ၁၄၀ အကွာမှာတည်ရှိပြီး ဖိလစ်ပိုင်အထူးစီးပွားရေးဇုန်ထဲမှာရှိပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီး စွပ်စွဲချက်တွေအဖြစ် ပယ်ချထားပြီး ဖိလစ်ပိုင်ဟာ ကောလဟလတွေကို ထပ်ခါတလဲလဲဖြန့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားဖို့ကြားစားနေကာ တရုတ်ကို အပုပ်ချနေတာလို့ ပြောပါတယ်။တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရဲ့ အခြားသောနေရာတွေမှာလည်း အလားတူ ကျွန်းတုတည်ဆောက်ဖို့ လုပ်ဆောင်နေတာတွေကို တွေ့ရှိထားတယ်လို့ ဖိလစ်ပိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။Ref:NHKPhoto:AFP

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၄ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၉၀ ကျပ်ဝယ်ဈေး – ၃၉၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၁၀ ကျပ်ဝယ်ဈေး – ၂၈၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၄၈ ကျပ်ဝယ်ဈေး – ၄၂၅၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၇၀ ကျပ်ဝယ်ဈေး – ၁၀၆.၃၈ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၉၇ ကျပ်ဝယ်ဈေး – ၈၈၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၀ ကျပ်ဝယ်ဈေး – ၅၄၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၆၄ ကျပ်ဝယ်ဈေး – ၂၄.၀၉ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၈၉ ကျပ်ဝယ်ဈေး – ၄၆.၈၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၂ ကျပ်ဝယ်ဈေး – ၂.၈၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၄၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နေရပ်မပြန်နိုင်သေးတဲ့ ဇရပ်ကြီးနဲ့မုန်းက စစ်ရှောင်၄၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေ

မေ ၁၄ -၂၀၂၄GG (VOM)ပဲခူးတိုင်း ၊ မုန်း နဲ့ ဇရပ်ကြီးမြို့က နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ ခုချိန်ထိနေရပ်မပြန်နိုင်သေးဘဲ တောင်ငူမြို့ပေါ်မှာ စစ်ရှောင်နေရဆဲဖြစ်လို့ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်လာနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကသိရပါတယ်။တောင်ငူမြို့က ဘုန်းကြီးကျောင်းအပါအဝင် စစ်ရှောင်စခန်းတွေမှာ ခုချိန်ထိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်ရှိနေပြီး စစ်ရှောင်နေရချိန်ကြာမြင့်လာတာကြောင့် အလှူရှင်လည်းနည်းပါးလာကာ အကူအညီအထောက်အပံ့တွေ လိုအပ်လာနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။” ဇရပ်ကြီးပါမယ်၊မုန်းပါမယ်၊အများစုကပြန်လိူ့မရတော့တဲ့သူများတယ် ပြန်ဖို့အိမ်မရှိကြတော့ဘူး ၊တချို့ကျလည်း အဘွားကြီးနဲ့ကလေးတွေပဲရှိတယ်ဆိုတော့ ဟိုမှာကလုံခြုံရေးပြောမရတော့ မပြန်ကြတာပေါ့။နောက်ပြီးလုံးလုံးပြန်လို့မရတဲ့ရွာတွေရှိတယ်၊ကြာလာတော့အလှူရှင်ပါးလာပြီးအခက်အခဲတွေရှိလာနေတာပေါ့။ ဘုန်းကြီးကျောင်းအပါ camp တွေရှိတယ်၊ဆေးဝါးအကူအညီလိုမယ်၊စားနပ်ရိက္ခာတွေလိုမယ်၊အဓိကပေါ့။အဓိကသွေးကျဆေးပေါ့ “လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ Save The Trees Rescue ဥက္ကဋ္ဌကိုကျော်သူရက ပြောပြပါတယ်။နေအိမ်တွေရှိနေသေးတဲ့ ဇရပ်ကြီး စစ်ဘေးရှောင်အချို့ကတော့ ခုရက်ပိုင်းမှာ နေရပ်ပြန်မှုရှိပေမယ့် အများစုကတော့ ခုထိစစ်ရှောင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအပြင် သောက်ရေသန့်၊ သုံးရေအတွက် လျှပ်စစ်မီးမလာပါက မီးစက်အသုံးပြုရတာကြောင့် စက်သုံးဆီလိုအပ်ချက်တွေလည်းရှိနေတယ်လို့ဆိုပါတယ်။မုန်းမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ညကတည်းကစပြီး…

Read More

မွမ်ဘိုင်းမှာ ရုတ်တရက်လေပြင်းတိုက်ပြီး ကြော်ငြာဆိုင်းဘုတ်ပြိုကျမှုကြောင့် ရှစ်ယောက်သေပြီး ၆၀ ကျော် ဒဏ်ရာရ

ဒေလီ၊ မေ-၁၄-၂၀၂၄ မျိုးဆက်(VOM) အိနိ္ဒယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လေပြင်းရုတ်တရက်တိုက်ခတ်ပြီး ကြော်ငြာဆိုင်းဘုတ်ကြီးတခု ပြိုကျမှုကြောင့် လူ ရှစ်ယောက်ထက်မနည်းသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ အလျားမီတာ ၇၀ ၊အနံ မီတာ ၅၀ အရွယ်ရှိတဲ့ ကြော်ငြာဆိုင်းဘုတ်ဟာ စီးပွားရေးအချက်အခြာ မွမ်ဘိုင်းမြို့မှာရှိတဲ့ နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တဆိုင်ပေါ်ကို ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး လူ ၂၀ ကနေ ၃၀ ကြား ပိတ်မိနေကြောင်း အရေးပေါ်ဌာနကပြောပါတယ်။လေပြင်း ရုတ်တရက်တိုက်ခတ်မှုကြောင့် အပျက်အစီးတွေရှင်းလင်းနေပြီး ကြော်ငြာဆိုင်းဘုတ် ပြိုကျရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ မဟာရာရှာထရာပြည်နယ် ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။ အခင်းဖြစ်ရာမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအတွက် ဂရုဏာကြေးအဖြစ် ရူပီးငါးသိန်းစီ ပေးအပ်မယ်လို့ သူကပြောပါတယ်။ လေပြင်းတွေတိုက်ခတ်စဉ်အတွင်း မွမ်ဘိုင်းနိုင်ငံတကာလေဆိပ်ကို ခေတ္တပိတ်ခဲ့ရပြီး လေယာဉ် ၁၅ စင်းထက်မနည်း လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။…

Read More

This Day in History

Voice of Myanmarပါလက်စတိုင်းတွင် ဗြိတိသျှတို့၏ အုပ်စိုးမှုမကုန်ဆုံးမီလေးတွင် ဒေးဗစ်ဗန်ဂူရီယန်နှင့် ဂျူးပြည်သူ့ကောင်စီတို့က အစ္စရေးနိုင်ငံထူထောင်ကြောင်း နိုင်ငံတော်ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် မေ ၁၄ ရက်တွင် ကြေညာခဲ့ပြီး ပထမ အာရပ်-အစ္စရေးစစ်ပွဲကို အရှိန်မြင့်စေခဲ့သည်။

Read More

KIA စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်

မေ ၁၄၊ ၂၀၂၄Shy Vကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ နာမကျန်း ဖြစ်ပြီး ယမန်နေ့ မေလ ၁၃ ရက်နေ့ည ၆ နာရီကျော်ခန့်က ကွယ်လွန်သွားကြောင်း KIA နဲ့ နီးစပ် သူတွေဆီက သိရပါတယ်။“ဟုတ်တယ်။ စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားပြီ။ အသည်းရောဂါကြောင့်။ အားလုံးက စိတ်မကောင်း ဖြစ်ရပါတယ်။ ဝမ်းနည်း မဆုံး ပါပဲ” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။လိုင်ဇာမြို့ရှိ သူရဲ့ နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပြီလို့ ဆိုပါတယ်။ရန်ကုန်တက္ကသိုလ်က ဘွဲ့ရခဲ့သူဖြစ်ပြီး ၁၉၈၈ခုနှစ်ကစ KIA ထဲ ဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဒုတိယ စစ်ဦးစီးချုပ်…

Read More

ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေ အခွန်ဆောင်ရမယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ရွှေအသင်း ပြော

မေ ၁၃ – ၂၀၂၄SN (VOM)ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေအားလုံး နေ့စဉ် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ဒီကနေ့ မေ ၁၃ ရက်မှာ အသိပေး ကြေညာထားပါတယ်။“လူမှုကွန်ယက်မှာ ရန်ကုန်ရွှေအသင်းကဆိုပြီး ပို့စ်တခုတင်ထားတာတွေ့လို့ သတင်းမှားဖြစ်ကြောင်း အသိပေးထားတာပါ။ ရန်ကုန်ရွှေအသင်းက ဒီလိုမျိုး ပြောထားတာ မရှိပါဘူး။ အခွန်ဆောင်ရမှာကတော့ ရွှေအသင်းက အခွန်ဆောင်ရမှာပါ။ လက်ဝယ်ရှိ‌သူတွေ မဟုတ်ပါဘူး။ အသင်းသားတွေလည်း မပါပါဘူး” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။လူမှုကွန်ယက် စာမျက်နှာပေါ် က “မြန်မာ့ရွှေဈေး Update” Group မှာ ရေးသားထားတဲ့ ပို့စ်မှာတော့ လက်ရှိ ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေအားလုံး နေ့စဉ် ၅ ရာခိုင်နှုန်း အခွန် ဆောင်ရမှာဖြစ်ပြီး မြို့နယ်အခွန်ရုံးမှာ ‌လက်ဝယ်ထားရှိမှု…

Read More

ယနေ့ ရွှေဈေး (မေ – ၁၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၄၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိတ္ထီလာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ သုံးထပ်တိုက်ပေါ်ကနေ Grade 12 ကျောင်းသူတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

မေ ၁၃ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ သုံးထပ်တိုက်ပေါ်ကနေ မနေ့ မေ ၁၂ ရက်က Grade 12 ကျောင်းသူတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်ဟာ မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်၊ (၁) ရပ်ကွက်၊ရန်အောင်မြင်လမ်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မနေ့ မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်အရွယ်ဝန်းကျင် ကျောင်းသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။ “(၄) လွှာတိုက်ခန်း ဝရန်တာပေါ်ကနေ ခုန်ချခဲ့တာပါ။ ခုန်ချခဲ့တဲ့အရှိန်ကြောင့် ဒဏ်ရာတွေကတော့ တော်တော်ပြင်းတယ်။ သွေးတွေလည်း အများကြီးထွက်နေတာ။ ဆေးရုံကို ပို့နေတဲ့အချိန်မှာပဲ သွေးထွက်လွန်နေပြီ။ သူက အဲဒီကျောင်းကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိသေးတယ်ပြောတယ်” လို့ ဒေသခံတယောက်က…

Read More
VOM News

FREE
VIEW