ဂျပန်လာတဲ့ ပြည်ပအလုပ်သမားတွေကို လေ့ကျင့်ရေးအစီအစဉ်နဲ့အစားထိုးမယ့် ဥပဒေ ဂျပန်လွှတ်တော် အတည်ပြု

 

တိုကျို၊ ဇွန်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံကို လာရောက်မယ့် ပြည်ပအလုပ်သမားတွေအတွက် နည်းပညာဆိုင်ရာ အလုပ်သင်စနစ်ကနေ လေ့ကျင့်ရေးအစီအစဉ်သစ်နဲ့ အစားထိုးမယ့် ဥပဒေကြမ်းတရပ်ကို ဂျပန်လွှတ်တော်က ဒီနေ့ ဇွန် ၁၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ဒုက္ခသည် အသိအမှတ်ပြုရေး အက်ဥပဒေကို ပြင်ဆင်တဲ့ အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဒီဥပဒေဟာ ၂၀၂၇ ခုနှစ်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ ဥပဒေထဲမှာတော့ ပြည်ပအလုပ်သမားတွေကို သုံးနှစ်အတွင်း ကျွမ်းကျင်လုပ်သားအဆင့်ကို ရောက်ရှိသွားအောင် ကူညီရေး ဂျပန်အစိုးရက ရည်ရွယ်ထားသည်။ သူနာပြု၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးစသည့် လုပ်သားရှားပါးမှုကြုံတွေ့နေရသည့် နယ်ပယ်တွေမှာ ပြည်ပအလုပ်သမားတွေကို လက်ခံမှာဖြစ်ပါတယ်။

အလုပ်သမားတွေဟော ယခင်ကထက် ဂျပန်မှာကာလရှည်ကြာ နေထိုင်ခွင့် ပိုမိုရရှိမှာဖြစ်ပြီး အလုပ်သင်တွေဟာ အချို့သောအခြေအနေတွေအောက်မှာ တူညီတဲ့ကဏ္ဍမှာလုပ်နေရင်း အခြားလုပ်ငန်းတူ တခုကို ကူးပြောင်းခွင့်ပြုထားပြီး လက်ရှိမှာတော့ အလုပ်ရှင်ပြောင်းခွင့်မရှိသေးပါဘူး။

အခွန်အခတွေကို ရည်ရွယ်ချက်ရှိရှိပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင်တော့ အလုပ်သမားတွေရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်မှာဖြစ်ပါတယ်။ ဒီဥပဒေဟာ အလုပ်သမားဆိုင်ရာတွေနဲ့ပတ်သက်ပြီး အလုံးစုံဖြေရှင်းနိုင်မှာမဟုတ်ပေမယ့် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။

Ref:NHK
Photo:Kyodo

#Voiceofmyanmar #VOM #ဂျပန် #ပြည်ပအလုပ်သမား #လေ့ကျင့်ရေးအစီအစဉ်သစ် #ဥပဒေအတည်ပြု

Related posts

✕
VOM News

FREE
VIEW