ထိုင်းမှာ အာရှဆင်တကောင်က ရှားပါးတဲ့ ဆင်အမွှာ မွေးဖွား

 

ဘန်ကောက်၊ ဇွန်-၁၄-၂၀၂၄
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ အာရှဆင်တကောင်ကနေ ရှားပါးတဲ့ ဆင်အမွှာကို ချန်ချူရီလို့ အမည်ရတဲ့ ဆင်မတကောင်ကနေ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၆ နှစ်အရွယ် ချန်ချူရီဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆင်လေးတကောင် မွေးဖွားခဲ့ပြီး အယုဒ္ဓယဆင်နန်းတော်နဲ့ ရိုင်ရယ်ကာရယ်က ဝန်ထမ်းတွေကတော့ သူမရဲ့မွေးဖွားမှု ပြီးဆုံးပြီလို့ မှတ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပထမဆင်လေးကို သန့်ရှင်းရေးလုပ်ပြီး သူမရဲ့ခြေထောက်ပေါ်တင်ပေးနေရင်း အော်သံကျယ်ကြားလိုက်ရပြီးနောက်မှာ ဒုတိယမြောက်ဆင်လေးကို မွေးဖွားခဲ့တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။

ဒီလိုမွေးဖွားမှုကြောင့် မိခင်ဆင်မ ထိန့်လန့်သွားခဲ့ပြီး ဆင်လေးကို အန္တရာယ်မဖြစ်စေဖို့ ထိန်းကျောင်းပေးခဲ့ရပြီး ဝန်ထမ်းတယောက်ပါ ဒဏ်ရာရရှိသွားပါတယ်။ ဆင်အမွှာမွေးဖွားမှုဟာ ဆင်တွေရဲ့ ၁ ရာခိုင်နှုန်းမှာသာ မွေးဖွားလေ့ရှိပြီး အခုလို အထီးနဲ့အမ အမွှာမွေးဖွားမှုကလည်း ရှားရှားပါးပါးဖြစ်ပါတယ်။

လက်ရှိဆင်အမွှာလေးတွေဟာ အထီးက ၆၀ ကီလိုဂရမ်နဲ့ အမက ၅၅ ကီလိုဂရမ်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ ထိုင်နိုင်ငံမှာ ဆင်တွေကို အထွတ်အမြတ်ထားလေ့ရှိပြီး အမျိုးသားရေး အမှတ်သင်္ကေတတခုလည်းဖြစ်ပါတယ်။

Ref:BBC
Photo:BBC
#Voiceofmyanmar #VOM #ထိုင်း #ဆင်အမွှာ #မွေးဖွား

Related posts

Leave a Comment

VOM News

FREE
VIEW