တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်း ၊ရခိုင် ၊ကယား ၊ကရင်ပြည်နယ်တွေမှာ ကျောင်း ၈၀၀၀ ကျော်မဖွင့်နိုင်

ဇွန် ၁၄ – ၂၀၂၄ GG (VOM) တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ကယားပြည်နယ် ၊ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း   လက်ရှိပညာသင်နှစ်မှာ  စာသင်ကျောင်း ၃၇၇၇ ကျောင်းသာ ဖွင့်လှစ်ထားနိုင်တယ်လို့ ပညာရေးဝန်ကြီးဌာနကသိရပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်အပါ ဒေသလေးခုမှာက စာသင်ကျောင်းပေါင်း ၁၂၀၀၀ လောက်ရှိတာကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပညာသင်နှစ်ရဲ့ စာသင် ကျောင်းစာရင်းအရသိရှိတာကြောင့် ဒီနှစ်မှာ မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းအရေအတွက်ဟာ ၈၀၀၀ ကျော်အထိရှိနေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ “စစ်ကိုင်းမှာ ဆိုရင်ကျောင်းပေါင်းက ၅၀၀၀ ကျော်ရှိတယ်ဆိုပေမယ့်ခု ၁၀၀၀ ကျော်ပဲဖွင့်နိုင်သေးတယ်၊ မဖွင့်နိုင်တဲ့ ကျောင်းတွေကတော့နယ်မြေလုံခြုံရေးနဲ့တိုက်ပွဲတွေကြောင့်ပေါ့၊ အခုက နယ်မြေတည်ငြိမ်တဲ့နေရာကကျောင်းတွေစဖွင့်တယ်၊နောက်ထပ်လည်းဖွင့်ဖို့တော့လုပ်နေတယ်သိရတယ်ဆိုပေမယ့် လွယ်တော့မလွယ်ဘူး၊ ဆရာဆရာမတွေကလည်း မတည်ငြိမ်တဲ့ဘက်တွေဆို မသွားရဲကြဘူး ဖြစ်နေတာ” လို့ စစ်ကိုင်းက ပညာရေးဝန်ထမ်းတ​ယောက်က ပြောပါတယ် ။  စစ်ကိုင်းတိုင်းမှာကအထက်တန်းကျောင်း ၃၁၀ ကျော်၊ အလယ်တန်းကျောင်း…

Read More

ကော့ကရိတ်မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်စီးတာနဲ့ ဘေးလွယ်အိတ်လွယ်တာ တားမြစ်

  ဇွန် ၁၄ – ၂၀၂၄ GG (VOM) စစ်ရှောင်တွေ နေရပ်ပြန်လာတာ တလကျော်သာရှိသေးတဲ့ ကော့ကရိတ်မြို့မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်မစီးဖို့နဲ့ ဆိုင်ကယ်စီးရင်း ဘေးလွယ်အိတ် မလွယ်ဖို့ မြို့နယ်ထွေအုပ်က ဒေသန္တရအမိန့်ထုတ်ပြန်ကာ တားမြစ်လိုက်တယ်လိုက်တယ်လို့သိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ကစပြီး တားမြစ်ကန့်သတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်ကို အသံကျယ်လောင်တဲ့ ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်အသုံးပြုခြင်း၊ အိတ်ဇောပိုက်ဖြုတ်ပြီး အသံ ကျယ်လောင်စွာ မောင်းနင်အသုံးပြုခြင်းကိုပါ တားမြစ်ထားတယ်လို့သိရပါတယ်။ ” မြို့ထဲတော့ လိုက်ပြီးအော်တာအသိပေးတာတော့မရှိသေးဘူး၊ ထွေအုပ်ကတော့စာထုတ်တာပဲသိရတယ်။ခုမနက်အထိတော့ ယောကျ်ားလေးနှစ်ယောက် ဆိုင်ကယ် စီးနေတာရော၊သုံးယောက်ရောတွေ့တယ်၊ မသိကြသေးတာဖြစ်မယ်၊ မြို့ထဲတော့စစ်ဆေးတာမရှိဘူး၊မြို့အဝင်မှာတော့ စာရင်းပေးရတယ်၊စာရင်းယူတယ် ” လို့ ကော့ကရိတ်မြို့ခံတယောက်ကပြောပါတယ်။ အဆိုပါ တားမြစ်ချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေး ယူခြင်းခံရမှာဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့သိရ ပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေ ဝင်ရောက်နှောက်ယှက်ခြင်းနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့အတွက်…

Read More

လားရှိုးဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့်လာလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြ

  ဇွန် ၁၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ဝန်းကျင်မှာ ‌MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ အင်အားဖြည့် လာလို့ ဒေသခံ လူထုက တိုက်ပွဲ ဖြစ်ပွားလာမှာ စိုးရိမ်နေကြကြောင်း ဒေသခံတွေတီက သိရပါတယ်။ “ကိုးကန့် တပ်ဖွဲ့တွေ အများကြီး လားရှိုးဘက် ဆင်းလာတယ်လို့ ကြားတယ်။ ပလောင် စစ်သားတွေလည်း အများကြီး ဆင်းလာတာလို့ ပြောတယ်။ မြို့ ပတ်ပတ်လည် အဝင်၊ အထွက် လမ်းပိတ် သွားလိုက်ပြီ။ တိုက်ပွဲ ဖြစ်လာမှာတော့ စိုးရိမ်တာပေါ့။ အစားအသောက်တွေရော ဝယ်ထားကြဖို့ သတင်းတွေပြန့် နေတယ်” လို့ လားရှိုး ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လက်ရှိ မြို့ အနီးနား အခြေအနေ တော်တော် တင်းမာနေ…

Read More

ပေါင်မြို့နယ်မှာ ဒီမနက် ကျေးရွာအုပ်ချုပ်ရေးမှူး တယောက် ပစ်သတ်ခံရ ၊ မွန်ပြည်နယ်မှာ ခြောက်လအတွင်း ပစ်သတ်ခံရသူ ၄၀ နီးပါးရှိ

    ဇွန် ၊ ၁၄ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ထန်းလေးပင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှူကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ထန်းပင်လေးကျေးရွာက အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း ပစ်သတ်ခံရတယ် ၊ နေအိမ်မှာပဲ ပစ်ခံရတာ ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဦးချစ်ဝင်းနေအိမ်ကိုရောက်လာပြီး ဦးခေါင်းနောက်စေ့ကို ပစ်သွားတယ် ၊ အဲ့ဒီနောက် သေနတ်သမားနှစ်ယောက် ထပ်ရောက်လာတယ် ၊ သေနတ်သမား စုစုပေါင်း လေးယောက်ဖြစ်တယ် ၊နောက်ရောက်လာတဲ့ သေနတ်သမား နှစ်ယောက်က ဦးချစ်ဝင်းရဲ့ သားဖြစ်သူကို မှောက်ခိုင်းထားပြီး ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ်တကွင်း ဖြုတ်ယူသွားတယ် ၊ အဲ့ဒီအပြင် စစ်မှုထမ်း…

Read More

This Day in History

  Voice of Myanmar ပြောက်ကျားစစ် သီအိုရီနှင့် နည်းဗျူဟာရှင်၊ ၁၉၅၆-၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးတွင် ထင်ရှားသော ကွန်မြူနစ်ခေါင်းဆောင်ဖြစ်သူ ချေဂွေဗားရားကို ၁၉၂၈ ခုနှစ် ဇွန် ၁၄ ရက်တွင် မွေးဖွားခဲ့သည်။ #Voceofmyanmar #VOM #ThisDayInHistory #June14

Read More

ပိတ်ဆို့ခံထားရတဲ့ ရုရှားရဲ့ငွေတွေကို ယူကရိန်းအတွက်ပေးဖို့ ဂျီ-၇ ခေါင်းဆောင်တွေ သဘောတူ

  ရောမ၊ ဇွန်-၁၄-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းကို ကျူးကျော်နေသော ရုရှားတပ်တွေကို တိုက်ထုတ်ရာမှာ အသုံးပြုဖို့ ပိတ်ဆို့ခံထားရတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ၅၀ ကို ယူကရိန်းကိုပေးဖို့ ဂျီ-၇ အဖွဲ့ခေါင်းဆောင်တွေက သဘောတူလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားဘက်က ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် ယူကရိန်းကို ကျောခိုင်းခြင်းမပြုဘူးဆိုတာ နောက်ထပ်သတိပေးချက်ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ထိန်းချုပ်ခံထားရတဲ့ ရုရှားရဲ့ ငွေတွေဟာ ယူကရိန်းအတွက် ယခုနှစ်ကုန်မှာ ရောက်လာဖွယ်မရှိသေးပေမယ့် ယူကရိန်းစစ်ပွဲနဲ့ စီးပွားရေးကို ပံ့ပိုးရန် ရေရှည်ဖြေရှင်းချက်တခုအဖြစ် ရှုမြင်ရပါတယ်။ အီတလီမှာ ကျင်းပတဲ့ ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမှာတော့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ယူကရိန်သမ္မတ ဇီလန်စကီးတို့ဟာ ၁၀ နှစ်သက်တမ်းရှိ နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်မှာတော့ ယူကရိန်းကို အမေရိကန်က စစ်ရေးနဲ့ လေ့ကျင့်ရေးတွေပေးသွားမှာဖြစ်ပေမယ့် ယူကရိန်းအတွက် တိုက်ပွဲဝင်ဖို့ အမေရိကန်တပ်တွေ…

Read More

ဇနီးရဲ့အာမခံပယ်ချတဲ့ တရားသူကြီးကို တရားခွင်ထဲဝင်ပစ်တဲ့ ကင်ညာရဲအရာရှိ သေနတ်ပစ်ခံရပြီး သေဆုံး

  နိုင်ရိုဘီ၊ ဇွန်-၁၄-၂၀၂၄ မျိူးဆက်(VOM) ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီရှိ တရားရုံးမှာ တရားသူကြီးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိတယောက် ပစ်သတ်ခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဇနီးဖြစ်သူနဲ့ပတ်သက်တဲ့ အမှုတခုကို တရားရုံးက စီရင်ချက်ချပြီးနောက် များမကြာမီမှာ အဲဒီရဲအရာရှိက တရားသူကြီးကို မကျေနပ်တာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇနီးဖြစ်သူဟာ အမှုကနေ ရင်မဆိုင်ဘဲထွက်ပြေးပြီးနောက် သူ့ရဲ့အာမခံကို ပယ်ဖျက်ဖို့ တရားရုံးက ဆုံးဖြတ်တာကို မကျေနပ်ဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့ ကစ်ရူတိုဟုအမည်ရ ရဲအရာရှိဟာ တခြားရဲတပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ ပစ်ခတ်မှုအတွင်း အခြားရဲတပ်ဖွဲ့ဝင်သုံးယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး တင်ပါးမှာ ဒဏ်ရာရရှိသွားတဲ့ တရားသူကြီးနဲ့ အခြားဒဏ်ရာရရှိသူတွေကို ဆေးရုံမှာ ကုသမှုနေကြောင်း ပေးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တရားခွင်အတွင်းဖြစ်ပွားခဲ့တဲ့ အဆိုပါပစ်ခတ်မှုကြောင့် ကင်ညာနိုင်ငံသားတွေတုန်လှုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဟာ တရားစီရင်ရေးဘောင်ကိုကျော်လွန်ပြီး သတ်ဖြတ်မှုတွေမှာ ပါဝင်မှု မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း…

Read More

ထိုင်းမှာ အာရှဆင်တကောင်က ရှားပါးတဲ့ ဆင်အမွှာ မွေးဖွား

  ဘန်ကောက်၊ ဇွန်-၁၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ အာရှဆင်တကောင်ကနေ ရှားပါးတဲ့ ဆင်အမွှာကို ချန်ချူရီလို့ အမည်ရတဲ့ ဆင်မတကောင်ကနေ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် ချန်ချူရီဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆင်လေးတကောင် မွေးဖွားခဲ့ပြီး အယုဒ္ဓယဆင်နန်းတော်နဲ့ ရိုင်ရယ်ကာရယ်က ဝန်ထမ်းတွေကတော့ သူမရဲ့မွေးဖွားမှု ပြီးဆုံးပြီလို့ မှတ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆင်လေးကို သန့်ရှင်းရေးလုပ်ပြီး သူမရဲ့ခြေထောက်ပေါ်တင်ပေးနေရင်း အော်သံကျယ်ကြားလိုက်ရပြီးနောက်မှာ ဒုတိယမြောက်ဆင်လေးကို မွေးဖွားခဲ့တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။ ဒီလိုမွေးဖွားမှုကြောင့် မိခင်ဆင်မ ထိန့်လန့်သွားခဲ့ပြီး ဆင်လေးကို အန္တရာယ်မဖြစ်စေဖို့ ထိန်းကျောင်းပေးခဲ့ရပြီး ဝန်ထမ်းတယောက်ပါ ဒဏ်ရာရရှိသွားပါတယ်။ ဆင်အမွှာမွေးဖွားမှုဟာ ဆင်တွေရဲ့ ၁ ရာခိုင်နှုန်းမှာသာ မွေးဖွားလေ့ရှိပြီး အခုလို အထီးနဲ့အမ အမွှာမွေးဖွားမှုကလည်း ရှားရှားပါးပါးဖြစ်ပါတယ်။ လက်ရှိဆင်အမွှာလေးတွေဟာ အထီးက ၆၀ ကီလိုဂရမ်နဲ့ အမက ၅၅…

Read More

ဂျပန်လာတဲ့ ပြည်ပအလုပ်သမားတွေကို လေ့ကျင့်ရေးအစီအစဉ်နဲ့အစားထိုးမယ့် ဥပဒေ ဂျပန်လွှတ်တော် အတည်ပြု

  တိုကျို၊ ဇွန်-၁၄-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံကို လာရောက်မယ့် ပြည်ပအလုပ်သမားတွေအတွက် နည်းပညာဆိုင်ရာ အလုပ်သင်စနစ်ကနေ လေ့ကျင့်ရေးအစီအစဉ်သစ်နဲ့ အစားထိုးမယ့် ဥပဒေကြမ်းတရပ်ကို ဂျပန်လွှတ်တော်က ဒီနေ့ ဇွန် ၁၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ဒုက္ခသည် အသိအမှတ်ပြုရေး အက်ဥပဒေကို ပြင်ဆင်တဲ့ အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဒီဥပဒေဟာ ၂၀၂၇ ခုနှစ်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ ဥပဒေထဲမှာတော့ ပြည်ပအလုပ်သမားတွေကို သုံးနှစ်အတွင်း ကျွမ်းကျင်လုပ်သားအဆင့်ကို ရောက်ရှိသွားအောင် ကူညီရေး ဂျပန်အစိုးရက ရည်ရွယ်ထားသည်။ သူနာပြု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးစသည့် လုပ်သားရှားပါးမှုကြုံတွေ့နေရသည့် နယ်ပယ်တွေမှာ ပြည်ပအလုပ်သမားတွေကို လက်ခံမှာဖြစ်ပါတယ်။ အလုပ်သမားတွေဟော ယခင်ကထက် ဂျပန်မှာကာလရှည်ကြာ နေထိုင်ခွင့် ပိုမိုရရှိမှာဖြစ်ပြီး အလုပ်သင်တွေဟာ အချို့သောအခြေအနေတွေအောက်မှာ တူညီတဲ့ကဏ္ဍမှာလုပ်နေရင်း အခြားလုပ်ငန်းတူ တခုကို ကူးပြောင်းခွင့်ပြုထားပြီး လက်ရှိမှာတော့ အလုပ်ရှင်ပြောင်းခွင့်မရှိသေးပါဘူး။ အခွန်အခတွေကို…

Read More
VOM News

FREE
VIEW